Personal
Disability
Should you become unable to work, a cash payout can provide you with income and keep you afloat
Health
From diagnosis to recovery may involve tests, scans, therapy, rehabilitation. The cost is huge
Personal Accident Insurance
မျှော်လင့်မထားတဲ့ မတော်တဆအဖြစ်အပျက်တွေအတွက် အသက်အာမခံအကာအကွယ်နဲ့ ကြိုတင်ပြင်ဆင်လိုက်ပါ။
မတော်တဆမှုတစ်စုံတစ်ခုနဲ့ ကြုံတွေ့ရတဲ့အခါမှာ Personal Accident Insurance (ကိုယ်အင်္ဂါထိခိုက်မှု အာမခံ) က ငွေရေးကြေးရေးအတွက် ကာကွယ်ပေးမှာဖြစ်သလို စိတ်အေးချမ်းမှုကိုလည်း ရရှိစေမှာဖြစ်ပါတယ်။ Personal Accident Insurance (ကိုယ်အင်္ဂါထိခိုက်မှု အာမခံ) က မတော်တဆထိခိုက်မှုကြောင့် ဖြစ်လာနိုင်တဲ့ အသက်သေဆုံးမှု၊ လုံးဝနဲ့ ထာဝစဉ်မသန်စွမ်းဖြစ်မှု၊ ထိခိုက်ဒဏ်ရာရရှိတဲ့အခါနဲ့ ဆေးရုံတက်ရောက်ကုသရတဲ့အချိန်မှာ ကုန်ကျတဲ့ငွေကြေးတွေကို ပေးအပ်သွားမှာဖြစ်ပါတယ်။
အာမခံအကာအကွယ် ဝယ်ယူနိုင်ဖို့အတွက် သတ်မှတ်ချက်များ
အသက် (၁၆) နှစ်ကနေ (၆၅) နှစ်အတွင်း ဘယ်သူမဆို ကိုယ်အင်္ဂါထိခိုက်မှု အာမခံအကာအကွယ်ကို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အာမခံသက်တမ်းကုန်ဆုံးမယ့် အသက်အရွယ်ကတော့ အသက် (၆၅) နှစ်မှာ ဖြစ်ပါတယ်။ ဒီအာမခံအကာအကွယ်အတွက် အာမခံထားရှိသူရဲ့ လာမယ့်မွေးနေ့အပေါ်မူတည်ပြီး အသက်ကို တွက်ချက်သွားမှာဖြစ်ပါတယ်။
အသက် (၁၈) နှစ်အောက် အသက်အရွယ်ရှိသူတွေအတွက် မိဘ ဒါမှမဟုတ် အုပ်ထိန်းသူက အာမခံပေါ်လစီကိုင်ဆောင်ထားသူအနေနဲ့ ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။
အာမခံအစီအစဥ် သက်တမ်းနဲ့ အကာအကွယ်ပမာဏ (စုစုပေါင်း အာမခံထားသည့် ငွေပမာဏ)
အဓိကရရှိနိုင်မယ့် အကျိုးခံစားခွင့်များ
မတော်တဆထိခိုက်မှုကြောင့် သေဆုံးမှု
ဒီအကျိုးခံစားခွင့်မှာ စုစုပေါင်း အာမခံထားငွေကို အကျိုးခံစားခွင့်ရှိသူထံ တစ်လုံးတစ်ခဲတည်း ပေးအပ်သွားမှာဖြစ်ပါတယ်။
လုံးဝနှင့် ထာဝစဉ် မသန်စွမ်းဖြစ်ခြင်း
မတော်တဆထိခိုက်မှုကြောင့် ဒဏ်ရာအနာတရဖြစ်ခြင်း
ဆရာဝန်ရဲ့ စစ်ဆေးသတ်မှတ်ချက်အပေါ်မူတည်ပြီး အကျိုးခံစားခွင့်ကို ရရှိမှာဖြစ်ပါတယ်။
မတော်တဆထိခိုက်မှုကြောင့်ဆေးရုံတက်ကုသရခြင်း/မတော်တဆမှုကြောင့် အလုပ်မလုပ်နိုင်ခြင်း
အာမခံထားငွေရဲ့ ၃% နဲ့ အများဆုံး အာမခံထားငွေရဲ့ ၁၅% အထိ အကျိုးခံစားခွင့် ရရှိမှာဖြစ်ပါတယ်။
