Personal
Disability
Should you become unable to work, a cash payout can provide you with income and keep you afloat
Health
From diagnosis to recovery may involve tests, scans, therapy, rehabilitation. The cost is huge
သင့်အာမခံပေါ်လစီကို အလွယ်တကူ စီမံပါ။
သင့်အာမခံပေါ်လစီကို အလွယ်တကူ စီမံရန်
ကျွန်ုပ်တို့ရဲ့ Customer Service Centre ကို လာရောက်လိုပါကလည်း သင့်ရဲ့ ပေါ်လစီအသေးစိတ် အချက်အလက်တွေကို စီမံဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိနေပါတယ်။
ကျွန်ုပ်တို့ရဲ့ Customer Service Hotline ဖုန်းနံပါတ်ကို ခေါ်ယူဆက်သွယ်ပြီး သင့် အာမခံပေါ်လစီရဲ့ အသေးစိတ်အချက်အလက်ကို ကြည့်ရှု၊ ပြင်ဆင်၊ ပြောင်းလဲနိုင်ပါတယ်။
သင့်ရဲ့ အာမခံပေါ်လစီ အသေးစိတ်အချက်အလက်တွေကို စီမံနိုင်ဖို့ ယုံကြည်ရတဲ့ သင့်ကိုယ်ပိုင် ပရူဒန်ရှယ်အာမခံရဲ့ အကြံပေးကို တာဝန်ပေးပြီး အစီအစဉ်ရဲ့ အကျိုးခံစားခွင့်တွေကို အခက်အခဲမရှိ ရယူနိုင်ပါတယ်။
သက်ဆိုင်ရာ စာရွက်စာတမ်း အထောက်အထားနဲ့တကွ သင့်ရဲ့ လျှောက်လွှာပုံစံကို ကျွန်ုပ်တို့ရဲ့ Customer Service Centre ထံ အီးမေးလ်ပို့လိုက်ပါ။
သင့်ပေါ်လစီမှာ ကိုယ်ရေးအချက်အလက် ပြင်ဆင်ပြောင်းလဲဖို့ အောက်ပါ အဆင့်တွေအတိုင်း လုပ်ဆောင်နိုင်ပါတယ်။
အဆင့် (၁) ဝန်ဆောင်မှု တောင်းခံလွှာ ပုံစံကို မှန်ကန်စွာ ရွေးချယ်ပြီး ပေးထားတဲ့ နေရာအားလုံးကို တိတိကျကျ ဖြည့်စွက်ပါ။ အဆင့်(၂) လိုအပ်တဲ့ နေရာတွေမှာ တရားဝင် လက်မှတ်တွေ ထည့်ပေးပါ အဆင့်(၃) လိုအပ်သော စာရွက်စာတမ်း အထောက်အထား အပြည့်အစုံကို ထည့်ပေးပါ အဆင့်(၄) ဖြည့်စွက်ပြီးတဲ့ လျှောက်လွှာပုံစံတွေနဲ့အတူ လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထားတွေကို scan ဖတ်ပြီး သင့်ကိုယ်ပိုင် ပရူဒန်ရှယ်အာမခံရဲ့ အကြံပေးကတစ်ဆင့်ဖြစ်စေ၊ ကျွန်ုပ်တို့ရဲ့ Customer Service Centre ကိုဖြစ်စေ အီးမေးလ်ပေးပို့နိုင်ပါတယ်။ နောက်တစ်နည်းကတော့ “Customer Service & Operation Department” လို့ လိပ်မူပြီး ကျွန်ုပ်တို့ဆီ အီးမေးလ် ပေးပို့နိုင်ပါတယ်
