Personal
Disability
Should you become unable to work, a cash payout can provide you with income and keep you afloat
Health
From diagnosis to recovery may involve tests, scans, therapy, rehabilitation. The cost is huge
ရည်ရွယ်ချက်ဖြင့် ရှင်သန်နေထိုင်ခြင်း
ပရူဒန်ရှယ်အာမခံရဲ့ ရည်ရွယ်ချက်ကတော့ လူတွေကို ဘဝမှာ အကောင်းဆုံးနေထိုင်နိုင်အောင် ကူညီပေးဖို့ပါ။ ပရူဒန်ရှယ်အာမခံက ကျန်းမာရေး စောင့်ရှောက်မှုတွေကို ကုန်ကျစရိတ် သက်သာစွာနဲ့ အလွယ်တကူ လက်လှမ်းမီလာအောင် ဆောင်ရွက်ပေးနေတဲ့အပြင် လူတွေရဲ့ အလုပ်အကိုင်စီးပွား၊ ပိုင်ဆိုင်မှုတွေ တိုးပွားလာပြီး၊ သူတို့ရဲ့ ဘဝခရီးပန်းတိုင်အတွက် စုဆောင်းနိုင်အောင် အကာအကွယ် ပေးနေပါတယ်။
ဒီရည်ရွယ်ချက်နဲ့ ထပ်တူကျတဲ့သူတွေ၊ ကျွန်ုပ်တို့ရဲ့ စံနှုန်းနဲ့ ကိုက်ညီတဲ့သူတွေ၊ ရည်မှန်းချက်ပန်းတိုင်တွေကို အတူတကွ အကောင်အထည်ဖော်ချင်သူတွေကို လက်တွဲလုပ်ကိုင်ဖို့ ဖိတ်ခေါ်၊ ခန့်ထား လိုပါတယ်။ ဒီလိုဆောင်ရွက်ပေးနိုင်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိလာအောင် ကျွန်ုပ်တို့ တစ်ဦးချင်းစီက အကောင်းဆုံး ကြိုးစားသွားရမယ်လို့ ယုံကြည်ပါတယ်။ ကျွန်ုပ်တို့အားလုံး အခက်အခဲတွေကို ကျော်လွှားနိုင်အောင် ကြိုးစားရင်း၊ ကျရှုံးရင်း၊ သင်ယူရင်း အကောင်းတကာ့ အကောင်းဆုံးတွေ ဖန်တီးနိုင်မှာပါ။ အကောင်းဆုံးတွေထဲကမှ အများနဲ့မတူတဲ့ ထူးခြားပြောင်မြောက်မှုတွေ ဖြစ်လာနိုင်မှာပါ။
ကျွန်ုပ်တို့ရဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရာမှာ ကျွန်ုပ်တို့ရဲ့ လုပ်ဆောင်ချက်တွေက လူမှုအဖွဲ့အစည်းကို ဘယ်လိုအကျိုးပြုနေလဲ၊ တစ်ဦးနဲ့တစ်ဦး ကူညီထောက်ပံ့ဖို့ ဘာတွေလုပ်ဆောင်နေလဲ စတဲ့အရာတွေကနေ သက်သေပြသွားမှာပါ။
လူတွေအားလုံး ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်တဲ့ အနာဂတ်တစ်ခု ဖြစ်လာအောင် မနေမနား မျှော်မှန်းလျှောက်လှမ်းနေတဲ့အတွက် Customer တွေကို ဦးစားပေး ဝန်ဆောင်မှုပေးဖို့၊ ဖြောင့်မတ်မှန်ကန်စွာ လုပ်ကိုင်ဖို့၊ တိုးတက်ပြောင်းလဲမှုတွေကို လက်ခံကျင့်သုံးဖို့၊ လူမှုအသိုင်းအဝိုင်း အကျိုးစီးပွားအတွက် ရင်းနှီးမြုပ်နှံဖို့နဲ့ ရှေရည်လုပ်ကိုင်ဖို့ ရည်ရွယ်ထားတာကြောင့် ရှေရှည်ကြည့်ဖို့ စတဲ့ ကျွန်ုပ်တို့ရဲ့ အခြေခံမူတွေကို ယခင်အတိုင်း မယိမ်းယိုင်ပဲ စွဲစွဲမြဲမြဲ လိုက်နာသွားမှာပါ။
ကျွန်ုပ်တို့ ဘယ်သူဆိုတာ အကောင်းဆုံး ဖော်ပြပေးနေတဲ့ စံနှုန်းတွေကတော့ ရည်မှန်းချက် မြင့်မားမှု၊ စူးစမ်းလေ့လာလိုမှု၊ စာနာထောက်ထားမှု၊ ရဲရင့်မှုနဲ့ တက်ကြွမြန်ဆန်မှု တွေဖြစ်ပြီး ဒါတွေကပဲ ကျွန်ုပ်တို့ကို အောင်မြင်မှုတွေ ရရှိနိုင်အောင် ဖန်တီးပေးနေတာပါ။
ပရူဒန်ရှယ်အာမခံကို သင့်အတွက် ချိတ်ဆက်၊ တိုးတက်၊ အောင်မြင်နိုင်တဲ့ နေရာတစ်ခုလို့ ယုံကြည်ပေးတဲ့အတွက် ဂုဏ်ယူမိသလို သင့်ရဲ့ ယုံကြည်မှုကို အသိအမှတ်ပြုပါတယ်။
ပြည်တွင်းမှာ လက်ရှိ ခေါ်ယူနေတဲ့ အလုပ်အကိုင်တွေကို ကြည့်ရှုဖို့ အောက်ပါစာမျက်နှာကို ဝင်ရောက်ပါ။
ကျွန်ုပ်တို့ရဲ့ ဝန်ထမ်းအဖွဲ့တွေက တီထွင်ဆန်းသစ်မှု အားကောင်းပြီး လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်လေ့ ရှိကြပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်ရာမှာ တစ်ဦးပေါ်တစ်ဦး လေးစားမှု၊ ရိုးသားဖြောင့်မတ်မှု၊ အဖွဲ့လိုက်လုပ်ဆောင်မှု စတဲ့အရာတွေ လိုအပ်ပါတယ်။ ကျွန်ုပ်တို့ ကုမ္ပဏီက ယခင်ကရှိပြီးသား ကြွယ်ဝတဲ့ အမွေအနှစ်တွေကို အခြေခံပြီး တည်ထောင်ထားပေမဲ့ အနာဂတ်မှာ ဆောင်ရွက်သွားမယ့် အစီအစဉ်တွေအတွက် ခွန်အားသစ်၊ အတွေးအမြင်သစ်တွေ လိုအပ်နေပါတယ်။
ဆက်သွယ်နိုင်မည့် အချက်အလက်များကို ဖြည့်ပါ။ ပရူဒန်ရှယ် အာမခံအကြံပေးမှ သင်နှင့် သင့်တော်မည့်အာမခံအမျိုးအစားများကို အသေးစိတ်ရှင်းပြပေးပါလိမ့်မည်။