ပရူဒန်ရှယ်အာမခံ၏ အသစ်ဖွင့်လှစ်မည့် Social Channel များကို Subscribe လုပ်ပြီး Subscriber ၁၀၀၀ ပြည့်ပါက Channel တစ်ခုချင်းစီမှာ ကံထူးရှင် အယောက် (၅၀) ကိုရွေးချယ်ပြီး ဆုလက်ဆောင်များ ပေးအပ်မည့် အစီအစဉ်ကို ပရူဒန်ရှယ်အာမခံ (“Prudential Myanmar”) မှ ကြီးမှူးကျင်းပခြင်းဖြစ်ပါသည်။

ကမ်ပိန်းတွင် ပါဝင်ခြင်းဖြင့် ပြိုင်ပွဲဝင်များ (“သင်”) အနေဖြင့် ဤစာမျက်နှာတွင် ဖော်ပြထားသော စည်းမျဉ်းစည်းကမ်း၊ သတ်မှတ်ချက်များကို လိုက်နာရန် သဘောတူညီပြီး ဖြစ်သည်ဟု ယူဆပါသည်။

 

ပါဝင်ယှဉ်ပြိုင်ရန် လုပ်ဆောင်ရမည့်အဆင့်များနှင့် ဆုလက်ဆောင်များ

 

