walk2win

ပြိုင်ပွဲအသေးစိတ်အချက်အလက်များ နှင့် ပါ၀င်ယှဥ်ပြိုင်နည်း အဆင့်ဆင့်

    walk2win

    စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ

      • Pulse အက်ပလီကေးရှင်းအား ကျန်းမာရေး App သို့မဟုတ် အားကစားသုံး ဝတ်ဆင်ရသည့်ပစ္စည်းနှင့် ချိတ်ဆက်အသုံးပြုရသော ပြိုင်ပွဲကို ပရူဒန်ရှယ်အာမခံက စီစဉ်ကျင်းပခြင်း ဖြစ်ပါသည်။ အစီအစဥ် ကာလမှာ ဒီဇင်ဘာ ၂၈ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်၀ါရီလ ၇ ရက်နေ့  ၂၃ နာရီ ၅၉ မိနစ် (မြန်မာစံတော်ချိန်) အထိဖြစ်ပြီး ဖော်ပြပါ ရက်များအားလုံးသည် (“အစီအစဥ် ကာလ”) တွင် အကျုံးဝင်ပါသည်။

      • ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ယခု စာမျက်နှာတွင် ဖော်ပြထားသော စည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များအားလုံးကို သဘောတူညီပြီး ဖြစ်သည်ဟု သတ်မှတ်မည်။

      • ရန်ကုန်နှင့် မန္တလေးမြို့များအတွင်း အိမ်အရောက် ပို့ဆောင်ရမည့် လိပ်စာရှိရပါမည်။ 

      • ပေးအပ်မည့် ဆုဓာတ်ပုံများ (Sportbands/ Walking Shoes/ Fitness Kits/ Sport T-Shirts) သည် ဖော်ပြချက်အတွက်သာ အသုံးပြုထားခြင်း ဖြစ်ပါသည်။ အမှန်တကယ် ချီးမြှင့်မည့် ဆုသည် အရောင်၊ အမှတ်တံဆိပ်နှင့် ပုံစံ ကွဲပြားမှု ရှိနိုင်ပါသည်။

      • ပြိုင်ပွဲအတွင်း ခြေလှမ်းအများဆုံး လျှောက်ခဲ့သူများစာရင်းကို ရက်သတ္တပတ် တစ်ပတ်ကြာပြီးနောက် ပရူဒန်ရှယ်မြန်မာအာမခံ၏ Facebook စာမျက်နှာတွင် ဖော်ပြပေးမည် ဖြစ်ပါသည်။ 

      • အနိုင်ရရှိသူများ ကြေညာသည့်အခါတွင် အနိုင်ရရှိသူများသည် Pulse အက်ပလီကေးရှင်း၏ တရားဝင် အသုံးပြုသူများ ဖြစ်ရမည်။ (အငြင်းပွားစရာ အခြေအနေတစ်ခု ရှိလာပါက ပရူဒန်ရှယ်အာမခံ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်) အဆိုပါ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိပါက သက်ဆိုင်ရာ အနိုင်ရရှိသူများသည် နောက်ထပ် အကြောင်းကြားမှု တစ်စုံတရာမလိုအပ်ဘဲ ပြိုင်ပွဲဝင်ရန် အရည်အချင်းမပြည့်ဟု သတ်မှတ်မည်။

      • ပရူဒန်ရှယ်မြန်မာအာမခံအနေဖြင့် ကံစမ်းမဲ၏ နောက်ဆုံးရလဒ်များကို ထုတ်ပြန်ကြေညာပြီးနောက်ပိုင်းတွင် အနိုင်ရရှိသူများ၏ ကိုယ်ရေးအချက်အလက်ကို ထပ်မံ စစ်ဆေးအတည်ပြုနိုင်ခွင့် ရှိရမည်။

