good-vibe-tribe-mandalay
good-vibe-tribe

စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ

    • The Good Vibe Tribe Festival 2.0 အစီအစဉ်သည် ပရူဒန်ရှယ်အာမခံမှ စီစဉ်ကျင်းပသော အစီအစဉ်တစ်ခုဖြစ်သည်။ အဆိုပါအစီအစဉ်အား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ကုက္ကိုကျွန်း၊ မန္တလေးမြို့ ၌ စီစဉ်ကျင်းပသွားမည်ဖြစ်သည်။ အစီအစဉ်၌ ဝင်ရောက်ဆင်နွှဲမည့်သူများအားလုံးသည်  ယခုစာမျက်နှာတွင် ဖော်ပြထားသည့် အစီအစဉ်နှင့် ပတ်သက်သော စည်းကမ်းသတ်မှတ်ချက်များအားလုံးကို သဘောတူညီပြီး ဖြစ်ပါသည်။ 
    •  ပရူဒန်ရှယ်အာမခံသည် အစီအစဉ်တွင် ပါဝင်ခွင့်နှင့်ပတ်သက်၍ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ ပရူဒန်ရှယ်အာမခံမှ ချမှတ်သော ဆုံးဖြတ်ချက်များသာလျှင် အတည်ဖြစ်ပြီး အကျုံးဝင်သည်။
    • Good Vibe Tribe Festival 2.0 အစီအစဉ်သည် အသက် (၁၈) နှစ်နှင့်အထက် မြန်မာနိုင်ငံတွင် နေထိုင်သူများအတွက် ဖြစ်သည်။ အဆိုပါအစီအစဉ်သို့ ပါဝင်သူများအနေဖြင့် ကျင်းပမည့်နေရာသို့ အနည်းဆုံးမိနစ် (၃၀) ခန့် ကြိုတင်ရောက်ရှိရန် အကြံပြုပါသည်။
    • ပရူဒန်ရှယ်အာမခံ၏ ဝန်ထမ်းများနှင့် Consultants များအားလုံးသည် Good Vibe Tribe Festival 2.0 အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။ ထို့အပြင် ၎င်းတို့၏ မိတ်ဆွေအပေါင်းအသင်း ချစ်ခင်သူများကိုလည်း ဖိတ်ခေါ် နိုင်ပြီး ကျန်းမာရေးနှင့်ပတ်သက်သည့် အကြောင်းအရာများ ဝေမျှမည့် အဆိုပါအစီအစဉ်သို့ တက်ရောက်နိုင်ပါသည်။
    • ပရူဒန်ရှယ်အာမခံနှင့် ၎င်း၏လုပ်ငန်းခွဲများသည် ပါဝင်သူများ၏ ကိုယ်ရေးကိုယ်တာပစ္စည်းများ ပျောက်ဆုံးခြင်း (သို့မဟုတ်) ခိုးယူခံရခြင်းများအတွက် တစ်စုံတစ်ရာတာဝန်ယူမည် မဟုတ်ပါ။ ထိုသို့ပျက်ဆီးဆုံးရှုံးမှုကို ဖြစ်ပွားစေသောသူမှ နောက်ဆက်တွဲကိစ္စရပ်များအား တာဝန်ယူပေးဆောင်ရမည်ဖြစ်သည်။
    • အရက်နှင့် တရားမဝင်ပစ္စည်းများသုံးစွဲခြင်းကို တင်းကြပ်စွာ တားမြစ်သည်။
    • ပရူဒန်ရှယ်အာမခံသည် ထိုအစီအစဥ်တွင် ပါဝင်ရန် စာရင်းသွင်းသူများအား အစီအစဉ်နှင့် ဆက်စပ်သည့် အကြောင်းအရာအချက်အလက်များအတွက် အီးမေးလ် (သို့မဟုတ်) ဖုန်းဖြင့် ဆက်သွယ်ခွင့်ရှိသည်။ ၎င်းအပြင် ပါဝင်သူများအနေဖြင့် သူတို့အား အစီအစဉ်နှင့်စပ်လျဉ်းသည့်အကြောင်းအရာများကို ဆက်သွယ်ရေးနှင့် ကြော်ငြာပစ္စည်းများတွင် ပရူဒန်ရှယ်အာမခံမှ အသုံးပြုပိုင်ခွင့်ရှိကြောင်းကို အသိအမှတ်ပြုပါသည်။ သို့သော် ကြိုတင်ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ပါဝင်သူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များအား ပရူဒန်ရှယ်အာမခံမှ ထုတ်ဖော်ပြသမည်မဟုတ်ပါ။