  • ပရူဒန်ရှယ်အာမခံမှ အသစ်ဖွင့်လှစ်ထားသည့် TikTok ၊ Viber ၊ Telegram နှင့် YouTube Channel များကို ဖော်ပြထားသည့် Link များမှတဆင့် ဝင်ရောက်ပေးရပါမည်။
  • ယခု Campaign Post ကိုလည်း မိမိတို့၏ လူမှုကွန်ရက် အကောင့် (သို့မဟုတ်) စာမျက်နှာများတွင် မျှဝေ ပြီး အခြားသူများကိုလည်း ပရူဒန်ရှယ်အာခံမှ အသစ်ဖွင့်လှစ်ထားသော Social Channel များကို ဝင်ရောက်ရန် ဖိတ်ခေါ်‌ပေးရပါမည်။
  • သတ်မှတ်ထားသော TikTok၊ Viber၊ Telegram Channel တစ်ချင်းစီတွင် ဝင်ရောက်သူဦးရေ ၁၀၀၀ ပြည့်ပါက ၊ Channel တစ်ခုချင်းစီမှ ကံထူးရှင် အယောက် (၅၀) ဦးကို ကျပန်းနည်းဖြင့် ရွေးချယ်ပေးသွားမည် ဖြစ်ပါသည်။
  • အစီအစဉ်တွင်ပါဝင်သူများသည် Channel အားလုံးကိုဝင်ရောက်နိုင်ပြီး ၊ Channel အားလုံးတွင် ဝင်ရောက်ထားပါက ကံထူးရှင်ဖြစ်နိုင်ရန် အခွင့်အရေး ပိုများမည်ဖြစ်ပါသည်။
  • လူတဦးချင်းစီအတွက် ကံထူးရှင်ဖြစ်ခွင့်ကို တစ်ကြိမ်သာသတ်မှတ်ထားပါသည်။ ဥပမာ - မိမိသည် Channel အားလုံးတွင် ဝင်ရောက်ထားပြီး မိမိအမည်သည် TikTok Channel မှ ကံထူးရှင်စာရင်းတွင် ပါဝင်နေပါက၊ အခြား Channel များတွင် ကံထူးရှင် ထပ်ဖြစ်ခွင့်မရှိပါ။
  • ပရူဒန်ရှယ်အာမခံ သည် ပါ၀င်ယှဉ်ပြိုင်သူများထဲမှ ကံထူးရှင် အယောက် (၁၅၀) ဦး ကိုကျပန်း ရွေးချယ်ပြီး ပရူဒန်ရှယ်အာမခံ Facebook Page နှင့် သက်ဆိုင်ရာ Channel များတွင် တွင်ကြော်ငြာပေးသွားမည်ဖြစ်ပါသည်။ ဆုရရှိသူများသည် ပရူဒန်ရှယ်အာမခံကို Facebook Page Messenger မှ တဆင့် ဆက်သွယ်ပေးရမည်ဖြစ်ပြီး၊ ဆုရရှိသူများကိုလည်းပရူဒန်ရှယ်အာမခံမှ Facebook messenger ဖြင့် ဆက်သွယ်အကြောင်းကြား ပေးမည်ဖြစ်ပါသည်။
  • ဆုလက်ဆောင်အနေဖြင့် ထီး (သို့မဟုတ်) တီရှပ် လက်ဆောင်ရရှိမည် ဖြစ်ပါသည်။
  • ပရူဒန်ရှယ်အာမခံမှ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ဆုလက်ဆောင်များကို တန်ဖိုးတူညီ သော ပစ္စည်းဖြင့် အစားထိုး ပြောင်းလဲခွင့်ရှိပါသည်။
  • ရွေးချယ်ခံရသူများအားလုံးသည် ပရူဒန်ရှယ်အာမခံမှ ရွေးချယ်ခံရသူစာရင်း ကြေညာပြီး (သို့) အကြောင်းကြားစာ ပေးပို့ပြီး ( ၁ ပတ်) အတွင်း အကြောင်းကြားရန် လိုအပ်ပါသည်။ အကယ်၍ သတ်မှတ်ကာလအတွင်း အကြောင်းမကြားပါက ဆုလက်ဆောင်အား ရရှိမည်မဟုတ်ပါ။
  • ပရူဒန်ရှယ်အာမခံက ကံထူးရှင်တစ်ဦးချင်းထံသို့  ဆုလက်ဆောင်များကို ပေးပို့ပေးသွားမည်။ ပရူဒန်ရှယ်အာမခံက ဆုလက်ဆောင်များကို ကံထူးရှင်စာရင်း ကြေညာပြီးသည့်နောက် ( ၃ ) လ အတွင်း ပို့ဆောင်ပေးမည် ဖြစ်သည်။
  • ကံထူးရှင်စာရင်း ကြေညာချိန်တွင်   ကံထူးရှင်သည် သက်ဆိုင်ရာ TikTok ၊ Viber နှင့် Telegram Channel များတွင် Subscriber အဖြစ်ရှိနေရန် လိုအပ်ပါသည်။  သို့မဟုတ်ပါက သက်ဆိုင်ရာ ကံထူးရှင်များသည် ထပ်မံအကြောင်းကြားမှု တစ်စုံတစ်ရာ ပြုလုပ်ရန်မလိုဘဲ ဆုရရှိရန် သတ်မှတ်ချက်မပြည့်မီဟု ဆုံးဖြတ်နိုင်သည်။ ပရူဒန်ရှယ်အာမခံသည် ကံထူးရှင်စာရင်းကြေညာပြီး နောက်ပိုင်းတွင်လည်း ကံထူးရှင် ရွေးချယ်ခြင်း၊ စိစစ်သတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး ထပ်မံ အတည်ပြုခွင့် ရှိသည်။
  • ပေးအပ်ချီးမြှင့်မည့် ဆုလက်ဆောင်များကို ငွေသားဖြင့် လဲလှယ်ခွင့်မရှိပါ။
  • ပေးအပ်ချီးမြှင့်မည့် ဆုလက်ဆောင်များသည် အခြား မည့်သည့်ကုမ္ပဏီ၊ အဖွဲ့အစည်းကမှ ပံ့ပိုးကူညီထားခြင်း မရှိပါ။ ပရူဒန်ရှယ်အာမခံမဟုတ်သော အခြားအမှတ်တံဆိပ် သို့မဟုတ် အဖွဲ့အစည်းများက ယခုကမ်ပိန်းတွင် ပါဝင်ပံ့ပိုးပေးထားခြင်း မရှိပါ။
