Personal
Disability
Should you become unable to work, a cash payout can provide you with income and keep you afloat
Health
From diagnosis to recovery may involve tests, scans, therapy, rehabilitation. The cost is huge
PRUFlexiprotect PLUS
သင့်ရွေးချယ်မှုအလိုက် ဒို့တွေတကယ် လုံခြုံမှုပေးပါတယ်။ သင်နဲ့ သင်ချစ်ရသူတွေအတွက် တကယ်လိုအပ်နေချိန်မှာ ငွေကြေးထောက်ပံ့မှု ရရှိနိုင်မှာပါ။
PRUFlexiprotect PLUS က လိုအပ်ချက်အလိုက် သတ်မှတ်ဝယ်ယူလို့ရနိုင်တဲ့ အာမခံအကာအကွယ်အစီအစဉ် ဖြစ်ပါတယ်။ ကိုယ်နဲ့သင့်တော်တဲ့ အာမခံအမျိုးအစား၊ အာမခံသက်တမ်းနဲ့ အကာအကွယ်ပမာဏ စသဖြင့် ရွေးချယ်နိုင်မှာပါ။
သင် (သို့) သင့်မိသားစုအတွက် လိုအပ်ချိန်တွင် ငွေကြေးအလွယ်တကူရရှိနိုင်ခြင်း
အသက်သေဆုံးခြင်းဖြစ်ပေါ်ခဲ့ပါက PRUFlexiprotect PLUS ၏ အာမခံထားငွေအား အကျိုးခံစားခွင့်ရှိသူများထံ ချက်ချင်းပေးအပ်သွားမည်ဖြစ်သည်။ယခုအာမခံအကာအကွယ်အား အနည်းဆုံးမြန်မာငွေ သိန်း (၃,၀၀၀,၀၀၀) ကျပ် အာမခံထားငွေထားရှိပြီး ဝယ်ယူနိုင်ပါသည်။
သင့်အတွက် အဆင်ပြေသင့်တော်သည့် ငွေပေးချေမှုပုံစံနှင့် အာမခံထားလိုသည့်ကာလကို ရွေးချယ်နိုင်ခြင်း
အာမခံကာလကို (၁၀)နှစ်၊ (၁၅) နှစ် သို့မဟုတ် (၂၀)နှစ်အထိ ရွေးချယ်ဝယ်ယူနိုင်ပြီး အသက် ၆၅ နှစ်မတိုင်ခင်အထိ မိမိဝယ်ယူထားသည့် အာမခံကာလသက်တမ်းကုန်ဆုံးတိုင်း ပရီမီယံကြေးပေးသွင်းကာ လွယ်ကူရိုးရှင်းစွာ ပြန်လည်သက်တမ်းတိုးနိုင်မည်ဖြစ်သည်။ ပရီမီယံကြေးကို နှစ်စဉ်၊ တစ်နှစ်နှစ်ခါ ၊ သုံးလတစ်ခါ သို့မဟုတ် တစ်လတစ်ခါပေးသွင်းနိုင်မည်ဖြစ်ပါသည်။
အာမခံကာလ
၁၀ နှစ်
၁၅ နှစ်
၂၀ နှစ်
ငွေပေးသွင်းနိုင်သည့်ကာလ
အာမခံထားနိုင်သည့် အမြင့်ဆုံးအသက်အရွယ် သတ်မှတ်ချက်/သက်တမ်းတိုးနိုင်သည့်အသက်အရွယ်
၅၅ နှစ်
၅၀ နှစ်
၄၅ နှစ်
အာမခံထားနိုင်သည့်အမြင့်ဆုံးအသက်အရွယ်
၆၅ နှစ်
သင်ပေးသွင်းထားတဲ့ ပေးသွင်းငွေတွေအပြင် တခြားအကျိုးခံစားခွင့်တွေကိုပါ ရယူလိုက်ပါ။
အာမခံကာလပြီးဆုံးတိုင်း သင်ပေးသွင်းထားသည့် ပမာဏ၏ ၁၀၃ ရာခိုင်နှုန်းနှင့် ညီမျှသောပမာဏကို ပေါ်လစီသက်တမ်းကုန်ချိန်၌ အကျိုးခံစားခွင့်အဖြစ် ရရှိနိုင်မည်ဖြစ်သည်။ ထိုပမာဏတွင် အခြေခံအစီအစဉ်အတွက် ပရီမီယံကြေးပေးသွင်းမှုနှင့် ထပ်ဆောင်းအကျိုးခံစားခွင့် (ရှိပါက) ပါဝင်မည်ဖြစ်သည်။