    • ပါဝင်သူများအနေဖြင့် ယခုအစီအစဉ်နှင့် ဆက်စပ်၍ ဗီဒီယိုမှတ်တမ်းများ၊ ပုံရိပ်များစသည့် အကြောင်းအရာများကို ပရူဒန်ရှယ်အာမခံ၏ ဆက်သွယ်ရေးနှင့် ကြော်ငြာပစ္စည်းများ၌ အသုံးပြုပိုင်ခွင့်ရှိကြောင်းကို အသိအမှတ်ပြုပါသည်။
    • ပရူဒန်ရှယ်အာမခံမှလွဲ၍ အခြားမည်သည့်အမှတ်တံဆိပ် (သို့မဟုတ်) အဖွဲ့အစည်းများမှ ဤအစီအစဉ်တွင် ပါဝင်ပံ့ပိုးထားခြင်းမရှိ‌ပါ။
    • ပရူဒန်ရှယ်အာမခံနှင့် ၎င်းတို့၏ သက်ဆိုင်ရာ အဓိကအဖွဲ့အစည်းများ၊ လုပ်ငန်းခွဲများနှင့် ဆက်စပ်ကုမ္ပဏီများ၊ သက်ဆိုင်ရာ ကြော်ငြာလုပ်ငန်းများ (သို့မဟုတ်) အေဂျင်စီများ၊ ၎င်းတို့၏ သက်ဆိုင်ရာ အရာရှိများ၊ ဒါရိုက်တာများ၊ ဝန်ထမ်းများ၊ အဖွဲ့ဝင်များ၊ အစုရှယ်ယာရှင်များ၊ ရှေ့နေများ၊ ကိုယ်စားလှယ်များသည်  ထိုအစီအစဥ်မှ ဖြစ်ပေါ်လာသည့် တိုက်ရိုက်၍သော်လည်းကောင်း၊  သွယ်ဝိုက်၍သော်လည်းကောင်း၊ မတော်တဆ (သို့မဟုတ်) နောက်ဆက်တွဲဖြစ်ပေါ်လာသည့်ပျက်စီးမှု၊ ဆုံးရှုံးမှုများအတွက် တာဝန်ယူ၊ တာဝန်ခံမည် မဟုတ်ပါ။
    • ဤအစီအစဉ်ကို တက်ရောက်ခြင်းဖြင့် ပါဝင်သူများသည် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ၊ အစီအစဉ်တစ်ခုလုံးတွင်ဖြစ်စေ တစိတ်တစ်ပိုင်းတွင်ဖြစ်စေ၊ ဖြစ်ပေါ်လာနိုင်သမျှကို ပရူဒန်ရှယ်အာမခံ နှင့် ၎င်း၏ လုပ်ငန်းခွဲများမှ အခွင့်အရေးများ၊ တောင်းဆိုချက်များ၊ ရယူမှုများ၊ အရေးယူမှု အကြောင်းရင်းများ၊ ဆုံးရှုံးမှုများ၊ ထိခိုက်ပျက်စီးမှုများ၊ ကုန်ကျစရိတ်များနှင့် စရိတ်စကများ စသော အချင်းအရာများဖြစ်ပွားမှု မရှိရန်နှင့် အန္တရာယ်ကင်းသော အစီအစဉ်ကို ဆင်နွှဲကျင်းပရန် သဘောတူညီသည်။
    • ပါဝင်ဆင်နွှဲမည့်သူများသည် မိမိတို့၏ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြာ း(သို့မဟုတ်) နိုင်ငံကူးလက်မှတ် (သို့မဟုတ်) ယာဥ်မောင်းလိုင်စင်စသည့် အသိအမှတ်ပြုကဒ်ပြားတစ်ခုခုကို ယူဆောင်လာရန် လိုအပ်သည်။ ၎င်းတို့၏ စိစစ်အတည်ပြုခြင်းကို လိုက်နာရန်ပျက်ကွက်သော မည်သည့်ပါဝင်ဆင်နွှဲသူမဆို အစီအစဉ်တွင် ပါဝင်ခွင့်မပြုပါ။
    • ပါဝင်ဆင်နွှဲမည့်သူများက မိမိ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပြီးပြည့်စုံစွာ စာရင်းပေးသွင်းပြီးပါက ပရူဒန်ရှယ်အာမခံမှ  QR Code တစ်ခုချင်းစီကို အီးမေးလ်မှတစ်ဆင့် ပေးပို့သွားမည် ဖြစ်သည်။ ထို QR code သည် စာရင်းပေးသွင်းပြီးကြောင်း စိစစ်အတည်ပြုခြင်း ဖြစ်သလို အစီအစဉ်ဝင်ခွင့်လက်မှတ်လည်း ဖြစ်သည်။ ပါဝင်ဆင်နွှဲသူတိုင်း အစီအစဉ်အခမ်းအနားအတွင်းသို့ မဝင်ရောက်မီ ဤ QR code ကို ပြသရန် လိုအပ်ပြီး ပြသနိုင်ခြင်းမရှိသည့်  မည်သူတစ်ဦးတစ်ယောက်မျှ ဤအစီအစဉ်သို့ ဝင်ရောက်ခွင့်ရရှိမည် မဟုတ်ပါ။

