အကျိုးခံစားခွင့် မိတ်ဖက်များ

အထူးသီးသန့် လူနေမှုဆိုင်ရာ၊ အလှအပနှင့် ကျန်းမာရေးဆိုင်ရာ၊ ပညာရေးအဖွဲ့အစည်းများ၏ လျှော့စျေးများနှင့် အခြားမိတ်ဖက်များ၏ လျှော့စျေးများကို အောက်တွင် လေ့လာကြည့်ရှုပါ။

 

မေးလေ့မေးထရှိသော မေးခွန်းများ


ပရူဒန်ရှယ်အာမခံပေါ်လစီကိုင်ဆောင်ထားသူအားလုံးနဲ့ ပရူဒန်ရှယ်အာမခံဝန်ထမ်းများအားလုံး အကျိုးခံစားခွင့်ကို ရရှိခံစားနိုင်ပါတယ်။

အကျိုးခံစားခွင့်တွေထဲမှာဆိုရင် Gym တွေ၊ ဟိုတယ်တွေ၊ အလှအပဆေးခန်းတွေ၊ Spa တွေအစရှိတဲ့ ပရူဒန်ရှယ်အာမခံရဲ့ မိတ်ဖက်အဖွဲ့အစည်းလုပ်ငန်းတွေက ပေးအပ်တဲ့ အထူးအကျိုးခံစားခွင့်တွေပါဝင်ပါတယ်။

အကယ်၍ သင်က ပရူဒန်ရှယ်အာမခံရဲ့ဝန်ထမ်းဆိုရင် ဝန်ထမ်းကတ်ပြသဖို့ လိုအပ်ပြီး ပရူဒန်ရှယ်အာမခံပေါ်လစီ ကိုင်ဆောင်ထားသူတစ်ယောက်ဆိုရင်တော့ ပရူဒန်ရှယ်အာမခံရဲ့ PRUService ပေါ်လစီကိုပြပြီး အကျိုးခံစားခွင့်ရယူနိုင်မှာဖြစ်ပါတယ်။

အကျိုးခံစားခွင့်တွေကို လွှဲပြောင်းခွင့်ရှိပါတယ်လို့ သေချာဖော်ပြထားခြင်းမရှိရင်တော့ တခြားသူထံ လွှဲပြောင်းလို့မရပါဘူး။ အကျိုးခံစားခွင့်တွေကို  အကျုံးဝင်သူများသာရယူနိုင်ပြီး အခုလိုမျိုး အသုံးပြုဖို့အတွက် ကိုယ်ရေးအချက်အလက်အထောက်အထားတွေ ပြသဖို့ လိုအပ်နိုင်ပါတယ်။

ပထမဆုံး ပရူဒန်ရှယ်အာမခံရဲ့ ဝက်ဘ်ဆိုဒ်ကိုသွားပါ >>  အကျိုးခံစားခွင့်အစီအစဉ်ကိုရှာပါ >> ကိုယ် အကျိုးခံစားခွင့်လိုချင်တဲ့ ပရူဒန်ရှယ်အာမခံရဲ့ မိတ်ဖက်အဖွဲ့အစည်းလုပ်ငန်းကို ရှာပါ >>  ‘ရယူမည်’ ဆိုတာကို နှိပ်ပါ >> သင့်ရဲ့ အချက်အလက်တွေကို ဖြည့်ပါ >> ဒါဆိုရင် သင်လိုချင်တဲ့ အကျိုးခံစားခွင့်ကို ရယူနိုင်ပါပြီ။

ရှိပါတယ်။ ဒါပေမယ့် အကျိုးခံစားခွင့်တစ်ခုနဲ့တစ်ခုရဲ့ သက်တမ်းက မတူညီတဲ့အတွက်ကြောင့် အကျိုးခံစားခွင့်တစ်ခုချင်းစီနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်တွေကို ကြိုတင်သိထားဖို့ အရေးကြီးပါတယ်။

ပရူဒန်ရှယ်အာမခံဝက်ဘ်ဆိုဒ်မှာ အကျိုးခံစားခွင့်နဲ့ပတ်သက်ပြီး အချက်အလက်တွေကို မကြာခဏ ဖော်ပြထားတတ်ပါတယ်။ အသေးစိတ်သိချင်တယ်ဆိုရင်တော့ ပရူဒန်ရှယ်အာမခံရဲ့ Call Center ဒါမှမဟုတ် အကျိုးခံစားခွင့်ပေးအပ်ထားတဲ့ မိတ်ဖက်အဖွဲ့အစည်းလုပ်ငန်းရဲ့ Call Center ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

အကျိုးခံစားခွင့်တွေက ပြောင်းလဲမှုရှိနိုင်ပြီး အသုံးပြုနိုင်တဲ့ အချိန်အကန့်အသတ်ကလည်း မတူကွဲပြားနိုင်ပါတယ်။ အကျိုးခံစားခွင့်တွေ ပေးအပ်ထားတဲ့ မိတ်ဖက်အဖွဲ့အစည်းလုပ်ငန်းတွေအနေနဲ့ ၎င်းတို့ရဲ့ အစီအစဉ်တွေကို အချိန်မရွေး ပြောင်းလဲပြင်ဆင်နိုင်သလို ရပ်တန့်နိုင်ခွင့်လည်းရှိပါတယ်။ ဒါ့ကြောင့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်တွေကို ပုံမှန်ဖတ်ကြည့်တာကတော့ အကောင်းဆုံးဖြစ်ပါတယ်။

သင့်အနေနဲ့ အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့လာခဲ့ရင် ပရူဒန်ရှယ်အာမခံရဲ့ Customer ဝန်ဆောင်မှု ဒါမှမဟုတ် Support Team ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ သူတို့တွေက  သင့်ကို အကျိုးခံစားခွင့် ထုတ်ယူတဲ့အခါ ဒါမှမဟုတ် အသုံးပြုတဲ့အခါ ကြုံတွေ့ရတတ်တဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးသွားမှာဖြစ်ပါတယ်။

ဒါက မိတ်ဖက်အဖွဲ့အစည်းလုပ်ငန်း ကိုယ်တိုင်သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအပေါ်မှာ မူတည်ပါတယ်။ အချို့အစီအစဉ်တွေမှာဆိုရင် အကျိုးခံစားခွင့်တွေကို တစ်ပေါင်းတည်း အသုံးပြုခွင့်ပေးထားပေမယ့်လည်း အချို့အစီအစဉ်တွေမှာတော့ ပေါင်းပြီးအသုံးပြုခွင့် မပေးထားပါဘူး။ ဒါကြောင့် အကျိုးခံစားခွင့်ကူပွန်ကုဒ်အသုံးမပြုခင် သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းလုပ်ငန်းနဲ့ အရင်ဆုံး မေးမြန်းစုံစမ်းကြည့်စေလိုပါတယ်။

အသက်အာမခံ၊ ကျန်းမာရေးအာမခံနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုလျှင်

ဆက်သွယ်နိုင်မည့် အချက်အလက်များကို ဖြည့်ပါ။ ပရူဒန်ရှယ်အာမခံအကြံပေးမှ သင်နှင့် သင့်တော်မည့်အာမခံအမျိုးအစားများကို အသေးစိတ်ရှင်းပြပေးပါမည်။

Family-at-the-beach