ပက်ကေ့ချ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

BDMS - ရင်သားကင်ဆာရောဂါ ကုသရေးအစီအစဉ်က တစ်ဦးချင်း အာမခံပေါ်လစီ ဝယ်ယူထားသူတွေနဲ့ အဖွဲ့လိုက် အာမခံပေါ်လစီ ဝယ်ယူထားသူတွေအပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ ပရူဒန်ရှယ်အာမခံ customers များ အားလုံးရရှိနိုင်မှာဖြစ်ပြီး ၁၂ လကြာ ရောဂါကုသမှုကာလအတွင်း ကုသမှုစရိတ်နဲ့ သတ်မှတ်ထားတဲ့ တည်းခိုနေထိုင်ရေးအတွက် လိုအပ်တဲ့ ကုန်ကျစရိတ်များ အပါအဝင် ကြိုတင်သတ်မှတ်ထားတဲ့ ငွေကြေးပမာဏတို့ ပါဝင်ပါတယ်။

 

BDMS မှ ဒေသတွင်း ပထမဆုံး ရင်သားကင်ဆာရောဂါကုသမှု အစီအစဉ်ကို စတင်မိတ်ဆက်ပေးထားပါတယ်။

ကုသမှုများကို မြန်ဆန်စွာ ရရှိနိုင်ခြင်း

အကောင်းဆုံး ရလဒ်များ

အထူး ဝန်ဆောင်မှုများ                                               

တစ်စုတစ်စည်းတည်း ရရှိနိုင်သော ပက်ကေ့ချ်

 

ပက်ကေ့ချ်တွင် ပါဝင်သော ဝန်ဆောင်မှုများ

၁။ ရင်သားကင်ဆာနှင့် ဆက်စပ်သော ရောဂါများအား စမ်းသပ်ရှာဖွေခြင်း

၂။ ကုသမှုများ

    - ခွဲစိတ်မှု နှင့် ပြန်လည်အစားထိုးကုသခြင်း

    - ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း

    - ဓာတုကုထုံးဖြင့်ကုသခြင်း

    - ဟော်မုန်းသုံးကုသခြင်း

၃။ နေရာထိုင်ခင်း

    - အတွင်းလူနာများအတွက် ခွဲစိတ်ကုသ‌နေစဉ် ဘန်ကောက်ဆေးရုံကြီး၌ ဆေးရုံတက်ကုသနိုင်ခြင်း

    - ဓာတ်ရောင်ခြည်နှင့် ဓာတုကုထုံးဖြင့် ကုသနေသော ပြင်ပလူနာများအတွက် နေရာထိုင်ခင်းစီစဥ်ပေးခြင်း

၄။ ရင်သားကင်ဆာကုသမှု၏ နောက်ဆက်တွဲ ရောဂါဝေဒနာများကိုပါ စောင့်ကြည့်ကုသပေးခြင်း

BDMS မှ ကမ္ဘာတဝှမ်းရှိ ရင်သားကင်ဆာလူနာများ၏ အသက်ရှင်သန်မှုနှုန်း

Chart

အခု မိတ်ဖက်လုပ်ဆောင်မှုမှ တစ်ဆင့်

ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့ရှိ ပရူဒန်ရှယ်အာမခံ ဝယ်ယူထားသူများသည် တိကျစွာ သတ်မှတ်ထားသော ကုန်ကျစရိတ်ဖြင့် ရင်သားကင်ဆာရောဂါကုသရေးကို ကုသမှုရရှိနိုင်မည် ဖြစ်ပါသည်။

Chart

ဘာကြောင့် BDMS ကို ရွေးချယ်သင့်တာလဲ။ - ပရူဒန်ရှယ်အာမခံ အသုံးပြုသူ Members များအနေနဲ့ ဘယ်လိုဝန်ဆောင်မှုတွေ ရနိုင်မလဲ?

