• “Financial Planning Awareness” Program (“အစီအစဉ်”) ကို ပရူဒန်ရှယ်အာမခံ (“Prudential Myanmar”) မှ ကြီးမှူးကျင်းပခြင်းဖြစ်ပါသည်။
  • အစီအစဉ်ကာလသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့မှ စတင်ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ (မြန်မာစံတော်ချိန်) ၂၃ နာရီ ၅၉ မိနစ်အထိ (“အစီအစဉ်ကာလ”) ဟု သတ်မှတ်ပါသည်။
  • အစီအစဉ်တွင် ပါဝင်ခြင်းဖြင့် ပြိုင်ပွဲဝင်များ (“သင်”) အနေဖြင့် ဤစာမျက်နှာတွင် ဖော်ပြထားသော စည်းမျဉ်းစည်းကမ်း၊ သတ်မှတ်ချက်များကို လိုက်နာရန် သဘောတူညီပြီး ဖြစ်သည်ဟု ယူဆပါသည်။
  • ပရူဒန်ရှယ်အာမခံ၏ ဝန်ထမ်းများ၊ စာချုပ်ဖြင့် လုပ်ကိုင်နေသော ဝန်ထမ်းများနှင့် အာမခံအရောင်းကိုယ်စားလှယ်များအားလုံး အစီအစဥ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိပါ။

 

အစီအစဉ်တွင် ပါဝင်ရန်နှင့် ဆုလက်ဆောင်ရရှိနိုင်ရန်

ဆုလက်ဆောင်များ ရရှိနိုင်ရန်အတွက် အောက်ပါ စည်းကမ်းချက်များကို ပြည့်မီရပါမည်။

  • ပရူဒန်ရှယ်အာမခံ Facebook Page ကို like and follow လုပ်ပြီး “အခုသင်ရော ဘ၀ရဲ့ ဘယ်အချိုးအကွေ့မှာရှိနေပြီလဲ? အဲ့ဒီအတွက်ရော ငွေကြေးအဆင်သင့်ဖြစ်နေပြီလား” ဆိုတာကို comment မှာဖြေပါ။  
  • ပါ၀င်ယှဉ်ပြိုင်သူများသည် အစီအစဉ်ကာလအတွင်း Facebook Account တစ်ခုလျှင် တစ်ကြိမ်သာ ဖြေဆိုခွင့်ရှိပါသည်။
  • ပရူဒန်ရှယ်အာမခံသည် ပါ၀င်ယှဉ်ပြိုင်သူ များထဲမှ (၁၀) ဦးကို ကျပန်း ရွေးချယ်၍ အခမဲ့ဆု လက်ဆောင်များ ပေးအပ် သွားမည်ဖြစ်ပြီး လက်ဆောင်ရရှိသူများကို  ပရူဒန်ရှယ်အာမခံ Facebook page တွင် အစီအစဥ်ကာလ ပြီးဆုံးပြီး ရက်သတ္တပတ် ၂ ပတ် အတွင်း ကြေညာပေးသွားမည်ဖြစ်ပါသည်။
  • ပရူဒန်ရှယ်အာမခံမှ မိမိ၏ ဆုံးဖြတ်ချက်ဖြင့် ဆုလက်ဆောင်များကို တန်ဖိုးတူညီသောပစ္စည်းဖြင့် အစားထိုး ပြောင်းလဲခွင့်ရှိပါသည်။

 

ဆုလက်ဆောင်များ

  •  Gym Bag x ၁၀ ဆု

 