  • ပရူဒန်ရှယ်အာမခံနှင့် သက်ဆိုင်ရာ မိဘများ၊ မိတ်ဖက်များ၊ လုပ်ငန်းခွဲများနှင့် ဆက်စပ်ကုမ္ပဏီများ၊ ၎င်းတို့နှင့် ဆက်စပ်နေသည့် ကြော်ငြာ သို့မဟုတ် အရောင်းမြှင့်တင်ရေး အေဂျင်စီများ သို့မဟုတ် ၎င်းတို့၏ ဝန်ထမ်းများ၊ ဒါရိုက်တာများ၊ အဖွဲ့ဝင်များ၊ ရှယ်ယာရှင်များ၊ ရှေ့နေများ၊ ကိုယ်စားလှယ်များနှင့် အေးဂျင့်များသည် (မိတ်ဖက်များဟု စုစည်းခေါ်ဝေါ်မည်) ပြိုင်ပွဲဝင်များ၏ လျှောက်လွှာများ၊ ပြိုင်ပွဲဝင်လျှောက်လွှာများကို အသုံးပြုခြင်း၊ ကမ်ပိန်းတွင် ပါဝင်ယှဉ်ပြိုင်သည့် ပြိုင်ပွဲဝင်ပိုစ့်များ သိုမဟုတ် ကမ်ပိန်းနှင့်ဆက်စပ်သည့် အခြားလှုပ်ရှားမှုများတွင် ပါဝင်ခြင်းများမှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ မတော်တဆဖြစ်စေ၊ နောက်ဆက်တွဲအကျိုးဆက်ကြောင့်ဖြစ်စေ၊ ရွေးချယ်ခံ (သို့) ပစ်မှတ်ထားခံရသော ထိခိုက်ဆုံးရှုံးမှုများကြောင့်ဖြစ်စေ အပါအဝင် အခြား ဖော်ပြမထားသော အကြောင်းအရာများကြောင့်ဖြစ်စေ ပေါ်ပေါက်လာသော မည်သည့် ထိခိုက်နစ်နာမှုများ (သို့) ဆုံးရှုံးမှုများကို ပရူဒန်ရှယ်အာမခံမှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိစေရပါ။
  • ဤကမ်ပိန်းတွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ပြိုင်ပွဲဝင်များသည် အပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရှိလာနိုင်သည့် (သို့မဟုတ်) ပေါ်ပေါက်လာနိုင်သည့် လုပ်ပိုင်ခွင့်များ၊ ရပိုင်ခွင့်များ၊ တောင်းဆိုချက်များ၊ လုပ်ဆောင်ချက်၏ ရလဒ်များ၊ ဆုံးရှုံးမှုများ၊ ထိခိုက်နစ်နာမှုများ၊ ကုန်ကျစရိတ်များ၊ အသုံးစရိတ်များ စသည့် တစ်ခုခုဖြစ်စေ၊ အားလုံးဖြစ်စေ ပရူဒန်ရှယ်အာမခံနှင့် ၎င်း၏မိတ်ဖက်များပေါ် သက်ရောက်မှု မရှိစေကြောင်း သဘောတူလက်ခံပြီးဖြစ်သည်ဟု သတ်မှတ်သည်။
  • ယခု ကန်ပိန်းအစီအစဉ်တွင် ပါဝင်ထားပြီး အစီအစဉ်မှနှုတ်ထွက်လိုသည့် ပြိုင်ပွဲဝင်များသည် အနိုင်ရရှိသူစာရင်း မထုတ်ပြန်မီ ပရူဒန်ရှယ်အာမခံကို ကြိုတင်အကြောင်းကြားရပါမည်။ အကြောင်းကြားလိုပါက ပရူဒန်ရှယ်အာမခံ၏ Customer Service ဖုန်းနံပါတ် - ၀၉ ၇၇၀ ၁၁၀၀၁၀ ကို ခေါ်ဆိုပြီး သို့မဟုတ် ပရူဒန်ရှယ်အာမခံ Facebook စာမျက်နှာ၏ Messenger တွင် စာပို့ပြီး ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။
  • အကယ်၍ ပြိုင်ပွဲတွင် ဝင်ရောက်ထားမှုကို ဖျက်သိမ်းရန် သို့မဟုတ် ပြိုင်ပွဲမှထွက်ရန် အကြောင်းကြားမှု တစ်စုံတစ်ရာ မရှိပါက ပြိုင်ပွဲဝင်များအား စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ၊ သေချာစွာ ဖတ်ရှုပြီး နားလည်သဘောပေါက်၊ သဘောတူလက်ခံပြီးဖြစ်သည်ဟု သတ်မှတ်သည်။
  • ပရူဒန်ရှယ်အာမခံ၏ ဆုံးဖြတ်ချက်တစ်ခုတည်းဖြင့် ဖော်ပြပါ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ပြင်ဆင်ခြင်း သို့မဟုတ် ပြိုင်ပွဲအား ပြင်ဆင်/ဖျက်သိမ်းခြင်း အချိန်မရွေး ပြုလုပ်နိုင်ပါသည်။
  • အဆိုပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပရူဒန်ရှယ် အာမခံ၏ ဆုံးဖြတ်ချက်သာလျင် အတည်ဖြစ်ပါသည်။
  • ပရူဒန်ရှယ်အာမခံမှ နောက်ထပ်ပြုလုပ်မည့် အစီအစဉ်များအတွက် အီးမေးလ် သို့မဟုတ် မိုဘိုင်းဖုန်းနံပါတ်မှတစ်ဆင့် လူကြီးမင်းအား ဆက်သွယ်နိုင်သည်။
  • ကမ်ပိန်းတွင် ပါဝင်ယှဉ်ပြိုင်လိုသူများ သို့မဟုတ် ကမ်ပိန်းအကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက ပရူဒန်ရှယ်အာမခံ၏ Customer Service ဖုန်း - ၀၉ ၇၇၀ ၁၁၀ ၀၁၀ သို့ အလုပ်ချိန်အတွင်း (တနင်္လာနေ့ မှ သောကြာနေ့ ၀၉:ဝ၀ မှ ၁၇:၀၀) ဆက်သွယ်နိုင်ပါသည်။ သိုမဟုတ် ပရူဒန်ရှယ်အာမခံ Facebook စာမျက်နှာ၏ Messenger တွင် စာပို့ပြီး ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