သင့်အနေနဲ့ အမည်၊ မွေးနေ့၊ အီးမေးလ် လိပ်စာ၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ စသည်တို့ကို ပြင်ဆင်လိုပါက အောက်ပါ စာရွက်စာတမ်းတွေ လိုအပ်ပါတယ်
သင့်ပေါ်လစီမှာ ဆက်ခံသူအမည်စာရင်း ပြင်ဆင်ပြောင်းလဲလိုပါက အောက်ပါ အဆင့်တွေအတိုင်း လုပ်ဆောင်နိုင်ပါတယ်။
(၁) ဝန်ဆောင်မှု တောင်းခံလွှာ ပုံစံကို မှန်ကန်စွာ ရွေးချယ်ပြီး ပေးထားတဲ့ နေရာအားလုံးကို တိတိကျကျ ဖြည့်စွက်ပါ။ (၂) လိုအပ်တဲ့ နေရာတွေမှာ တရားဝင် လက်မှတ်တွေ ထည့်ပေးပါ (၃) လိုအပ်သော စာရွက်စာတမ်း အထောက်အထား အပြည့်အစုံကို ထည့်ပေးပါ (၄) ဖြည့်စွက်ပြီးတဲ့ လျှောက်လွှာပုံစံတွေနဲ့အတူ လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထားတွေကို scan ဖတ်ပြီး သင့်ကိုယ်ပိုင် ပရူဒန်ရှယ်အာမခံရဲ့ အကြံပေးကတစ်ဆင့်ဖြစ်စေ၊ ကျွန်ုပ်တို့ရဲ့ Customer Service Centre ကိုဖြစ်စေ အီးမေးလ်ပေးပို့နိုင်ပါတယ်။ နောက်တစ်နည်းကတော့ “Customer Service & Operation Department” လို့ လိပ်မူပြီး ကျွန်ုပ်တို့ဆီ အီးမေးလ် ပေးပို့နိုင်ပါတယ်
သင်က ပေါ်လစီပိုင်ရှင်ဆိုရင် ပြောင်းလဲဆက်ခံသူ အမည်စာရင်းတစ်ခုကို ပယ်ဖျက်လိုက်တဲ့အခါ သင့်အနေနဲ့ ပေါ်လစီကို စီမံနိုင်တဲ့ အခွင့်အရေး အပြည့်အဝနဲ့ ဆက်လက် ပိုင်ဆိုင်နေဦးမှာ ဖြစ်ပါတယ်။ ဆိုလိုတာက ဆက်ခံသူတွေ၊ ဒါမှမဟုတ် အာမခံကြေးအတွက် အကျိုးခံစားခွင့် ရထားတဲ့သူတွေရဲ့ ခွင့်ပြုချက် မလိုဘဲ သင့်အာမခံ ပေါ်လစီရဲ့ ဆက်ခံသူကို အချိန်မရွေး ပြင်ဆင်၊ ပယ်ဖျက်နိုင်ပါတယ်။ ပေါ်လစီနဲ့ သက်ဆိုင်တဲ့ အခွင့်အရေးတွေ အားလုံးကို အမည်စာရင်း ထည့်သွင်းလိုက်တဲ့ ဆက်ခံသူက စည်းမျဉ်း၊ စည်းကမ်းတွေအရ ထိန်းချုပ်နိုင်မှာပါ
အိမ်ထောင်ဘက်၊ မိဘ၊ သားသမီးနဲ့ အဖိုးအဖွား စတဲ့ အာမခံအကျိုးခံစားခွင့် ရရှိထားတဲ့ အုပ်စုထဲက မိသားစုဝင်တစ်ဦးဦးကို ဆက်ခံသူအဖြစ် အမည်စာရင်း တင်သွင်းတဲ့အခါ အောက်ပါ စာရွက်စာတမ်းတွေ လိုအပ်ပါတယ်။
သတ်မှတ်ထားတဲ့ အကျိုးခံစားခွင့်ရှိသူဟာ အသက် (၁၈)နှစ်အောက်ဆိုရင် မိဘ၊ အဖိုးအဖွားတွေ ဒါမှမဟုတ် တာဝန်ယူထားတဲ့ မိသားစုဝင်ဖြစ်စေ၊ ယုံကြည်စွာ အပ်နှံထားသူဖြစ်စေ တစ်ဦးဦးကို ရွေးချယ်ပြီး ပေါ်လစီထိန်းသိမ်းသူ/တာဝန်ရှိသူ အဖြစ် ထားရှိဖို့ လိုအပ်ပါတယ်။