ဆုလက်ဆောင် ထုတ်ပေးခြင်း

  • ဆုရရှိသူများအားလုံးသည် ပရူဒန်ရှယ်အာမခံမှ ရွေးချယ်ခံရသူစာရင်း ကြေညာပြီး (သို့မဟုတ်) အကြောင်းကြားစာ ပေးပို့ပြီး (၂) ပတ် အတွင်း Prudential Myanmar Facebook Messenger မှတဆင့် အကြောင်းကြားရန် လိုအပ်ပါသည်။ အကယ်၍ သတ်မှတ်ကာလအတွင်း အကြောင်းမကြားပါက ဆုလက်ဆောင်အား ရရှိမည်မဟုတ်ပါ။
  • ပရူဒန်ရှယ်အာမခံက ဆုရရှိသူတစ်ဦးချင်းထံသို့ ပရူဒန်ရှယ်အာမခံကိုယ်စားလှယ်များမှ ဆုလက်ဆောင်များကို ပေးပို့ပေးသွားမည်။ ပရူဒန်ရှယ်အာမခံက ဆုလက်ဆောင်များကို ဆုရရှိသူစာရင်း ကြေညာပြီးသည့်နောက် (၃) လ အတွင်း ပို့ဆောင်ပေးမည် ဖြစ်သည်။
  • ပရူဒန်ရှယ်အာမခံသည် ဆုရရှိသူစာရင်းကြေညာပြီး နောက်ပိုင်းတွင်လည်း ဆုရရှိသူ ရွေးချယ်ခြင်း၊ စိစစ်သတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး ထပ်မံ အတည်ပြုခွင့် ရှိသည်။
  • ဆုရရှိသည့် ဆုလက်ဆောင်များအားလုံးကို တခြားသူများသို့ မလွှဲပြောင်းနိုင်သလို ငွေသားနှင့် လဲလှယ်ခွင့်မရှိပါ။
  • ဆုရရှိသူမှ ဆုလက်ဆောင်အားထုတ်ယူချိန်တွင် စစ်ဆေးပြီးမှသာ လက်ခံရယူရမည်ဖြစ်ပြီး ထုတ်ယူပြီးသော ဆုများနှင့် ပတ်သက်၍ ချို့ ယွင်းမှုတစ်စုံတစ်ရာ ပေါ် ပေါက်လာပါက ပရူဒန်ရှယ်အာမခံမှ တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။၇။ ပေးအပ်ချီးမြှင့်မည့် ဆုလက်ဆောင်များသည် အခြား မည့်သည့်ကုမ္ပဏီ၊ အဖွဲ့အစည်းကမှ ပံ့ပိုးကူညီထားခြင်း မရှိပါ။
  • Prudential Myanmar မဟုတ်သော အခြားအမှတ်တံဆိပ် သို့မဟုတ် အဖွဲ့အစည်းများက ယခုအစီအစဉ်တွင် ပါဝင်ပံ့ပိုးပေးထားခြင်း မရှိပါ။
  • ပရူဒန်ရှယ်အာမခံနှင့် သက်ဆိုင်ရာ မိခင်ကုမ္ပဏီများ၊ မိတ်ဖက်များ၊ လုပ်ငန်းခွဲများနှင့် ဆက်စပ်ကုမ္ပဏီများ၊ ၎င်းတို့နှင့် ဆက်စပ်နေသည့် ကြော်ငြာ သို့မဟုတ် အရောင်းမြှင့်တင်ရေး အေဂျင်စီများ သို့မဟုတ် ၎င်းတို့၏ ဝန်ထမ်းများ၊ ဒါရိုက်တာများ၊ အဖွဲ့ဝင်များ၊ ရှယ်ယာရှင်များ၊ ရှေ့နေများ၊ ကိုယ်စားလှယ်များနှင့် အေးဂျင့်များသည် (မိတ်ဖက်များဟု စုစည်းခေါ်ဝေါ်မည်) ပြိုင်ပွဲဝင်များ၏ လျှောက်လွှာများ၊ ပြိုင်ပွဲဝင်လျှောက်လွှာများကို အသုံးပြုခြင်း၊ အစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်သည့် ပြိုင်ပွဲဝင်ပိုစ့်များ သို့မဟုတ် အစီအစဉ်နှင့်ဆက်စပ်သည့် အခြားလှုပ်ရှားမှုများတွင် ပါဝင်ခြင်းများမှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ မတော်တဆဖြစ်စေ၊ နောက်ဆက်တွဲအကျိုးဆက်ကြောင့်ဖြစ်စေ၊ ရွေးချယ်ခံ (သို့) ပစ်မှတ်ထားခံရသော ထိခိုက်ဆုံးရှုံးမှုများကြောင့်ဖြစ်စေ အပါအဝင် အခြား ဖော်ပြမထားသော အကြောင်းအရာများကြောင့်ဖြစ်စေ ပေါ်ပေါက်လာသော မည်သည့် ထိခိုက်နစ်နာမှုများ (သို့) ဆုံးရှုံးမှုများကို ပရူဒန်ရှယ်အာမခံမှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိစေရပါ။
  • ဤအစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ပြိုင်ပွဲဝင်များသည် အပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရှိလာနိုင်သည့် (သို့မဟုတ်) ပေါ်ပေါက်လာနိုင်သည့် လုပ်ပိုင်ခွင့်များ၊ ရပိုင်ခွင့်များ၊ တောင်းဆိုချက်များ၊ လုပ်ဆောင်ချက်၏ ရလဒ်များ၊ ဆုံးရှုံးမှုများ၊ ထိခိုက်နစ်နာမှုများ၊ ကုန်ကျစရိတ်များ၊ အသုံးစရိတ်များ စသည့် တစ်ခုခုဖြစ်စေ၊ အားလုံးဖြစ်စေ ပရူဒန်ရှယ်အာမခံနှင့် ၎င်း၏မိတ်ဖက်များပေါ် သက်ရောက်မှု မရှိစေကြောင်း သဘောတူလက်ခံပြီးဖြစ်သည်ဟု သတ်မှတ်သည်။
  • ဤအစီအစဉ်မှနှုတ်ထွက်လိုသည့် ပြိုင်ပွဲဝင်များသည် ဆုရရှိသူစာရင်း မထုတ်ပြန်မီ ပရူဒန်ရှယ်အာမခံကို ကြိုတင်အကြောင်းကြားရပါမည်။ အကြောင်းကြားလိုပါက ပရူဒန်ရှယ်အာမခံ၏ Customer Service ဖုန်းနံပါတ် - ၀၉ ၇၇၀ ၁၁၀၀၁၀ ကို ခေါ်ဆိုပြီး သို့မဟုတ် ပရူဒန်ရှယ်အာမခံ Facebook စာမျက်နှာ၏ Messenger တွင် စာပို့ပြီး ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။
  • အကယ်၍အစီအစဉ်တွင် ဝင်ရောက်ထားမှုကို ဖျက်သိမ်းရန် သို့မဟုတ် အစီအစဉ်မှထွက်ရန် အကြောင်းကြားမှု တစ်စုံတစ်ရာ မရှိပါက ပြိုင်ပွဲဝင်များအား စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ၊ သေချာစွာ ဖတ်ရှုပြီး နားလည်သဘောပေါက်၊ သဘောတူလက်ခံပြီးဖြစ်သည်ဟု သတ်မှတ်သည်။
  • ပရူဒန်ရှယ်အာမခံ၏ ဆုံးဖြတ်ချက်တစ်ခုတည်းဖြင့် ဖော်ပြပါ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ပြင်ဆင်ခြင်း သို့မဟုတ် ပြိုင်ပွဲအား ပြင်ဆင်/ဖျက်သိမ်းခြင်း အချိန်မရွေး ပြုလုပ်နိုင်ပါသည်။
  • ဤအစီအစဉ်နှင့် စပ်လျဉ်း၍ ပရူဒန်ရှယ် အာမခံ၏ ဆုံးဖြတ်ချက်သာလျင် အပြီးသတ်အတည်ဖြစ်ပါသည်။
  • ပရူဒန်ရှယ်အာမခံမှ နောက်ထပ်ပြုလုပ်မည့် အစီအစဉ်များအတွက် အီးမေးလ် သို့မဟုတ် မိုဘိုင်းဖုန်းနံပါတ်မှတစ်ဆင့် လူကြီးမင်းအား ဆက်သွယ်နိုင်သည်။
  • အစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်လိုသူများ သို့မဟုတ် အစီအစဉ်အကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက ပရူဒန်ရှယ်အာမခံ၏ Customer Service ဖုန်း - ၀၉ ၇၇၀ ၁၁၀ ၀၁၀ သို့ အလုပ်ချိန်အတွင်း (တနင်္လာနေ့ မှ သောကြာနေ့ ၀၉:ဝo မှ ၁၇:၀၀) ဆက်သွယ်နိုင်ပါသည်။ သိုမဟုတ် ပရူဒန်ရှယ်အာမခံ Facebook စာမျက်နှာ၏ Messenger တွင် စာပို့ပြီး ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။
  • ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသား ထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