မတော်မဆထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်
ယခုအကျိုးခံစားခွင့်တွင် ကိုယ်ပိုင်အာမခံနစ်နာကြေးပါဝင်ပြီး အာမခံဝယ်ယူထားသူအနေဖြင့် မတော်တဆထိခိုက်မှုကြောင့် အသက်သေဆုံးသွားခဲ့လျှင် နစ်နာကြေးရရှိနိုင်မည်ဖြစ်သည်။
မတော်တဆသေဆုံးမှုအတွက် နှစ်ထပ်ကွမ်းအကျိုးခံစားခွင့်
အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးနည်းလမ်းများဖြင့် သွားလာနေစဉ်အချိန်အတွင်း မတော်တဆထိခိုက်မှုဖြစ်ပေါ်၍ အသက်သေဆုံးခဲ့ပါက ယခုအကျိုးခံစားခွင့်သည် မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်မှ ရရှိမည့် အာမခံနစ်နာကြေးပမာဏ၏ နှစ်ဆရရှိနိုင်မည်ဖြစ်သည်။ အကျုံးဝင်သော သယ်ယူပို့ဆောင်ရေးနည်းလမ်းများမှာ ကုန်တင်ရထားများ (မြို့ပတ်ရထားများ အပါအဝင်) ၊ ခရီးသည်မှ စီးနင်းကြေးပေးရသော ပုံသေလမ်းကြောင်းများဖြင့် သွားလာနေသည့် ဘက်စ်ကားများ၊ လေကြောင်းလိုင်းများ၊ သင်္ဘောများနှင့် ဖယ်ရီများ အပါအဝင်ဖြစ်သည်။
အပြင်းအထန်နာမကျန်းမှုဖြစ်ပေါ်ပါက ရရှိနိုင်မည့် အကျိုးခံစားခွင့်
အာမခံဝယ်ယူထားသူအနေဖြင့် ယခုအာမခံအကာအကွယ်အတွက် အကျုံးဝင်သော အပြင်းအထန်နာမကျန်းမှု ရောဂါအမျိုးအစားပေါင်း (၂၀) အနက် ရောဂါတစ်မျိုးမျိုးကြောင့် ဆေးကုသမှုခံယူရပါက ဆေးကုသစရိတ်ကို ငွေကြေးထောက်ပံ့ပေးသွားမည့် အကျိုးခံစားခွင့်ပါဝင်ပါသည်။ ရောဂါကုသမှုအစောပိုင်းတွင် ယခုအကျိုးခံစားခွင့်၏ အာမခံထားရှိငွေမှ (၂၅) ရာခိုင်နှုန်းကို ကြိုတင်ပေးအပ်သွားမည်ဖြစ်သည်။ ရောဂါကုသမှုနှောင်းပိုင်းတွင် ယခုအကျိုးခံစားခွင့်၏ အာမခံထားရှိငွေ (၁၀၀)ရာခိုင်နှုန်း သို့မဟုတ် ကုသမှုအစောပိုင်းတွင် နစ်နာကြေးရယူပြီးပါက ကျန်ရှိသည့် (၇၅)ရာခိုင်နှုန်းကို ပေးအပ်သွားမည်ဖြစ်သည်။
အစောပိုင်းအဆင့် အပြင်းအထန် နာမကျန်းဖြစ်ခြင်း
နောက်ဆုံးအဆင့် အပြင်းအထန် နာမကျန်းဖြစ်ခြင်း
ကင်ဆာအစောပိုင်းအဆင့် - ကင်ဆာဆဲလ်စတင်ပြန့်ပွားချိန်နှင့် သတ်မှတ်ထားသော ကိုယ်တွင်းအင်္ဂါများ၏ ကင်ဆာအစောပိုင်းအဆင့်
ပြင်းထန်သည့် ကင်ဆာရောဂါ
Defibrillator သို့မဟုတ် နှလုံးခုန်စက် ထည့်ခြင်း
သတ်မှတ်ထားသော ပြင်းထန်သည့် နှလုံးဖောက်မှု