      • အနိုင်ရရှိသူများအား Leaderboard ပေါ်တွင်အခြေခံ၍ ကွန်ပြူတာစနစ်ဖြင့် ရွေးချယ်မည် ဖြစ်ပါသည်။ ပြိုင်ပွဲ၏ ရလဒ်များ (အနိုင်ရရှိသူ၏ နာမည်အပြည့်အစုံနှင့် ဖုန်းနံပါတ်နောက်ဆုံးသုံးလုံး အပါအဝင်) ကို စာရင်းပေးသွင်းထားသည့် မိုဘိုင်းဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာမှတစ်ဆင့် အကြောင်းကြားမည် ဖြစ်ပါသည်။

      • ပရူဒန်ရှယ်မြန်မာအာမခံမှ Pulse အက်ပလီကေးရှင်းတွင် စာရင်းပေးသွင်းစဉ်က ထည့်သွင်းထားသည့် မိုဘိုင်းဖုန်းနံပါတ်/အီးမေးလ်လိပ်စာ တို့မှတစ်ဆင့် ဆုထုတ်ယူရန် လုပ်ငန်းစဉ်အကြောင်း အီးမေးလ်/SMS စာတို/Viber တို့ဖြင့် တစ်ဦးချင်း အသိပေးအကြောင်းကြားသွားမည် ဖြစ်သည်။

      • ဆုများအား ငွေသားဖြင့် လဲလှယ်ထုတ်ယူခြင်း၊ တစ်ဆင့်ပြန်လည်ရောင်းချခြင်း ပြုလုပ်၍မရသလို သတ်မှတ်ထားသော ဆုထုတ်ယူနိုင်သည့် ကာလအတွင်း မြန်မာနိုင်ငံ (ရန်ကုန်/မန္တလေး) တွင်သာ ထုတ်ယူရမည် ဖြစ်သည်။ ကံထူးရှင်သည် အခြေအနေအရပ်ရပ်ကြောင့် ဆုလက်ဆောင် မထုတ်ယူခြင်း၊ အချိန်မီ မထုတ်ယူနိုင်ခြင်း ဖြစ်ခဲ့လျှင် ဆုကို လက်လွှတ်လိုက်ပြီဟု သတ်မှတ်ပြီး နောက်ထပ် အကြောင်းကြားမှု တစ်စုံတရာ မလိုအပ်ဘဲ လာရောက်မထုတ်ယူနိုင်ဟု သတ်မှတ်မည်။

      • ပြိုင်ပွဲဝင်ရောက်ထားမှုကို ဖျက်သိမ်းရန် သို့မဟုတ် ပြိုင်ပွဲမှထွက်ရန် Customer Service ဖုန်းနံပါတ်ဖြစ်သော ၀၉၇၇၀၁၁၀၀၁၀ ကို ဆက်သွယ်နိုင်ပါသည် သို့မဟုတ် ပရူဒန်ရှယ်မြန်မာအာမခံ၏ Facebook Messenger တွင်လည်း ဆက်သွယ်နိုင်ပါသည်။ 

      • အကယ်၍ ပြိုင်ပွဲတွင် ဝင်ရောက်ထားမှုကို ဖျက်သိမ်းရန် သို့မဟုတ် ပြိုင်ပွဲမှထွက်ရန် အကြောင်းကြားမှု တစ်စုံတစ်ရာ မရှိပါက ဝင်ရောက်ယှဉ်ပြိုင်သူများအား ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များ၊ Pulse အက်ပလီကေးရှင်း၏ ကိုယ်ရေးအချက်အလက်ဆိုင်ရာ အသိပေးချက်အား သေချာစွာ နားလည်သဘောပေါက်စေရန် ဖတ်ရှုပြီးမှ သဘောတူလက်ခံရန် တိုက်တွန်းအကြံပြုလိုပါသည်။

