ပျော်ရွှင်ကျန်းမာ နေ့သစ်တိုင်းမှာ ပရူဒန်ရှယ် အာမခံနဲ့ ကာကွယ်ပါ” ဗီဒီယိုထဲမှ ထူးခြားချက်များကို ရှာဖွေပြီး ပရူဒန်ရှယ် ကျောပိုးအိတ်နှင့် Waist Bag လက်‌ဆောင် ရယူနိုင်မယ့် အစီအစဉ်ကို ပရူဒန်ရှယ်အာမခံ (Prudential Myanmar) မှကြီးမှူးကျင်းပခြင်းဖြစ်ပါသည်။

အစီအစဉ် ကာလမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့မှ နိုဝင်ဘာလ (၈ ) ရက်နေ့၊ မြန်မာစံတော်ချိန် ၂၃ နာရီ ၅၉ မိနစ်အထိ သတ်မှတ်ထားပါသည်။

ဤအစီအစဉ်တွင် ပါဝင်ခြင်း အားဖြင့် ပါဝင်သူ ("သင်") သည် ဤစာမျက်နှာတွင် ဖော်ပြထားသော စည်းမျဉ်း စည်းကမ်းများအား သဘောတူလိုက်နာပြီး ဖြစ်သည်။

စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်ရှိပါသည်။

 

အစီအစဉ်မှာ ပါ၀င်ပြီး လက်ဆောင်ကို ဘယ်လိုရယူမလဲ?

  • ဗီဒီယိုကို Like & Share လုပ်ပေးရပါမယ်။
  • ကိုယ်ခန့်မှန်းချင်သူ တစ်ယောက်ရဲ့  အမည်နဲ့ သူ့ရဲ့ လူကြီး Version ပုံကို Screenshot လုပ်ပြီး ဒီပိုစ့်အောက်မှာ Comment ပေးပေး ရပါမယ်။

 

ဆုလက်ဆောင်များ 

  • ပရူဒန်ရှယ် အာမခံကျောပိုးအိတ် - ၃ ဆု
  • ပရူဒန်ရှယ် အာမခံ Waist Bag - ၇ ဆု

 

အစီအစဉ်၏ သတ်မှတ်ချက် စံချိန်စံနှုန်းများ

  • ပရူဒန်ရှယ်အာမခံသည် ပါဝင်သူများထဲမှ ကံထူးရှင် ကျပန်းရွေးချယ်ပြီး အထက်ဖော်ပြပါ ဆုလက်ဆောင်များကို ပေးအပ်ပါမည်။
  • ဆုရရှိသူများကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် Facebook Page တွင် ကြေငြာမည်ဖြစ်ပါသည်။
  • ဆုရရှိသူများကို ပရူဒန်ရှယ်အာမခံ မှ ဖုန်း သို့မဟုတ် Facebook Messenger တွင်လည်း ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်မှ ၂၀ ရက်အတွင်း ဆက်သွယ်အကြောင်းကြားပေးပါမည်။

 