     

    ကိုဗစ်ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များ

    • လက်ရှိဖြစ်ပွားလျက်ရှိသော COVID-19 ကပ်‌ရောဂါအခြေအနေနှင့် စပ်လျဉ်း၍ အစီအစဉ်သို့တက်ရောက်ခွင့်ရရှိရန် သင့်အနေဖြင့် ကာကွယ်ဆေးထိုးနှံထားရန် လိုအပ်ပြီး လတ်တလောစည်းမျဉ်းစည်းကမ်းများအရ သင်၏ COVID-19 ကာကွယ်ဆေးထိုးပြီးကြောင်း စာရွက်စာတမ်းအား အစီအစဉ်ကျင်းပရာနေရာ၌ ပြသရန် လိုအပ်ပါသည်။
    • နှာခေါင်းစည်း (Mask) အား အစီအစဉ်တစ်လျှောက် တပ်ဆင်ထားရန် အထူးလိုအပ်မည်ဖြစ်ပြီး လာရောက်ပါဝင်သူများအနေဖြင့် တစ်ယောက်နှင့်တစ်ယောက် ခပ်ခွာခွာနေသည့် Social Distancing အား လိုက်နာရန်လိုအပ်သည်။
    • ပရူဒန်ရှယ်အာမခံသည် သင်၏ပါဝင်ဆင်နွှဲမှုကြောင့် ဖြစ်ပေါ်လာသော ထိခိုက်ဒဏ်ရာများ၊ ရှုပ်ထွေးမှုများနှင့် COVID-19 ပြန့်ပွားမှုများအတွက် တာဝန်ယူမည်မဟုတ်ပါ။
    • ပရူဒန်ရှယ်အာမခံသည် ၎င်း၏တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် အစီအစဉ်၏ စည်းမျဉ်းစည်းကမ်းများကို ပြောင်းလဲနိုင်သည် (သို့မဟုတ်) အစီအစဉ်အား အချိန်မရွေး ပယ်ဖျက်/ပြင်ဆင်နိုင်သည်။
    • အကူအညီတစ်စုံတစ်ရာလိုအပ်ပါက ပရူဒန်ရှယ်အာမခံ Customer Service Hotline နံပါတ် - ၀၉ ၇၇၀ ၁၁၀၀၁၀ သို့ (တနင်္လာမှ သောကြာ မနက် ၉  နာရီ မှ ညနေ ၅ နာရီ) အတွင်း (သို့မဟုတ်) ပရူဒန်ရှယ်အာမခံ Prudential Myanmar Facebook စာမျက်နှာမှတစ်ဆင့် Messenger သို့လည်း ဆက်သွယ်မေးမြန်းနိုင်သည်။

     

