Personal
Disability
Should you become unable to work, a cash payout can provide you with income and keep you afloat
Health
From diagnosis to recovery may involve tests, scans, therapy, rehabilitation. The cost is huge
Wellness Hub
ပရူဒန်ရှယ်အာမခံရဲ့ ဒီ Wellness Hub မှာ Customer တွေအနေနဲ့ ပိုမိုကျန်းမာပျော်ရွှင်စေဖို့အတွက် ပြုလုပ်ရမယ့်အရာတွေကို ရိုးရှင်းပြီး နားလည်ဖို့ လွယ်ကူနိုင်အောင်ပြုလုပ်ထားပါတယ်။
ပိုမိုကောင်းမွန်တဲ့အနာဂတ်ပတ်ဝန်းကျင်တစ်ခုပိုင်ဆိုင်ဖို့အတွက်ဆိုရင်ပျော်ရွှင်ကျန်းမာနေဖို့က အရေးကြီးပါတယ်။ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်တာဟာ ကိုယ့်ကို မှီခိုနေတဲ့ ချစ်ရသူတွေကို ပေးနိုင်တဲ့ အလုံခြုံအနွေးထွေးဆုံးသော ချစ်ခြင်းမေတ္တာပါ။
Wellness Hub မှာဆိုရင် အသက်အာမခံနဲ့ ကျန်းမာရေးအာမခံထက် ပိုတဲ့ အရာတွေအပြင် Customer တွေကို ပိုမို ကျန်းမာပျော်ရွှင်နိုင်ဖို့ လိုအပ်တဲ့ အကျိုးရှိစေမယ့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်တဲ့ ဆေးရုံဆေးခန်းတွေအကြောင်း partners တွေရဲ့ အထူးခံစားခွင့်တွေ၊ ကျန်းမာရေးဗဟုသုတတွေ အားလုံးကို တစ်နေရာတည်းမှာ ရရှိနိုင်မှာဖြစ်ပါတယ်။
သင့်အနေနဲ့ယုံကြည်စိတ်ချရတဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို ရရှိလိုသည်ဖြစ်စေ၊ ပိုမိုသာလွန်ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရရှိနိုင်ဖို့ ပရူဒန်ရှယ်အာမခံရဲ့ Wellness Hub က အသင့်ရှိနေမှာဖြစ်ပါတယ်။ Customer တွေအနေနဲ့ ပျော်ရွှင်ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ပရူဒန်ရှယ်အာမခံက အကောင်းဆုံး ပံ့ပိုးကူညီ ပေးသွားမှာဖြစ်ပါတယ်။
Wellness Hub မှာ ဘာတွေလေ့လာနိုင်မလဲ။
Wellness Hub မှာ အထူးသီးသန့်ကျန်းမာရေး ခံစားခွင့်တွေ၊ ပိုမိုကျန်းမာအောင်နေထိုင်နိုင်မယ့် ပံ့ပိုးကူညီမှုတွေကို Customer တွေအနေနဲ့ နားလည်ဖို့ လွယ်ကူအောင် ပြုလုပ်ပေးထားပါတယ်။ ဒါကြောင့် သင့်ရဲ့ ကျန်းမာရေးကို ပိုမိုလွယ်ကူစွာ ဂရုစိုက်နိုင်ပါပြီ။
ကိုယ့်လိုအပ်ချက်နဲ့ကိုက်ညီတဲ့ ကျန်းမာရေးအာမခံအကာအကွယ်တွေ၊ ငွေသားမလိုတဲ့ Cashless Claim ဝန်ဆောင်မှုတွေ နဲ့ ပိုမိုကျန်းမာပျော်ရွှင်စေမယ့် Network တစ်ခုကို ရရှိနိုင်စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်စိတ်တိုင်းကျ ကျန်းမာရေး နဲ့ အသက်အာမခံတွေအကာအကွယ်ထားရှိနိုင်ဖို့ ပရူဒန်ရှယ်အာမခံမှာ ရရှိနိုင်တဲ့ Product တွေအကြောင်း အသေးစိတ်လေ့လာနိုင်ပါတယ်။