လက်ဆောင် ထုတ်ပေးခြင်း

  • ဆုရရှိသူများသည် မိမိတို့ထံ ဆက်သွယ်နိုင်သည့် လိပ်စာနှင့်ဖုန်းနံပါတ်များကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း Facebook Messenger တွင် ပြန်လည်ပေးပို့ရမည် ဖြစ်ပါသည်။
  • သတ်မှတ်ထားသော ရက်ထက်‌ကျော်လွန်ပြီးမှ လိပ်စာပေးပို့လာသူများသည် ဆုလက်ခံရရှိမည် မဟုတ်ပါ။ လိပ်စာနှင့် ဖုန်းနံပါတ်များ ရရှိပြီး၊ ဆုလက်ဆောင်များကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း ပရူဒန်ရှယ်အာမခံမှ ဆုရရှိသူများထံ ပြန်လည်ပေးပို့သွားပါမယ်။
  • လိပ်စာနှင့် ဖုန်းနံပါတ် ပြန်လည်ပေးပို့ခြင်း မရှိသူများ နှင့် ဆက်သွယ်၍ မရနိုင်သူများကို ဆုရရှိသူ စာရင်း မှ ပယ်ဖျက်ပါမည်။ အစားထိုး ဆုရရှိသူကိုလည်း ထပ်မံရွေးချယ်ပေးမည် မဟုတ်ပါ။
  • ပရူဒန်ရှယ်အာမခံအနေဖြင့် ကြိုတင်အသိပေးထားခြင်းမရှိဘဲ အခြားသော အလားတူ တန်ဖိုးချင်းညီမျှသောအရာနှင့် အစားထိုးလဲလှယ်ပိုင်ခွင့်ရှိသည်။ မမျှော်မှန်းနိုင်သော အခြေအနေ အရ မဖြစ်မနေ ဆုများကို ပြောင်းလဲရခြင်း ဖြစ်လျှင် ပရူဒန်ရှယ်အာမခံသည် တန်ဖိုးတူ ဆုများကို အစားထိုးပေးနိုင်သည်။
  • ဆုရရှိကြောင်း ကြေညာချိန်တွင် ဆုရရှိသူများသည် သူတို့၏ Facebook စာမျက်နှာတွင် ပို့စ်တင်ထားရမည်ဖြစ်ပြီး၊ ဆုရရှိကြောင်း ကြေငြာပြီးချိန်တွင် ပိုစ့်အား ဖြုတ်ချထားခြင်းများ တွေ့ရှိပါကလည်း အဆိုပါ ဆုရရှိသူများကို အကြောင်းကြားခြင်းမပြုဘဲ ထုတ်ပယ်မည်ဖြစ်သည်။  ပရူဒန်ရှယ်အာမခံသည် ဆုရရှိသူများအား ထုတ်ပြန်ပြီးနောက် တဖန် ပြန်လည် ရွေးချယ်နိုင်သည့်အခွင့်အရေး ရှိသည်။ 
  • ယခုအစီအစဉ်ကို ပရူဒန်ရှယ်အာမခံအပြင် အခြားသော အမှတ်တံဆိပ် (သို့မဟုတ်) အဖွဲ့အစည်းက ပံ့ပိုးကူညီထားခြင်းမရှိပါ။
  • ပရူဒန်ရှယ်အာမခံနှင့် သက်ဆိုင်ရာ မိဘများ၊ လုပ်ငန်းခွဲများနှင့် ဆက်စပ်ကုမ္ပဏီများ၊ ၎င်းတို့နှင့် ဆက်စပ်နေသည့် ကြော်ငြာ သို့မဟုတ် အရောင်းမြှင့်တင်ရေး အေဂျင်စီများ သို့မဟုတ် ၎င်းတို့၏ ဝန်ထမ်းများ၊ ဒါရိုက်တာများ၊ အဖွဲ့ဝင်များ၊ ရှယ်ယာရှင်များ၊ ရှေ့နေများ၊ သည် (မိတ်ဖက်များဟု စုစည်းခေါ်ဝေါ်မည်) ပါဝင်သူများများ၏ လျှောက်လွှာများ၊ ပြိုင်ပွဲဝင်လျှောက်လွှာများကို အသုံးပြုခြင်း၊ အစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်သည့် ပြိုင်ပွဲဝင်ပိုစ့်များ သိုမဟုတ် အစီအစဉ်နှင့်ဆက်စပ်သည့် အခြားလှုပ်ရှားမှုများတွင် ပါဝင်ခြင်းများမှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ မတော်တဆဖြစ်စေ၊ နောက်ဆက်တွဲအကျိုးဆက်ကြောင့်ဖြစ်စေ၊ ရွေးချယ်ခံ (သို့) ပစ်မှတ်ထားခံရသော ထိခိုက်ဆုံးရှုံးမှုများကြောင့်ဖြစ်စေ အပါအဝင် အခြား ဖော်ပြမထားသော အကြောင်းအရာများကြောင့်ဖြစ်စေ ပေါ်ပေါက်လာသော မည်သည့် ထိခိုက်နစ်နာမှုများ (သို့) ဆုံးရှုံးမှုများကို ပရူဒန်ရှယ်အာမခံမှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိစေရပါ။
  • ဤအစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ပါဝင်သူများသည် အပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရှိလာနိုင်သည့် (သို့မဟုတ်) ပေါ်ပေါက်လာနိုင်သည့် လုပ်ပိုင်ခွင့်များ၊ ရပိုင်ခွင့်များ၊ တောင်းဆိုချက်များ၊ လုပ်ဆောင်ချက်၏ ရလဒ်များ၊ ဆုံးရှုံးမှုများ၊ ထိခိုက်နစ်နာမှုများ၊ ကုန်ကျစရိတ်များ၊ အသုံးစရိတ်များ စသည့် တစ်ခုခုဖြစ်စေ၊ အားလုံးဖြစ်စေ ပရူဒန်ရှယ်အာမခံနှင့် ၎င်း၏မိတ်ဖက်များပေါ် သက်ရောက်မှု မရှိစေကြောင်း သဘောတူလက်ခံပြီးဖြစ်သည်ဟု သတ်မှတ်သည်။
  • ဤအစီအစဉ်မှ နှုတ်ထွက်ရန်ဆန္ဒရှိသူများသည် ပရူဒန်ရှယ်အာမခံသို့ အကြောင်းကြားရန်လိုအပ်ပါမည်။  ထိုသို့ အကြောင်းကြားရာတွင် ပရူဒန်ရှယ်အာမခံ၏ Customer Service ဖုန်း - ၀၉ ၇၇၀ ၁၁၀ ၀၁၀ သို့ လည်းကောင်း သို့မဟုတ် ပရူဒန်ရှယ်အာမခံ Facebook စာမျက်နှာ၏ Messenger တွင် စာပို့ပြီး ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။
  • အကယ်၍ ဤအစီအစဉ်တွင် ဝင်ရောက်ထားမှုကို ဖျက်သိမ်းရန် သို့မဟုတ် အစီအစဉ်မှ ထွက်ရန် အကြောင်းကြားမှု တစ်စုံတစ်ရာ မရှိပါက ပါဝင်သူများအား စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ၊ သေချာစွာ ဖတ်ရှုပြီး နားလည်သဘောပေါက်၊ သဘောတူလက်ခံပြီးဖြစ်သည်ဟု သတ်မှတ်သည်။
  • ပရူဒန်ရှယ်အာမခံ၏ ဆုံးဖြတ်ချက်တစ်ခုတည်းဖြင့် ဖော်ပြပါ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ပြင်ဆင်ခြင်း သို့မဟုတ် ပြိုင်ပွဲအား ပြင်ဆင်/ဖျက်သိမ်းခြင်း အချိန်မရွေး ပြုလုပ်နိုင်ပါသည်။
  • အဆိုပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပရူဒန်ရှယ် အာမခံ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။
  • ပရူဒန်ရှယ်အာမခံမှ နောက်ထပ်ပြုလုပ်မည့် အစီအစဉ်များအတွက် အီးမေးလ် သို့မဟုတ် မိုဘိုင်းဖုန်းနံပါတ်မှတစ်ဆင့် လူကြီးမင်းအား ဆက်သွယ်နိုင်သည်။
  • ဤအစီအစဉ်တွင် ပါဝင်လိုသူများ သို့မဟုတ် ကမ်ပိန်းအကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက ပရူဒန်ရှယ်အာမခံ၏ Customer Service ဖုန်း - ၀၉ ၇၇၀ ၁၁၀ ၀၁၀ သို့ အလုပ်ချိန်အတွင်း (တနင်္လာနေ့ မှ သောကြာနေ့ မနက် ၈ နာရီခွဲ မှ ည ၁၀ နာရီခွဲ အတွင်း) ဆက်သွယ်နိုင်ပါသည်။ သို့မဟုတ် ပရူဒန်ရှယ်အာမခံ Facebook စာမျက်နှာ၏ Messenger တွင် စာပို့ပြီး ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