    COVID-19 အသိ​ပေး​ကြေညာချက်

    • Good Vibe Tribe Festival 2.0 အစီအစဥ်တွင် ပါဝင်သူများအ​နေဖြင့် မတက်​ရောက်မီ COVID-19 စည်းမျဥ်းစည်းကမ်းများကို မဖြစ်မ​နေလိုက်နာ​ဆောင်ရွက်ရမည်ဖြစ်သည်။
    • Good Vibe Tribe Festival 2.0 အစီအစဥ်တွင် ပါဝင်သူများအ​နေဖြင့် အစီအစဥ်မှ ချမှတ်ထား​သော COVID-19 ​ဘေးကင်း​ရေးစည်းမျဥ်းများဖြစ်​သည့် Face Mask များတပ်ခြင်းနှင့် COVID-19 ကာကွယ်​ဆေးထိုးထားခြင်းရှိ၊ မရှိ အစရှိသည့် စစ်​ဆေးခြင်းတို့ကို ကြည်ဖြူစွာ လိုက်နာ​ဆောင်ရွက်ရမည်။ အကယ်၍ သတ်မှတ်ချက်များအား လိုက်နာ​ဆောင်ရွက်ခြင်းမရှိဘဲ ငြင်းဆိုပါက ပါဝင်သူများအ​နေဖြင့် အဆိုပါအစီအစဥ်သို့ ဝင်​ရောက်ခွင့်ရှိမည်မဟုတ်ပါ။
    • Good Vibe Tribe Festival 2.0 အစီအစဥ်တွင် COVID-19 နှင့် ပတ်သတ်​သော ကျန်းမာ​ရေးစည်းမျဥ်းစည်းကမ်းများကို လိုက်နာရန် သတ်မှတ်ထား​သော်လည်း လူစုလူ​ဝေးအဖြစ် လူများစွာတက်​ရောက်​သော ပွဲဖြစ်​သော​ကြောင့် COVID-19 ကူးစက်ခံရခြင်းမှ အလုံးစုံ ကာကွယ်​ပေးနိုင်မည်မဟုတ်ပါ။ အကယ်၍ အ​ရေး​ပေါ် တစ်စုံတစ်ရာများ ဖြစ်​ပေါ်လာပါက ပွဲစီစဥ်သူများနှင့် သက်ဆိုင်ရာ ကုမ္ပဏီများမှ တာဝန်ယူ​​ဆောင်ရွက်​ပေးမည်မဟုတ်ဘဲ ပါဝင်တက်​ရောက်သူများ၏ တာဝန်သာဖြစ်ပါသည်။
     

    အမေးအများဆုံး မေးခွန်းများ


      အားကစားနဲ့ ကျန်းမာရေးကို စိတ်အားထက်သန်သူတိုင်း ပရူဒန်ရှယ်အာမခံကကျင်းပသော Good Vibe Tribe Festival 2.0 မှာပါဝင်နိုင်ပါတယ်။

      ကုက္ကိုကျွန်းမှာ ကျင်းပမယ့် Good Vibe Tribe အစီအစဉ်မှာ ပါဝင်တဲ့သူတိုင်းအတွက် သီးသန့်အခွင့်အရေးတွေဖြစ်သော ကိုယ်နှစ်သက်တဲ့ Influencers တွေနဲ့ သီးသန့်တွေ့ဆုံနိုင်မယ့်အပြင် ကျွမ်းကျင်သူတွေနဲ့ အွန်လိုင်းကြံ့ခိုင်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နိုင်ပြီး ဆုလက်ဆောင်တွေပါ ရရှိနိုင်မှာဖြစ်ပါတယ်။

      Yoga၊ Zomba၊ Dance အစီအစဉ်တွေကို အတွေ့အကြုံရှိ လေ့ကျင့်ပေးသူများနှင့် ကိုယ်တိုင်ပါဝင်နိုင်မှာဖြစ်ပြီး တခြားပျော်ရွှင်ဖွယ် လှုပ်ရှားမှုများတွင်လည်း ပါဝင်နိုင်မယ့် အခွင့်အရေးတွေ ရရှိမှာဖြစ်လို့ အားကစားဝတ်စုံဝတ်လာခဲ့ဖို့တော့ မမေ့ပါနဲ့​နော်။