      • ပရူဒန်ရှယ်မြန်မာအာမခံ၏ ဆုံးဖြတ်ချက်တစ်ခုတည်းဖြင့် ဖော်ပြပါ ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များအား ပြင်ဆင်ခြင်း သို့မဟုတ် ပြိုင်ပွဲအား ပြင်ဆင်/ဖျက်သိမ်းခြင်း ပြုလုပ်နိုင်ပါသည်။

      • အဆိုပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပရူဒန်ရှယ်မြန်မာအာမခံ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။

      • ပရူဒန်ရှယ်မြန်မာအာမခံမှ နောက်ထပ်ပြုလုပ်မည့် အစီအစဉ်များအတွက် အီးမေးလ် သို့မဟုတ် မိုဘိုင်းဖုန်းနံပါတ် မှတဆင့် လူကြီးမင်းအား ဆက်သွယ်နိုင်သည်။

      • Apple Inc. သို့မဟုတ် Google LLC သို့မဟုတ် Fitbit သို့မဟုတ် Garmin တို့သည် ယခု Walk2Win အစီအစဉ်အား ထောက်ပံ့မှု တစ်စုံတရာ ပြုလုပ်ထားခြင်း မရှိသလို ဆက်စပ်မှု တစ်စုံတရာ မရှိပါ။

      • ထပ်မံသိရှိလိုပါက ပရူဒန်ရှယ်အာမခံ၏ Customer Service ဖုန်း - ၀၉၇၇ ၀၁၁၀ ၀၁၀ သို့  (ရုံးချိန် - တနင်္လာနေ့မှ သောကြာနေ့၊ နံနက် ၉ နာရီမှ ၅ နာရီခွဲအတွင်း၊ စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များမှလွဲ၍) ဆက်သွယ်နိုင်ပါသည် သို့မဟုတ် ပရူဒန်ရှယ်မြန်မာအာမခံ၏ Facebook Messenger တွင်လည်း ဆက်သွယ်နိုင်ပါသည်။ 

      • ပရူဒန်ရှယ်မြန်မာအာမခံသည် ပြိုင်ပွဲတွင် ပေးအပ်သည့် ဆုလက်ဆောင်များအား ထုတ်လုပ်/ဖြန့်ချိသူ နှင့် ထုတ်လုပ်/ဖြန့်ချိသူများ၏ ကိုယ်စားလှယ် မဟုတ်ပါ။ ဆုလက်ဆောင်၏ အရည်အသွေး၊ အသုံးဝင်မှု၊ ပို့ဆောင်ပေးမှု၊ အသုံးပြုမှု စသည်တို့နှင့် ပတ်သက်သော နောက်ဆက်တွဲ အခြေအနေများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ပြုလုပ်မည် မဟုတ်ပါ။ ဆုလက်ဆောင် အသုံးပြုရာတွင် သက်ဆိုင်ရာ ထုတ်လုပ်/ဖြန့်ချိသူက ဖော်ပြထားသည့် စည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များအရ ဆောင်ရွက်နိုင်ပါသည်။ ဆုလက်ဆောင်နှင့် ပတ်သက်သည့် မည့်သည့်ကိစ္စရပ် တစ်စုံတရာကိုဖြစ်စေ (ဆုလက်ဆောင်၏ အရည်အသွေး၊ အသုံးဝင်မှု၊ ပို့ဆောင်ပေးမှု၊ အသုံးပြုမှုတို့ အပါအဝင် အခြားကိစ္စများ) တာဝန်ယူမှု၊ တာဝန်ခံမှု မပြုလုပ်ပါ။ ဆုလက်ဆောင်ကို အသုံးပြုခြင်း၊ မှားယွင်းအသုံးပြုခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်းအရာတစ်ခုခုကြောင့်ဖြစ်စေ ပျောက်ဆုံး၊ ပျက်စီးခြင်းတို့အတွက် ပရူဒန်ရှယ်မြန်မာအာမခံမှ တာဝန်ယူမှု၊ တာဝန်ခံမှု မပြုလုပ်ပါ။