မှတ်ချက် - အထက်ပါရောဂါများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ပြည့်ပြည့်စုံစုံ သိရှိလိုပါက ပရူဒန်ရှယ်အာမခံ၏ အရောင်းကိုယ်စားလှယ်များအား မေးမြန်းနိုင်ပါသည်။
PRUFlexiprotect PLUS နဲ့အတူ အခွန်သက်သာခွင့်ကို ရယူလိုက်ပါ။
ယခုအာမခံအကာအကွယ်အတွက် ပရီမီယံကြေးများပေးဆောင်ရာတွင် အခွန်ငွေသက်သာခွင့် ရရှိနိုင်မည်ဖြစ်ပါသည်။ နှစ်စဉ်ဝင်ငွေခွန်ကို လျှော့ပေးနိုင်ပြီး သင်ပေးဆောင်ရမည့် ပရီမီယံကြေးပမာဏကိုလည်း သက်သာစေနိုင်မည်ဖြစ်သည်။ ပရူဒန်ရှယ်အာမခံ၏ PRUTax Calculator သည် သင်ရယူနိုင်မည့် ဝင်ငွေခွန်နုတ်ယူမှုပမာဏ၏ ခန့်မှန်းခြေကို တွက်ချက်ပေးသွားမည်ဖြစ်သည်။ နှစ်စဉ်ဝင်ငွေခွန်နုတ်ယူခြင်းဖြင့် အာမခံပရီမီယံကြေးပေးသွင်းခြင်းကို လျှောက်ထားနိုင်ရန်အတွက် ကျွမ်းကျင်သူများနှင့် ဆွေးနွေးတိုင်ပင်ရန် ပရူဒန်ရှယ်အာမခံအနေဖြင့် အကြံပေးလိုပါသည်။
အခြားအသက်အာမခံအစီအစဉ်များ
PRUHealth နဲ့ဆိုရင် ကျန်းမာရေးဆိုင်ရာအရေးပေါ်အခြေအနေတွေမှာသာမက သေဆုံးချိန်မှာပါ ငွေကြေးဆိုင်ရာလုံခြုံစိတ်ချမှုကို ပေးစွမ်းနိုင်မှာပါ။
ဒို့တွေတကယ် လုံခြုံမှုပေးပါတယ်။ တန်ဖိုးကြီးမားတဲ့ကုသမှုတွေအတွက် ငွေကြေးထောက်ပံ့မှု။
သင်နဲ့ သင့်မိသားစုကို ချေးငွေကြောင့် ဘဝမှာ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့ ကာကွယ်ပေးသွားမှာပါ။
ဒို့တွေတကယ်လုံခြုံမှုထက်ပိုတဲ့ ဝန်ဆောင်မှုတွေ ပေးအပ်နေပါတယ် သင့်မိသားစု တကယ်လိုအပ်နေတဲ့အချိန်မှာ ငွေကြေးထောက်ပံ့မှု ရရှိနိုင်မှာပါ။
PRUScholar အသက်အာမခံဟာ သင့်ကလေးရဲ့ ပညာရေးအတွက် ငွေကြေးဆိုင်ရာ လုံခြုံစိတ်ချမှုပေးနိုင်လို့ သင့်ကလေးရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အကောင်းဆုံးပါပဲ။
အာမခံအကြောင်း အသေးစိတ်လေ့လာလိုလျှင်
Life protection plans keep your family financially secure and pass your successes for them
Health insurance can help to reduce your financial burden when your wellbeing is in jeopardy
ဆက်သွယ်နိုင်မည့် အချက်အလက်များကို ဖြည့်ပါ။ ပရူဒန်ရှယ်အာမခံအကြံပေးမှ သင်နှင့် သင့်တော်မည့်အာမခံအမျိုးအစားများကို အသေးစိတ်ရှင်းပြပေးပါမည်။