အခြားကမ်ပိန်းအစီအစဉ်များ

"ကျန်းမာပျော်ရွှင်မှုကို အဖြေရှာပြီး ဆုလက်ဆောင်တွေ ရယူလိုက်ကြရအောင်" အစီအစဉ်
Square

"ကျန်းမာပျော်ရွှင်မှုကို အဖြေရှာပြီး ဆုလက်ဆောင်တွေ ရယူလိုက်ကြရအောင်" အစီအစဉ်

24-11-2025 | 2 mins read
"မိသားစုအတွက် အကောင်းဆုံးလက်ဆောင်ကို ရှာဖွေပြီး ပရူဒန်ရှယ်နဲ့အတူ ဆုတွေယူ" အစီအစဉ်
Square

"မိသားစုအတွက် အကောင်းဆုံးလက်ဆောင်ကို ရှာဖွေပြီး ပရူဒန်ရှယ်နဲ့အတူ ဆုတွေယူ" အစီအစဉ်

02-10-2025 | 2 mins read
“အမေ့ကို ချစ်တဲ့အကြောင်းတွေပြောပြပြီး ဆုတွေရရှိမယ့်” အစီအစဉ်
Square

“အမေ့ကို ချစ်တဲ့အကြောင်းတွေပြောပြပြီး ဆုတွေရရှိမယ့်” အစီအစဉ်

09-05-2025 | 2 mins read
"ပိုကျန်းမာတဲ့ နှစ်သစ်ကို ရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ကာကွယ်" အစီအစဉ်
Square

"ပိုကျန်းမာတဲ့ နှစ်သစ်ကို ရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ကာကွယ်" အစီအစဉ်

01-04-2024 | 2 mins read
"လုံခြုံနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတ - AR Filter” အစီအစဉ်
Square

"လုံခြုံနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတ - AR Filter” အစီအစဉ်

20-01-2025 | 2 mins read
"ပိုမိုကျန်းမာတဲ့အနာဂတ်ကိုရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ ကာကွယ်" အစီအစဉ်
Square

"ပိုမိုကျန်းမာတဲ့အနာဂတ်ကိုရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ ကာကွယ်" အစီအစဉ်

30-06-2024 | 2 mins read
“သင်ချစ်ရတဲ့သူတွေအတွက် လုံခြုနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြလိုက်ပါ။” အစီအစဉ်
Square

“သင်ချစ်ရတဲ့သူတွေအတွက် လုံခြုနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြလိုက်ပါ။” အစီအစဉ်

01-02-2025 | 2 mins read