ကုသမှုများကို မြန်ဆန်စွာ ရရှိနိုင်ခြင်း

ကင်ဆာရောဂါလူနာများအနေဖြင့် စောင့်ဆိုင်းစရာမလိုဘဲ ချက်ချင်း ကုသမှုခံယူနိုင်ပါသည်။

အကောင်းမွန်ဆုံး သက်သေပြနိုင်သော ဆေးပညာဆိုင်ရာ ရလဒ်များ

BDMS သည် ဒေသတွင်းနှင့် နိုင်ငံတကာ ကင်ဆာ​ရောဂါကုသရေး အစီအစဉ်များတွင် ရင်သားကင်ဆာရောဂါ အဆင့်အမျိုးမျိုးအတွက် အသက်ရှင်သန်မှုနှုန်းများကို အကောင်းဆုံး မြှင့်တင်ပေးလျက်ရှိသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

ဈေးနှုန်းသက်သာသော ကုသမှုများ

ပရူဒန်ရှယ်အာမခံ​၏ ကုသမှုပက်ကေ့ချ်တွင် ခရီးစရိတ်များနှင့် တည်းခိုနေထိုင်စရိတ်များပါ ပါဝင်သောကြောင့် အသုံးပြုသူ members များအနေဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိသည်အထိ မိမိကိုယ်ပိုင်ငွေအား ပမာဏအများအပြား သုံးစွဲစရာမလိုဘဲ ကုသမှုများကို ရယူနိုင်မည်ဖြစ်ပါသည်။

အထူး ဝန်ဆောင်မှုများ

ပရူဒန်ရှယ်အာမခံ အသုံးပြုသူ members များသည် ကုသမှုခရီးစဉ် မတိုင်မီ၊ ကုသမှု ခံယူနေစဉ်ကာလအတွင်းနှင့် နေရပ်သို့ ပြန်လည်ရောက်ရှိချိန်အထိ အတွေ့အကြုံကောင်းများ ရရှိစေနိုင်ရန် ကူညီပေးနိုင်မည့် အထူး ဝန်ဆောင်မှုများကိုလည်း ရယူနိုင်မည်ဖြစ်ပါသည်။ 


နိုင်ငံတကာ ကင်ဆာရောဂါလူနာများ​၏ ယုံကြည်အားထားမှု

BDMS တွင် နိုင်ငံတကာမှ လူနာ နှစ်သန်းကျော်က နှစ်စဉ် ကုသမှု ခံယူလျက်ရှိပါသည်။

အမေးအဖြေများ


အစီအစဉ်မှာ ဝင်ရောက်ခွင့်ရရှိပြီဆိုတာနဲ့ အကျုံးဝင်တဲ့ ပရူဒန်ရှယ်အာမခံရဲ့ customers တွေက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ ဘန်ကောက်ဆေးရုံမှာ ကုန်ကျစရိတ် ထိုင်းဘတ်ငွေ ၂.၂ သန်းထက် မပိုစေဘဲ ဝန်ဆောင်မှုအလိုက် ကုန်ကျစရိတ်ကောက်ခံတဲ့ပုံစံနဲ့ ရင်သားကင်ဆာရောဂါကုသမှုကို ရရှိနိုင်မှာပါ။ ဒီအစီအစဉ်ကို စတင်ဝင်ရောက်ခွင့်ရတဲ့နေ့ကစပြီး ဆေးကုသမှုခံယူနေတဲ့ တစ်နှစ်တာကာလအတွက် အကာအကွယ်တွေ ပါဝင်မှာဖြစ်ပါတယ်။

အစီအစဉ်လက်ကမ်းစာစောင်မှာ အသေးစိတ် အချက်အလက်တွေကို လေ့လာနိုင်ပါတယ်၊

  • အစီအစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ - ရောဂါစမ်းသပ်ရှာဖွေမှု၊ ကုသမှု၊ ခွဲစိတ်မှု၊ ရင်သား ပြန်လည်အစားထိုးမှု၊ ဓာတ်ရောင်ခြည်သုံးကုသမှု၊ ဓာတုကုထုံး၊ ဟော်မုန်းသုံးကုသမှု
  • နေရာထိုင်ခင်း စီစဉ်ပေးခြင်း - ဘန်ကောက်ဆေးရုံရှိ အတွင်းလူနာဌာနတွင် တက်ရောက် ဆေးကုသနေမှု ခံယူနေချိန်အတွက် နေရာထိုင်ခင်း စီစဉ်ပေးခြင်းနှင့် ပြင်ပလူနာဌာနတွင် လိုအပ်သော ဆေးကုသမှုခံယူနေချိန်အတွက် Chiva Residence တွင် ရက် ၆၀ အထိ အခမဲ့တည်းခိုခွင့်