      • ပရူဒန်ရှယ်မြန်မာအာမခံ၏ ဝန်ထမ်းများ နှင့် အကြံပေးများအားလုံး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိပါ။

      အမေးများသော မေးခွန်းများ


        ဒီပြိုင်ပွဲအစီအစဥ်မှာ ပါဝင်ဖို့ အောက်ပါ အဆင့်တွေအတိုင်း လုပ်ဆောင်ဖို့ လိုပါတယ်။

        အဆင့် (၁)။ ။ Pulse အက်ပလီကေးရှင်းကို ဒေါင်းလုတ်လုပ်ပြီး အကောင့်ဖွင့်ပါ။ Fitness Tracker နဲ့ချိတ်ပါ။

        အဆင့် (၂)။ ။ ပြိုင်ပွဲအပြီး ခြေလှမ်းပေါင်း ၁၅၀,၀၀၀ ရရှိအောင် နေ့စဉ် အနည်းဆုံး ခြေလှမ်း ၅,၀၀၀ ပြည့်အောင် လျှောက်ပါ။

        အဆင့် (၃)။ ။ Pulse အက်ပလီကေးရှင်းထဲက သင်ခြေလှမ်း ၁၅၀,၀၀၀ ပြည့်အောင် လမ်းလျှောက်ထားတဲ့ မှတ်တမ်း Screenshot ကို Walk2Win Community Group ထဲမှာ Walk2WinChallenge #WeDoHealth စတဲ့ Hashtag တွေနဲ့ ပို့စ်တင်ပါ။

        ဒီပြိုင်ပွဲအစီအစဉ်က ၂၀၂၂ ခုနှစ်၊ နို၀င်ဘာလ ၃ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ နို၀င်ဘာလ ၃၀ ရက်နေ့အထိ ကျင်းပမယ့် ရက် ၃၀ လမ်းလျှောက်ပြိုင်ပွဲအစီအစဉ်ပဲဖြစ်ပါတယ်။

        တစ်နေ့မှာခြေလှမ်းဘယ်လောက်လျှောက်ရမယ်လို့ သတ်မှတ်ထားခြင်း မရှိပေမယ့် ပြိုင်ပွဲအပြီး ခြေလှမ်းပေါင်း ၁၅၀,၀၀၀ ရရှိအောင် နေ့စဉ် အနည်းဆုံး ခြေလှမ်း ၅,၀၀၀ ပြည့်အောင် လျှောက်ရမယ့် ပြိုင်ပွဲအစီအစဉ်ဖြစ်ပါတယ်။ ဒါကြောင့် Grand Prize ရရှိဖို့အတွက်ဆိုရင်တော့ ရက် ၃၀ အတွင်း ခြေလှမ်းပေါင်း ၁၅၀,၀၀၀ ရရှိရမှာဖြစ်ပါတယ်။

        သင့်ရဲ့နေ့စဉ်ခြေလှမ်းအရေအတွက်နဲ့ CityRewards Points တွေထုတ်ယူနိုင်မှာပါ။ ဒါပေမယ့် ပြိုင်ပွဲစည်းမျဉ်းအရ Grand Prize အတွက်တော့ အကျုံး၀င်တော့မှာ မဟုတ်ပါဘူး။

        အများဆုံး လျှောက်ရမယ့် ခြေလှမ်းအရေအတွက်ကို သတ်မှတ်ထားခြင်း မရှိပေမယ့် ပြိုင်ပွဲအပြီး ခြေလှမ်းပေါင်း အနည်းဆုံး ၁၅၀,၀၀၀ ရှိမှ Grand Prizeရရှိမှာမို့ တစ်နေ့ကို အနည်းဆုံး ခြေလှမ်း ၅,၀၀၀ ပြည့်အောင် လျှောက်ဖို့ အကြံပေးချင်ပါတယ်။