အောက်မှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေကြောင့်ဖြစ်ဖြစ်၊ အကျိုးဆက်တွေကြောင့်ဖြစ်ဖြစ် ဖြစ်ပေါ်လာတဲ့ သေဆုံးခြင်း၊ လုံးဝနှင့် ထာဝစဉ် မသန်စွမ်းဖြစ်ခြင်းနဲ့ ထိခိုက်ဒဏ်ရာရခြင်း အစရှိတဲ့အခြေအနေတွေက အကျုံးဝင်မှာ မဟုတ်ပါ။
ဒဏ်ရာရမှု၊ မစွမ်းမသန်ဖြစ်မှုနဲ့ သေဆုံးမှုအတွက် ကုမ္ပဏီက ဆရာဝန်တွေက အလောင်းကို ခွဲစိတ်စစ်ဆေးမှု (Post-mortem Examination) အပါအဝင် လိုအပ်သလို စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
လုံးဝနှင့် ထာဝစဉ် မသန်စွမ်း ဖြစ်ခြင်းအတွက် အကျိုးခံစားခွင့်ကို တခြားအကျိုးခံစားခွင့်နဲ့ ပူးတွဲခံစားခွင့်မရှိပါ။
၂၁ ရက်တာ အခမဲ့လေ့လာခွင့်ကာလ: သင့်အနေနှင့် အာမခံပေါ်လစီကို လက်ခံရရှိသည့်အချိန်မှစ၍ ပြက္ခဒိန်ရက် (၂၁) ရက် အတွင်း ပေါ်လစီပါအချက်အလက် နှင့် အကျိုးခံစားခွင့်၊ ကန့်သတ်ချက်များအကြောင်း အသေးစိတ် ဖတ်ရှုလေ့လာနိုင်ပါသည်။ အဆိုပါကာလအတွင်း ပေါ်လစီပါ အချက်အလက်များက သင့်လိုအပ်ချက်များနှင့် ကိုက်ညီမှုမရှိပါက ပေါ်လစီကို ပယ်ဖျက်နိုင်မည်ဖြစ်သည်။ အဆိုပါကာလအတွင်း အခမဲ့လေ့လာခွင့်ကာလ ဖောင်တွင် အချက်အလက်ဖြည့်သွင်းပြီး တင်သွင်းခဲ့ပါက ပရီမီယံကြေးစုစုပေါင်းထဲမှ ဆေးစစ်သည့်ကုန်ကျစရိတ် တစ်စုံတစ်ရာရှိပါက ထိုကုန်ကျစရိတ်ကို နုတ်ပြီး ပြန်လည်ပေးချေသွားမည်ဖြစ်သည်။
အခြားအသက်အာမခံအစီအစဉ်များ
PRUHealth နဲ့ဆိုရင် ကျန်းမာရေးဆိုင်ရာအရေးပေါ်အခြေအနေတွေမှာသာမက သေဆုံးချိန်မှာပါ ငွေကြေးဆိုင်ရာလုံခြုံစိတ်ချမှုကို ပေးစွမ်းနိုင်မှာပါ။
ဒို့တွေတကယ် လုံခြုံမှုပေးပါတယ်။ တန်ဖိုးကြီးမားတဲ့ကုသမှုတွေအတွက် ငွေကြေးထောက်ပံ့မှု။
သင်နဲ့ သင့်မိသားစုကို ချေးငွေကြောင့် ဘဝမှာ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့ ကာကွယ်ပေးသွားမှာပါ။
ဒို့တွေတကယ်လုံခြုံမှုထက်ပိုတဲ့ ဝန်ဆောင်မှုတွေ ပေးအပ်နေပါတယ် သင့်မိသားစု တကယ်လိုအပ်နေတဲ့အချိန်မှာ ငွေကြေးထောက်ပံ့မှု ရရှိနိုင်မှာပါ။
PRUScholar အသက်အာမခံဟာ သင့်ကလေးရဲ့ ပညာရေးအတွက် ငွေကြေးဆိုင်ရာ လုံခြုံစိတ်ချမှုပေးနိုင်လို့ သင့်ကလေးရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အကောင်းဆုံးပါပဲ။
အာမခံအကြောင်း အသေးစိတ်လေ့လာလိုလျှင်
Life protection plans keep your family financially secure and pass your successes for them
Health insurance can help to reduce your financial burden when your wellbeing is in jeopardy
ဆက်သွယ်နိုင်မည့် အချက်အလက်များကို ဖြည့်ပါ။ ပရူဒန်ရှယ်အာမခံအကြံပေးမှ သင်နှင့် သင့်တော်မည့်အာမခံအမျိုးအစားများကို အသေးစိတ်ရှင်းပြပေးပါမည်။