Trastuzumab (Herceptin) မှလွဲပြီး အခြားဦးစားပေး ဓာတုကုထုံးကုသမှု၊ Oncotype DX စမ်းသပ်မှုမှလွဲပြီး အခြားသော မျိုးရိုးဗီဇဆိုင်ရာ စမ်းသပ်စစ်ဆေးမှု၊ ကင်ဆာဆဲလ်များကို တိုက်ထုတ်ရန် ခုခံအားကို မြှင့်တင်ပေးသည့်ဆေးဝါးကုသမှု၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါကဲ့သို့ ဆက်စပ်ရောဂါများအား ကုသမှု သို့မဟုတ် စစ်ဆေးကာကွယ်ကုသမှုနှင့် တစ်နှစ်တာကုသမှုကာလအတွင်း ရင်သားကင်ဆာ ထပ်မံဖြစ်ပေါ်လာမှု စတဲ့အချက်တွေကို ဒီအစီအစဉ်ကနေ အကာအကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။

ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံအတွင်းက ရင်သားကင်ဆာရောဂါ အဆင့် ၀ မှ ၃ အထိရှိပြီး ပရူဒန်ရှယ်အာမခံကို ဝယ်ယူထားတဲ့ customers တွေ  (တစ်ဦးချင်းအာမခံ၊ အဖွဲလိုက်အာမခံ၊ အသက်အာမခံ၊ ကျန်းမာရေးအာမခံ၊ အသက်အန္တရာယ်စိုးရိမ်ရသော ရောဂါအာမခံ၊ အထွေထွေအာမခံ ဝယ်ယူထားသူတွေအပါအဝင် ပရူဒန်ရှယ်အာမခံမှ ပေါ်လစီရှိသူများ) အနေနဲ့ ဘန်ကောက်ဆေးရုံမှ ဆေးကုသမှု ခံယူရန် သင့်တော်တယ်လို့ သတ်မှတ်ထားတဲ့ အသက် ၈၀ အောက် အသုံးပြုသူ customers များအကျုံးဝင်ပါတယ်။ ပရူဒန်ရှယ်အာမခံ မဝယ်ယူထားတဲ့ customers များ (ဥပမာ - Pulse အခမဲ့ အသုံးပြုနေသူများ) ကတော့ အကျုံးဝင်မှာ မဟုတ်ပါဘူး။

*BDMS သည် ကင်ဆာရောဂါ အဆင့် ၄ ခံစားနေရသူများအပါအဝင် ဆေးကုသမှုခံယူရန် မသင့်လျော်ဟု ယူဆသည့် အာမခံဝယ်ယူထားသူ customers များအား ဤအစီအစဉ်တွင် ပါဝင်ခြင်းမပြုရန် ငြင်းဆိုပိုင်ခွင့်ရှိသည်။

ဟုတ်ပါတယ်။ ဒါပေမယ့် သူတို့ကိုလည်း ထိုင်းဘတ် ၂.၂ သန်းထက် ပိုပြိးတော့ ကောက်ခံမှာ မဟုတ်ပါဘူး။

ပရူဒန်ရှယ်အာမခံရဲ့ ဈေးကွက်တွေဆီက ရရှိထားတဲ့ အချက်အလက်တွေအရ customers တွေအတွက် တခြားရောဂါကုသရေးတွေနဲ့ ယှဉ်ရင် ကင်ဆာရောဂါကုသရေးက ကျန်းမာရေးကုန်ကျစရိတ် အများဆုံးလို့ အမြဲပြသနေပါတယ်။ ဥပမာအားဖြင့် ဟောင်ကောင်နဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ လုပ်ငန်းဈေးကွက်တွေမှာ ရင်သားကင်ဆာရောဂါကုသဖို့အတွက် တခြားကင်ဆာရောဂါ ကုသဖို့လိုအပ်တဲ့ ကျန်းမာရေးအသုံးစရိတ် စုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်းကျော်လောက်ကို သုံးစွဲနေရပါတယ်။