        အနိုင်ရတဲ့သူတွေကို Prudential Myanmar Facebook နဲ့ LinkedIn စာမျက်နှာကနေ ကြေညာသွားမှာပါ။

        အနိုင်ရတဲ့သူတွေကို Prudential Myanmar Facebook နဲ့ LinkedIn စာမျက်နှာကနေ ကြေညာသွားမှာပါ။

        Rewards Points ဆုတွေထုတ်ယူဖို့ အောက်ပါ အဆင့်တွေအတိုင်း လုပ်ဆောင်ဖို့ လိုပါတယ်။

        ၁။ CityRewards အက်ပလီကေးရှင်းကို https://bit.ly/3AuUkUG ဒေါင်းလုတ်လုပ်ပြီး အကောင့်ဖွင့်ပါ။

        ၂။ ဒီလင့်ခ် https://bit.ly/3EBGAwq မှာ သင့် CityRewards အကောင့်အချက်အလက်တွေကို ဖြည့်ပါ။

        Grand Prize အနိုင်ရတဲ့သူတွေကို ပြိုင်ပွဲအစီအစဉ်အပြီးမှာ ကြေညာပေးမှာပါ။ အနိုင်ရတဲ့သူတွေရဲ့ အချက်အလက်အသေးစိတ်တွေကို သူတို့နဲ့ ဆက်သွယ်ပြီး အတည်ပြုပြီးနောက် ဆုလက်ဆောင် ပို့ပေးရမယ့် နေရာကို စစ်ဆေးပြီး ပို့ပေးသွားမှာ ဖြစ်ပါတယ်။

        ရပါတယ်။

        အနိုင်ရရှိသူတွေကို Prudential Myanmar Facebook နှင့် LinkedIn စာမျက်နှာကနေ ကြေညာသွားမှာပါ။ Leaderboard ကိုလည်း Pulse အက်ပလီကေးရှင်းထဲမှာ ကြည့်ရှုနိုင်ပါတယ်။

        ဟုတ်ကဲ့။ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ ကိုယ်ချစ်ခင်တဲ့သူတွေကို ဖိတ်ခေါ်ဖို့အတွက် အားပေးပါတယ်။

        QR Code ကို scan ဖတ်ပါ (ဒါမှမဟုတ်) Android ဖုန်းတွေအတွက် Google Play Store ကနေ “Pulse” ကို ရှာလိုက်ပါ။

        အီးမေးလ် (ဒါမှမဟုတ်) Facebook အကောင့် (ဒါမှမဟုတ်) Google အကောင့် ကိုသုံးပြီး အကောင့်ဖွင့်ပါ။

        App ကို ဝင်ပြီး အကျိုးခံစားခွင့်တွေကို ရယူလိုက်ပါ။

        Pulse အက်လီကေးရှင်းကို Android အသုံးပြုသူတိုင်း အခမဲ့ ဒေါင်းလုတ်ရယူနိုင်ပါတယ်။

        အောက်ဖော်ပြပါ ကျန်းမာရေးသုံး Tracker တွေက Pulse အက်ပလီကေးရှင်းနဲ့ ချိတ်ဆက်လို့ရပါတယ်။

        • FitBit
        • Garmin
        • Apple Health
        • Google Fit

        ကိုယ်ရဲ့ မိုဘိုင်းဖုန်းက အနည်းဆုံး Android ဗားရှင်း 8.1 ရှိဖို့ လိုအပ်ပါတယ်။

        စာရင်းသွင်းတဲ့အခါ အသုံးပြုဖို့ စုစုပေါင်း ချန်နယ်လေးခုရှိတာကြောင့် အသုံးပြုသူက ကိုယ်နဲ့ အဆင်ပြေတဲ့ တစ်ခုကို ရွေးချယ်နိုင်ပါတယ်။