အခြားကမ်ပိန်းအစီအစဉ်များ

"ကျန်းမာပျော်ရွှင်မှုကို အဖြေရှာပြီး ဆုလက်ဆောင်တွေ ရယူလိုက်ကြရအောင်" အစီအစဉ်
Square

"ကျန်းမာပျော်ရွှင်မှုကို အဖြေရှာပြီး ဆုလက်ဆောင်တွေ ရယူလိုက်ကြရအောင်" အစီအစဉ်

24-11-2025 | 2 mins read
"မိသားစုအတွက် အကောင်းဆုံးလက်ဆောင်ကို ရှာဖွေပြီး ပရူဒန်ရှယ်နဲ့အတူ ဆုတွေယူ" အစီအစဉ်
Square

"မိသားစုအတွက် အကောင်းဆုံးလက်ဆောင်ကို ရှာဖွေပြီး ပရူဒန်ရှယ်နဲ့အတူ ဆုတွေယူ" အစီအစဉ်

02-10-2025 | 2 mins read
“အမေ့ကို ချစ်တဲ့အကြောင်းတွေပြောပြပြီး ဆုတွေရရှိမယ့်” အစီအစဉ်
Square

“အမေ့ကို ချစ်တဲ့အကြောင်းတွေပြောပြပြီး ဆုတွေရရှိမယ့်” အစီအစဉ်

09-05-2025 | 2 mins read
"ပိုကျန်းမာတဲ့ နှစ်သစ်ကို ရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ကာကွယ်" အစီအစဉ်
Square

"ပိုကျန်းမာတဲ့ နှစ်သစ်ကို ရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ကာကွယ်" အစီအစဉ်

01-04-2024 | 2 mins read
"လုံခြုံနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတ - AR Filter” အစီအစဉ်
Square

"လုံခြုံနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတ - AR Filter” အစီအစဉ်

20-01-2025 | 2 mins read
"ပိုမိုကျန်းမာတဲ့အနာဂတ်ကိုရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ ကာကွယ်" အစီအစဉ်
Square

"ပိုမိုကျန်းမာတဲ့အနာဂတ်ကိုရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ ကာကွယ်" အစီအစဉ်

30-06-2024 | 2 mins read
“သင်ချစ်ရတဲ့သူတွေအတွက် လုံခြုနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြလိုက်ပါ။” အစီအစဉ်
Square

“သင်ချစ်ရတဲ့သူတွေအတွက် လုံခြုနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြလိုက်ပါ။” အစီအစဉ်

01-02-2025 | 2 mins read