Customer တွေဆီက ကောက်ယူထားတဲ့ စစ်တမ်းတွေနဲ့ အကြံပြုချက်အတိုင်း ပရူဒန်ရှယ်အာမခံက ဘန်ကောက်ဆေးရုံနဲ့ ပူးပေါင်းပြီး ပထမဆုံးအဆင့်အနေနဲ့ နိုင်ငံ ၅ နိုင်ငံရဲ့ ဈေးကွက်တွေမှာ ဒီဝန်ဆောင်မှုကို စတင်လိုက်တာ ဖြစ်ပါတယ်။ ရှေ့လျှောက်မှာလည်း အခြားဈေးကွက်တွေနဲ့ တခြား ခွဲစိတ်ကုသမှုလုပ်ငန်းစဉ်တွေကို ဝန်ဆောင်မှုပေးနိုင်အောင် ကြိုးစားသွားမှာပါ။

ကျွမ်းကျင်တဲ့ ဆေးပညာရှင်တွေဆီက ရင်သားဓာတ်မှန် စစ်ဆေးမှု အစီရင်ခံစာ၊ Pet CT စစ်ဆေးမှု အစီရင်ခံစာ၊ တစ်သျှူး/ အသားစ စစ်ဆေးမှု အစီရင်ခံစာနဲ့ ကျန်းမာရေးမှတ်တမ်းအားလုံးကို ဘန်ကောက်ဆေးရုံမှ ပါဝင်ခွင့်ရမရ ဆုံးဖြတ်ချက်မချခင်နဲ့ အစီအစဉ်မှာ ပါဝင်နိုင်ဖို့ ထိုင်းနိုင်ငံသို့ မသွားရောက်ခင် ဘန်ကောက်ဆေးရုံကို ပေးပို့ဖို့ လိုအပ်ပါတယ်။

စိတ်မကောင်းစွာနဲ့ပဲ အကျုံးမဝင်ကြောင်း အသိပေးလိုပါတယ်။ ဝန်ဆောင်မှုအစီအစဉ်က ရင်သားတစ်ဖက်တည်းမှာပဲ ဖြစ်တဲ့ ကင်ဆာရောဂါကုသမှုအတွက်သာ အကျုံးဝင်ပါတယ်။

ဟုတ်ပါတယ်။ customer တွေဘက်က လိုအပ်တဲ့ စာရွက်စာတမ်းတွေအားလုံး ပေးမယ်ဆိုရင်တော့ စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။

BDMS က ဓာတ်ရောင်ခြည်သုံးကုသမှု၊ ဓာတုကုထုံးနဲ့ ရောဂါစမ်းသပ်ရှာဖွေနေချိန်မှာ Chiva Residence မှာ ရက် ၆၀ အထိ အခမဲ့တည်းခိုခွင့်ပေးထားပါတယ်။ Chiva Residence မှာ ရက် ၆၀ ကျော်လွန်ပြီး နေထိုင်တဲ့ တည်းခိုစရိတ်၊ တခြားနေရာတွေမှာ customers တွေ ကိုယ်တိုင်စီစဉ်ထားမယ့် နေရာထိုင်ခင်း သို့မဟုတ် ခရီးသွားအဖော်တွေအတွက် နေရာထိုင်ခင်း စတာတွေကတော့ customer ရဲ့ ကိုယ်ပိုင်စရိတ်နဲ့ ပေးဆောင်ရမှာတွေ ဖြစ်ပါတယ်။