        1. Gmail
        2. အီးမေးလ်
        3. ဖုန်းနံပါတ်
        4. Facebook

        Pulse အက်ပလီကေးရှင်းကို Install မလုပ်ခင် အောက်ပါအချက်တွေကို စစ်ဆေးပါ။

        1. App Store ဒါမှမဟုတ် Play Store က မြန်မာနိုင်ငံ Region ဟုတ်မဟုတ် စစ်ဆေးပါ။
        2. ဖုန်းရဲ့ Android ဗားရှင်းကို စစ်ပါ။ Pulse အက်ပလီကေးရှင်းကို ဒေါင်းလုတ်လုပ်ဖို့ အနိမ့်ဆုံး Android ဗားရှင်းက 8.1 ရှိရပါမယ်။
        3. အဲ့ဒါမှ အဆင်မပြေသေးဘူးဆိုရင်တော့ 09770110010 ကို ဆက်သွယ်နိုင်ပါတယ်။ (သို့မဟုတ်) ဒီဖောင် Pulse Error Form Link https://bit.ly/3QvbjOL မှတစ်ဆင့်လည်း Error တင်နိုင်ပါတယ်။

        Pulse အက်ပလီကေးရှင်းကို Android အသုံးပြုသူတိုင်း အခမဲ့ ဒေါင်းလုတ် ရယူနိုင်ပါတယ်။ ရောဂါလက္ခဏာ စစ်ဆေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းနဲ့ ဆေးရုံ၊ ဆေးခန်းနေရာ ရှာဖွေခြင်းတွေကို Customer တွေရော Customer မဟုတ်တဲ့သူတွေပါ အခကြေးငွေ တစ်စုံတရာမရှိဘဲ အသုံးပြုနိုင်ပါတယ်။

        လိုပါတယ်။ Pulse အက်ပလီကေးရှင်းသုံးဖို့ အင်တာနက်ဖွင့်ထားဖို့လိုပါတယ်။ VPN ဖြုတ်ထားဖို့လည်း လိုပါတယ်။

        ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် အဆင့်အချို့ကို မျှဝေပေးလိုက်ပါတယ်။

        ၁။ အင်တာနက်လိုင်း ကောင်း၊ မကောင်း စစ်ပါ။

        ၂။ Android အတွက်ဆိုရင် Google Play Store ကို Restart ချပြီး အက်ပလီကေးရှင်းကို ဒေါင်းလုတ်လုပ်ပါ။

        ၃။ Google Play Store နဲ့ App Store ရဲ့ Region ကို စစ်ပါ။

        ၄။ အခုထိ အဆင်မပြေသေးဘူးဆိုရင် ဖုန်းကို Restart လုပ်ပါ။

        ၅။ အခြားအခက်အခဲတွေရှိရင်တော့ ပရူဒန်ရှယ်အာမခံရဲ့ Customer Service ကို 09770110010 ကနေ ဆက်သွယ်နိုင်ပါတယ်။ (သို့မဟုတ်) ဒီဖောင် Pulse Error Form Link https://bit.ly/3QvbjOL မှတစ်ဆင့်လည်း Error တင်နိုင်ပါတယ်။

        "Forgot Password" ကို နှိပ်ပြီး ပြထားတဲ့ အဆင့်တွေအတိုင်း ဆက်လုပ်ပါ။ အဲ့ဒါမှ အဆင်မပြေသေးဘူးဆိုရင်တော့ 09770110010 ကို ဆက်သွယ်နိုင်ပါတယ်။ (သို့မဟုတ်) ဒီဖောင် Pulse Error Form Link https://bit.ly/3QvbjOL မှတစ်ဆင့်လည်း Error တင်နိုင်ပါတယ်။

        Android အတွက် Google Play Store ကနေ Pulse by Prudential အက်ပလီကေးရှင်းရဲ့ နောက်ဆုံးဗားရှင်းကို ရယူနိုင်ပါတယ်။