တာဝန်ယူထားတဲ့ မိသားစုဝင်ကိုယ်စား အခြားဆွေမျိုးသားချင်း ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုက ဆက်ခံဖို့ ရွေးချယ်ခံရတယ်ဆိုရင် ပြန်လည် သုံးသပ်ဖို့ လိုအပ်ပါတယ်။
သင်ရဲ့ အာမခံပေါ်လစီမှာအတည်ပြု ရေးထိုးထားတဲ့ နမူနာလက်မှတ်ကို ပြောင်းလဲဖို့ အောက်ပါ အဆင့်သတ်မှတ်ချက်တွေအတိုင်း လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။
(၁) ဝန်ဆောင်မှု တောင်းခံလွှာ ပုံစံကို မှန်ကန်စွာ ရွေးချယ်ပြီး ပေးထားတဲ့ နေရာအားလုံးကို တိတိကျကျ ဖြည့်စွက်ပါ။ (၂) လိုအပ်တဲ့ နေရာတွေမှာ တရားဝင် လက်မှတ်တွေ ထည့်ပေးပါ (၃) လိုအပ်သော စာရွက်စာတမ်း အထောက်အထား အပြည့်အစုံကို ထည့်ပေးပါi (၄) ဖြည့်စွက်ပြီးတဲ့ လျှောက်လွှာပုံစံတွေနဲ့အတူ လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထားတွေကို scan ဖတ်ပြီး သင့်ကိုယ်ပိုင် ပရူဒန်ရှယ်အာမခံရဲ့ အကြံပေးကတစ်ဆင့်ဖြစ်စေ၊ ကျွန်ုပ်တို့ရဲ့ Customer Service Centre ကိုဖြစ်စေ အီးမေးလ်ပေးပို့နိုင်ပါတယ်။ နောက်တစ်နည်းကတော့ “Customer Service & Operation Department” လို့ လိပ်မူပြီး ကျွန်ုပ်တို့ဆီ အီးမေးလ် ပေးပို့နိုင်ပါတယ်
နမူနာလက်မှတ်ကို ပြောင်းလဲဖို့ အောက်ပါ စာရွက်စာတမ်း အထောက်အထားတွေ လိုအပ်ပါတယ်
လိုအပ်တဲ့အချက်အလက်တွေ ဖြည့်စွက်ပြီး လက်မှတ်ထိုးထားတဲ့ နမူနာလက်မှတ် ပြောင်းလဲလိုကြောင်း တောင်းဆိုတဲ့ လျှောက်လွှာတစ်စောင် အရင်လက်မှတ်အဟောင်းနဲ့ အသစ် နှစ်မျိုးစလုံးကို ပြသဖို့ လိုအပ်ပါတယ်
အာမခံပေါ်လစီ လွှဲပြောင်းပေးအပ်ဖို့ မည်သည့်အဖွဲ့အစည်း၊ မည်သည့် လူပဂ္ဂိုလ်ကိုမဆို ထည့်သွင်းစဉ်းစားရာမှာ အောက်ပါ စာရွက်စာတမ်းတွေ လိုအပ်ပါတယ်။
ပေါ်လစီအသေးစိတ် အချက်အလက် ပြင်ဆင်ပြောင်းလဲဖို့ တောင်းဆိုရာမှာ အောက်ပါနည်းလမ်းတွေတစ်ဆင့် ဆောင်ရွက်နိုင်ပါတယ်။