ရှိပါတယ်။

ပရူဒန်ရှယ်အာမခံရဲ့ customer တွေဘက်က တာဝန်ယူပေးရမှာပါ။

Customer တွေစီက ကောက်ယူထားတဲ့ စစ်တမ်းတွေနဲ့ အကြံပြုချက်အတိုင်း ပရူဒန်ရှယ်အာမခံက ဘန်ကောက်ဆေးရုံနဲ့ ပူးပေါင်းပြီး ပထမဆုံးအဆင့်အနေနဲ့ နိုင်ငံ ၅ နိုင်ငံရဲ့ ဈေးကွက်တွေမှာ ဒီဝန်ဆောင်မှုကို စတင်လိုက်တာ ဖြစ်ပါတယ်။ ရှေ့လျှောက်မှာလည်း ထိုင်းနိုင်ငံအပါအဝင် အခြားနိုင်ငံစျေးကွက်တွေမှာလည်း ဒီဝန်ဆောင်မှုကို ပေးအပ်နိုင်အောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ ဘန်ကောက်ဆေးရုံကြီးဟာဆိုရင် အမေရိကန်နဲ့ အနောက်ဥရောပမှာရှိတဲ့ ကင်ဆာရောဂါကုသမှု ဝန်ဆောင်မှုပေးနေတဲ့ ဆေးရုံနဲ့ ယှဉ်လိုက်ရင် ဘန်ကောက်ဆေးရုံအောက်မှာရှိတဲ့ Bangkok Cancer Hospital Wattanosoth က မြင့်မားတဲ့ ကမ္ဘာ့အကောင်းဆုံး ငါးနှစ်တာ ရင်သားကင်ဆာ အသက်ရှင်သန်မှုနှုန်းတစ်ချို့ကို ရရှိခဲ့ဖြစ်ပြီး BDMS ရဲ့ ကျော်ကြားတဲ့ အထင်ကရ ဆေးရုံတစ်ခုလည်း ဖြစ်ပါတယ်။

ဘန်ကောက်ဆေးရုံက နာမည်ကြီးပြီး စျေးနှုန်းသက်သာတဲ့အတွက် လူတိုင်းလက်လှမ်းမီနိုင်တဲ့ ကင်ဆာရောဂါကုသမှုကို ပေးနိုင်တဲ့ ဆေးရုံတစ်ခုဖြစ်ပါတယ်။ ဒီကုသမှုမှာ ခွဲစိတ်ခြင်း၊ ဓာတ်ရောင်ခြည်သုံးကုထုံး၊ ဓာတုကုထုံး၊ ဟော်မုန်းသုံးကုသမှု နဲ့ ပြန်လည်အစားထိုးမှုတွေ ပါဝင်ပြီးဖြစ်ပြီး တစ်နှစ်တာကာလအတွင်း ထိုင်းဘတ် ၂.၂ သန်း ထိကာကွယ်ပေးထားပါတယ်။

ဘန်ကောက်ဆေးရုံကနေ ဒီအစီအစဉ်မှာ ပါဝင်ဖို့ လက်ခံလိုက်တဲ့ရက်ကစပြီး တစ်နှစ်ကို ရေတွက်ပါတယ်။ တစ်နှစ်ကျော်လွန်ပြီး မည်သည့်ကုသမှုကိုဆို customer ကိုယ်တိုင် ကုန်ကျစရိတ် ကျသင့်ငွေကို ရှင်းရမှာဖြစ်ပါတယ်။

လူကြီးမင်းမှာဝယ်ယူထားတဲ့ ပရူဒန်ရှယ်အာမခံ ပေါ်လစီအမျိုးအစားပေါ်မှာ မူတည်ပါတယ်။ လူကြီးမင်းရဲ့ အေးဂျင့်/ ငွေကြေးဆိုင်ရာအကြံပေးသူ ဒါမှမဟုတ် ပရူဒန်ရှယ်အာမခံရဲ့ customer service အဖွဲ့က လူကြီးမင်းအတွက် ကူညီပြီး စစ်ဆေးပေးနိုင်ပါတယ်။

သက်မှတ်ချက်နဲ့ကိုက်ညီတဲ့ ပရူဒန်ရှယ်အာမခံရဲ့ customer တွေက ဒီအစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့အထိ ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။