        နောက်ဆုံးဗားရှင်းကို Install လုပ်ဖို့ အဆင့်များ

        ၁။ Pulse အက်ပလီကေးရှင်း အဟောင်းကို Uninstall လုပ်ပါ။

        ၂။ Pulse အက်ပလီကေးရှင်း နောက်ဆုံးဗားရှင်းကို ဒေါင်းလုတ်လုပ်ပြီး install လုပ်ပါ။

        ၃။ အရင်ရှိပြီးသား အသုံးပြုသူ ID နဲ့ Password ကို သုံးပြီး Pulse အက်ပလီကေးရှင်းကို ဝင်ရောက်ပါ။

        Junk ဒါမှမဟုတ် Spam အီးမေးလ်ထဲကို ရောက်နေလားဆိုတာ စစ်ကြည့်ပါ။ အီးမေးလ်လိပ်စာ စာလုံးပေါင်းမှန်မမှန် စစ်ဆေးပါ။

        ‘အကောင့်’ ကနေ “အကြံပြုချက်ပေးရန်” ကို သွားပြီး သင့်ရဲ့ အကြံပြုချက်တွေကို ပြောပြနိုင်ပါတယ်။

        Pulse Customer Care အဖွဲ့ကနေ အလုပ်ဖွင့်ရက် ၃ ရက်ကနေ ၅ ရက်အတွင်း စာပြန်ပေးပါလိမ့်မယ်။

        အခြားကမ်ပိန်းအစီအစဉ်များ

        "ကျန်းမာပျော်ရွှင်မှုကို အဖြေရှာပြီး ဆုလက်ဆောင်တွေ ရယူလိုက်ကြရအောင်" အစီအစဉ်
        Square

        "ကျန်းမာပျော်ရွှင်မှုကို အဖြေရှာပြီး ဆုလက်ဆောင်တွေ ရယူလိုက်ကြရအောင်" အစီအစဉ်

        24-11-2025 | 2 mins read
        "မိသားစုအတွက် အကောင်းဆုံးလက်ဆောင်ကို ရှာဖွေပြီး ပရူဒန်ရှယ်နဲ့အတူ ဆုတွေယူ" အစီအစဉ်
        Square

        "မိသားစုအတွက် အကောင်းဆုံးလက်ဆောင်ကို ရှာဖွေပြီး ပရူဒန်ရှယ်နဲ့အတူ ဆုတွေယူ" အစီအစဉ်

        02-10-2025 | 2 mins read
        “အမေ့ကို ချစ်တဲ့အကြောင်းတွေပြောပြပြီး ဆုတွေရရှိမယ့်” အစီအစဉ်
        Square

        “အမေ့ကို ချစ်တဲ့အကြောင်းတွေပြောပြပြီး ဆုတွေရရှိမယ့်” အစီအစဉ်

        09-05-2025 | 2 mins read
        "ပိုကျန်းမာတဲ့ နှစ်သစ်ကို ရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ကာကွယ်" အစီအစဉ်
        Square

        "ပိုကျန်းမာတဲ့ နှစ်သစ်ကို ရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ကာကွယ်" အစီအစဉ်

        01-04-2024 | 2 mins read
        "လုံခြုံနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတ - AR Filter” အစီအစဉ်
        Square

        "လုံခြုံနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတ - AR Filter” အစီအစဉ်

        20-01-2025 | 2 mins read
        "ပိုမိုကျန်းမာတဲ့အနာဂတ်ကိုရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ ကာကွယ်" အစီအစဉ်
        Square

        "ပိုမိုကျန်းမာတဲ့အနာဂတ်ကိုရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ ကာကွယ်" အစီအစဉ်

        30-06-2024 | 2 mins read
        “သင်ချစ်ရတဲ့သူတွေအတွက် လုံခြုနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြလိုက်ပါ။” အစီအစဉ်
        Square

        “သင်ချစ်ရတဲ့သူတွေအတွက် လုံခြုနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြလိုက်ပါ။” အစီအစဉ်

        01-02-2025 | 2 mins read