      ဒီလင့်ခ် http://bit.ly/3hTGSFv ကနေတစ်ဆင့် မိတ်ဆွေကိုယ်တိုင် လွယ်လွယ်ကူကူ စာရင်းပေးသွင်းနိုင်ပါတယ်။

      ပထမဦးဆုံး သင့်အတွက် ဒီလင့်ခ် http://bit.ly/3hTGSFv ကနေတစ်ဆင့် စာရင်းသွင်းပါ။ စာရင်းသွင်းတာအောင်မြင်သွားတာနဲ့ အီးမေးလ်မှတစ်ဆင့် ဖိတ်ကြားစာနဲ့အတူ QR ကုဒ် လက်ခံရရှိပါမယ်။ အစီအစဉ်ကျင်းပမယ့်နေ့မှာ ဝင်ခွင့်အတွက် QR ကုဒ်၊ မိမိနိုင်ငံသားမှတ်ပုံတင်ကဒ်ပြား (သို့မဟုတ်) နိုင်ငံကူးလက်မှတ် (သို့မဟုတ်) ယာဥ်မောင်းလိုင်စင်နဲ့အတူ ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ မှတ်တမ်းကတ်တို့ကို Soft Copy သို့မဟုတ် Hard Copy ဖြစ်ဖြစ် ယူလာခဲ့ရပါမယ်။ နောက်ပြီး ကိုယ့်အတွက် သက်တောင့်သက်သာ အဖြစ်ဆုံး အားကစားဝတ်စုံနဲ့ ဖိနပ်ကိုပါ ဝတ်လာခဲ့ဖို့ မမေ့နဲ့နော်။

      အခြားကမ်ပိန်းအစီအစဉ်များ

      "ကျန်းမာပျော်ရွှင်မှုကို အဖြေရှာပြီး ဆုလက်ဆောင်တွေ ရယူလိုက်ကြရအောင်" အစီအစဉ်
      Square

      "ကျန်းမာပျော်ရွှင်မှုကို အဖြေရှာပြီး ဆုလက်ဆောင်တွေ ရယူလိုက်ကြရအောင်" အစီအစဉ်

      24-11-2025 | 2 mins read
      "မိသားစုအတွက် အကောင်းဆုံးလက်ဆောင်ကို ရှာဖွေပြီး ပရူဒန်ရှယ်နဲ့အတူ ဆုတွေယူ" အစီအစဉ်
      Square

      "မိသားစုအတွက် အကောင်းဆုံးလက်ဆောင်ကို ရှာဖွေပြီး ပရူဒန်ရှယ်နဲ့အတူ ဆုတွေယူ" အစီအစဉ်

      02-10-2025 | 2 mins read
      “အမေ့ကို ချစ်တဲ့အကြောင်းတွေပြောပြပြီး ဆုတွေရရှိမယ့်” အစီအစဉ်
      Square

      “အမေ့ကို ချစ်တဲ့အကြောင်းတွေပြောပြပြီး ဆုတွေရရှိမယ့်” အစီအစဉ်

      09-05-2025 | 2 mins read
      "ပိုကျန်းမာတဲ့ နှစ်သစ်ကို ရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ကာကွယ်" အစီအစဉ်
      Square

      "ပိုကျန်းမာတဲ့ နှစ်သစ်ကို ရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ကာကွယ်" အစီအစဉ်

      01-04-2024 | 2 mins read
      "လုံခြုံနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတ - AR Filter” အစီအစဉ်
      Square

      "လုံခြုံနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတ - AR Filter” အစီအစဉ်

      20-01-2025 | 2 mins read
      "ပိုမိုကျန်းမာတဲ့အနာဂတ်ကိုရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ ကာကွယ်" အစီအစဉ်
      Square

      "ပိုမိုကျန်းမာတဲ့အနာဂတ်ကိုရည်ရွယ်၊ ပရူဒန်ရှယ်အာမခံနဲ့ ကာကွယ်" အစီအစဉ်

      30-06-2024 | 2 mins read
      “သင်ချစ်ရတဲ့သူတွေအတွက် လုံခြုနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြလိုက်ပါ။” အစီအစဉ်
      Square

      “သင်ချစ်ရတဲ့သူတွေအတွက် လုံခြုနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြလိုက်ပါ။” အစီအစဉ်

      01-02-2025 | 2 mins read