အခြားကမ်ပိန်းအစီအစဉ်များ

"ကျန်းမာပျော်ရွှင်မှုကို အဖြေရှာပြီး ဆုလက်ဆောင်တွေ ရယူလိုက်ကြရအောင်" အစီအစဉ်
Square

"ကျန်းမာပျော်ရွှင်မှုကို အဖြေရှာပြီး ဆုလက်ဆောင်တွေ ရယူလိုက်ကြရအောင်" အစီအစဉ်

24-11-2025 | 2 mins read
"မိသားစုအတွက် အကောင်းဆုံးလက်ဆောင်ကို ရှာဖွေပြီး ပရူဒန်ရှယ်နဲ့အတူ ဆုတွေယူ" အစီအစဉ်
Square

"မိသားစုအတွက် အကောင်းဆုံးလက်ဆောင်ကို ရှာဖွေပြီး ပရူဒန်ရှယ်နဲ့အတူ ဆုတွေယူ" အစီအစဉ်

02-10-2025 | 2 mins read
“အမေ့ကို ချစ်တဲ့အကြောင်းတွေပြောပြပြီး ဆုတွေရရှိမယ့်” အစီအစဉ်
Square

“အမေ့ကို ချစ်တဲ့အကြောင်းတွေပြောပြပြီး ဆုတွေရရှိမယ့်” အစီအစဉ်

09-05-2025 | 2 mins read
"ပိုကျန်းမာတဲ့ နှစ်သစ်ကို ရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ကာကွယ်" အစီအစဉ်
Square

"ပိုကျန်းမာတဲ့ နှစ်သစ်ကို ရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ကာကွယ်" အစီအစဉ်

01-04-2024 | 2 mins read
"လုံခြုံနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတ - AR Filter” အစီအစဉ်
Square

"လုံခြုံနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတ - AR Filter” အစီအစဉ်

20-01-2025 | 2 mins read
"ပိုမိုကျန်းမာတဲ့အနာဂတ်ကိုရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ ကာကွယ်" အစီအစဉ်
Square

"ပိုမိုကျန်းမာတဲ့အနာဂတ်ကိုရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ ကာကွယ်" အစီအစဉ်

30-06-2024 | 2 mins read
“သင်ချစ်ရတဲ့သူတွေအတွက် လုံခြုနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြလိုက်ပါ။” အစီအစဉ်
Square

“သင်ချစ်ရတဲ့သူတွေအတွက် လုံခြုနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြလိုက်ပါ။” အစီအစဉ်

01-02-2025 | 2 mins read