အခုလို ထပ်တိုးဝန်ဆောင်မှုတွေက ပရူဒန်ရှယ်အာမခံ customer တွေအနေနဲ့ အရည်အသွေးကောင်းမွန်ပြီး ထပ်တိုးဝန်ဆောင်မှုတွေပါဝင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို စျေးနှုန်းသက်သက်သာသာနဲ့ ပိုမိုလက်လှမ်းမီ ဝယ်ယူနိုင်အောင် လုပ်ဆောင်ပေးရင်းနဲ့ customer တွေကို ဂရုစိုက်ပေးရင်း ကျန်းမာရေးနဲ့ ကုသကာကွယ်ရေးကြားက ကွာဟချက်ကို လျှော့ချနိုင်အောင် ကြိုးစားနေတဲ့ ပရူဒန်ရှယ်အာမခံရဲ့ ကတိကဝတ်ကို မီးမောင်းထိုးပြသနေပါတယ်။

Customer တွေအနေနဲ့ ဝန်ဆောင်မှုအစီအစဉ်မှာ ဖော်ပြထားသတဲ့ ကုန်ကျစရိတ်အပြင် အခြားလိုအပ်တဲ့ ထပ်ဆောင်းကုသမှုတွေကို ရယူနိုင်ခွင့်ရှိပါတယ်။ တခြား ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်တွေအတွက် BDMS ကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။ လူကြီးမင်း ဝယ်ယူထားတဲ့ အာမခံအကာအကွယ်အတွက်ဖြစ်ပါက လူကြီးမင်းရဲ့ အေးဂျင့်/ ငွေကြေးဆိုင်ရာ အကြံပေးသူ သို့မဟုတ် ပရူဒန်ရှယ်အာမခံ customer service အဖွဲ့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

အခြားကမ်ပိန်းအစီအစဉ်များ

"ကျန်းမာပျော်ရွှင်မှုကို အဖြေရှာပြီး ဆုလက်ဆောင်တွေ ရယူလိုက်ကြရအောင်" အစီအစဉ်
Square

"ကျန်းမာပျော်ရွှင်မှုကို အဖြေရှာပြီး ဆုလက်ဆောင်တွေ ရယူလိုက်ကြရအောင်" အစီအစဉ်

24-11-2025 | 2 mins read
"မိသားစုအတွက် အကောင်းဆုံးလက်ဆောင်ကို ရှာဖွေပြီး ပရူဒန်ရှယ်နဲ့အတူ ဆုတွေယူ" အစီအစဉ်
Square

"မိသားစုအတွက် အကောင်းဆုံးလက်ဆောင်ကို ရှာဖွေပြီး ပရူဒန်ရှယ်နဲ့အတူ ဆုတွေယူ" အစီအစဉ်

02-10-2025 | 2 mins read
“အမေ့ကို ချစ်တဲ့အကြောင်းတွေပြောပြပြီး ဆုတွေရရှိမယ့်” အစီအစဉ်
Square

“အမေ့ကို ချစ်တဲ့အကြောင်းတွေပြောပြပြီး ဆုတွေရရှိမယ့်” အစီအစဉ်

09-05-2025 | 2 mins read
"ပိုကျန်းမာတဲ့ နှစ်သစ်ကို ရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ကာကွယ်" အစီအစဉ်
Square

"ပိုကျန်းမာတဲ့ နှစ်သစ်ကို ရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ကာကွယ်" အစီအစဉ်

01-04-2024 | 2 mins read
"လုံခြုံနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတ - AR Filter” အစီအစဉ်
Square

"လုံခြုံနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတ - AR Filter” အစီအစဉ်

20-01-2025 | 2 mins read
"ပိုမိုကျန်းမာတဲ့အနာဂတ်ကိုရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ ကာကွယ်" အစီအစဉ်
Square

"ပိုမိုကျန်းမာတဲ့အနာဂတ်ကိုရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ ကာကွယ်" အစီအစဉ်

30-06-2024 | 2 mins read
“သင်ချစ်ရတဲ့သူတွေအတွက် လုံခြုနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြလိုက်ပါ။” အစီအစဉ်
Square

“သင်ချစ်ရတဲ့သူတွေအတွက် လုံခြုနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြလိုက်ပါ။” အစီအစဉ်

01-02-2025 | 2 mins read