မိသားစုအတွက် ကျန်းမာရေးနဲ့ ငွေကြေးဆိုင်ရာ အကြောင်းအရာတွေကို ယုံကြည်စိတ်ချရတဲ့ ကျွမ်းကျင်ပညာရှင်တွေမှတစ်ဆင့်ဖြစ်စေ၊ ကျန်းမာရေး ဆောင်းပါးတွေမှ တစ်ဆင့် လက်တွေ့ကျတဲ့ အကြံဉာဏ်တွေကို ဖတ်ရှုရရှိနိုင်ပါတယ်။
ကျန်းမာရေးဆိုင်ရာဟောပြောပွဲတွေကနေတစ်ဆင့် ကျန်းမာရေးကို အလေးထားတဲ့ သူတွေနဲ့ ချိတ်ဆက်နိုင်ပြီး ပိုမိုကျန်းမာပျော်ရွှင်စေမယ့် Network တစ်ခုကို ရရှိနိုင်စေမှာ ဖြစ်ပါတယ်။
ကျန်းမာပျော်ရွှင်ဖို့ ခရီးလမ်းကို အခုပဲစတင်လိုက်ပါ။
ပရူဒန်ရှယ်အာမခံရဲ့ မိတ်ဖက်ဆေးရုံတွေ ကျန်းမာရေးစင်တာတွေ မှာ ငွေသားမလိုတဲ့ Cashless Claim Service တွေကို လွယ်ကူစွာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
ပရူဒန်ရှယ်အာမခံ Customer တွေအနေနဲ့ ကျန်းမာရေးကိုပိုမိုဂရုနိုင်စေမယ့် ပိုမိုသာလွန်ကောင်းမွန်တဲ့အကျိုးခံစားခွင့်တွေကို ပရူဒန်ရှယ်ရဲ့ မိတ်ဖက်ပါတနာတွေဆီကနေရယူနိုင်မှာဖြစ်ပါတယ်။
မှန်ကန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်နိုင်ဖို့ အသုံးဝင်နိုင်မယ့် ကျန်းမာရေး အကြံဉာဏ်တွေနဲ့ ဆောင်းပါးတွေကို ကြည့်ရှုဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့မြို့ကြီးတွေမှာ ကျင်းပမယ့် ကျန်းမာရေးအသိပညာ ဟောပြောပွဲတွေကို လာရောက်ပြီး၊ ကျန်းမာရေးကို ဂရုစိုက်နိုင်ဖို့ အထောက်အကူပြုနိုင်မယ့် နည်းလမ်းနဲ့ အထူးအစီအစဉ်တွေကို သိရှိနိုင်မှာဖြစ်ပါတယ်။
သင့်အတွက် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်တဲ့အခါ ကျန်းမာရေးကုသစရိတ် ( ငွေကြေးအကာအကွယ် ) ကို အကျိုးခံစားခွင့်ရရှိနိုင်တဲ့အပြင် မမျှော်လင့်ထားပဲနဲ့ သေဆုံးသွားရင်တောင် သင့်ရဲ့မိသားစုအနာဂတ်မယိမ်းယိုင်သွားစေဖို့ ငွေကြေး အကာအကွယ်ပေးထားပြီးသား ဖြစ်မှာပါ။
PRUFlexiprotect CI က အပြင်းအထန်နာမကျန်းမှုအတွက် အကျိုးခံစားခွင့်ရရှိနိုင်မယ့် သီးသန့်အစီအစဉ်ဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်မှာ အသက်အာမခံဝယ်ထားပြီးသားရှိရင်လည်း ပိုမိုပြည့်စုံစေမယ့် အာမခံအစီအစဉ်ဖြစ်ပါတယ်။ ကိုယ်နဲ့သင့်တော်တဲ့ အာမခံအမျိုးအစား၊ အာမခံသက်တမ်းနဲ့ အကာအကွယ်ပမာဏ စသဖြင့် ရွေးချယ်နိုင်မှာပါ။
သင်နဲ့ကိုက်ညီတဲ့ ကျန်းမာရေးအာမခံအကာအကွယ်တွေကို လေ့လာပြီး သင့်တော်တဲ့ အကာအကွယ်တွေကို အခုပဲရှာဖွေလိုက်ပါ။
ပရူဒန်ရှယ်အာမခံ Customer တွေရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေကို လေ့လာကြည့်ရှုနိုင်ပါတယ်။
လွယ်ကူမြန်ဆန်သော ငွေသားထုတ်ယူရန် မလိုတဲ့ Claim Service
Explore here
မနက် ည ၂၄ နာရီ ပတ်လုံး ဝန်ဆောင်မှုပေးနိုင်မယ့် Hotline
09 770 110 010
ယုံကြည်စိတ်ချရသော ပါတနာဆေးရုံများ
Check here