ပေါ်လစီထိန်းသိမ်းသူ/တာဝန်ရှိသူက ဖော်ပြပါရှိတဲ့ အာမခံသက်တမ်း မတိုင်မီ သူတို့ရဲ့ ပေါ်လစီတွေကို ရုတ်သိမ်းကြောင်း သင့်ကိုယ်ပိုင် ပရူဒန်ရှယ်အာမခံရဲ့ အကြံပေးကနေတစ်ဆင့်ဖြစ်စေ၊ ကျွန်ုပ်တို့ရဲ့ Customer Service Center ကို ဖြစ်စေ အချိန်မရွေး အကြောင်းကြားနိုင်ပါတယ်။ ပေါ်လစီတစ်ခုကို ရုတ်သိမ်းလိုက်ပြီဆိုရင် ဒီပေါ်လစီကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်တဲ့အတွက် အာမခံ အကာအကွယ် ပေးအပ်တော့မှာ မဟုတ်ပါဘူး။
(၁) လိုအပ်တဲ့ အကွက်တွေအားလုံးကို သေသေချာချာ သေချာဖြည့်စွက်ပြီး အာမခံလျှောက်လွှာ ဒါမှမဟုတ် သင့်ရဲ့ နောက်ဆုံး လက်မှတ်ကြေညာချက် လျှောက်လွှာထဲကအတိုင်း တူညီတဲ့ လက်မှတ်ထိုးထားပါ။
(၂) သက်ဆိုင်ရာ စာရွက်စာတမ်းအထောက်အထားတွေ (ရှိတယ်ဆိုရင်) ပူးတွဲပေးပို့ပါ။ ဥပမာ - သက်သေခံ အထောက်အထား စာရွက်။ သင့်လျှောက်လွှာအတွက် လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထားတွေနဲ့ ပတ်သက်ပြီး သင့်ကိုယ်ပိုင် ပရူဒန်ရှယ်အာမခံရဲ့ အကြံပေးကို ဆက်သွယ်နိုင်ပါတယ်။
(၃) သင် တင်သွင်းထားတဲ့ တောင်းခံလွှာအခြေအနေကို အောက်ပါ နည်းလမ်းတွေအတိုင်း စစ်ဆေးနိုင်ပါတယ်
ဖြည့်စွက်ပြီးတဲ့ ဝန်ဆောင်မှုတောင်းခံလွှာနဲ့အတူ လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထားတွေကို scan ဖတ်ပြီး သင့်ကိုယ်ပိုင် ပရူဒန်ရှယ်အာမခံရဲ့ အကြံပေးကတစ်ဆင့်ဖြစ်စေ၊ ကျွန်ုပ်တို့ရဲ့ Customer Service Centre ကိုဖြစ်စေ အီးမေးလ်ပေးပို့နိုင်ပါတယ်။ နောက်တစ်နည်းကတော့ “Customer Service & Operation Department” လို့ လိပ်မူပြီး ကျွန်ုပ်တို့ဆီ အီးမေးလ် ပေးပို့နိုင်ပါတယ်။
သင့်ရဲ့ ဝန်ဆောင်မှုတောင်းခံခြင်းကို လက်ခံရရှိတာ နဲ့တစ်ပြိုင်နက် ပေါ်လစီနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို အခြေခံပြီး ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ဆုံးဖြတ်ချက် ချပြီးသွားတဲ့အခါဖြစ်စေ၊ အသေးစိတ်ရှင်းလင်းဖို့ ထပ်မံလိုအပ်တဲ့အခါဖြစ်စေ သင်နဲ့ သင့်ကိုယ်ပိုင် ပရူဒန်ရှယ်အာမခံရဲ့ အကြံပေးကို အကြောင်းကြားပေးသွားမှာ ဖြစ်ပါတယ်။
သင် တင်သွင်းထားတဲ့ တောင်းခံလွှာအခြေအနေကို အောက်ပါ နည်းလမ်းတွေအတိုင်း စစ်ဆေးနိုင်ပါတယ်
ပေါ်လစီ သက်တမ်းတစ်နှစ်ပြည့်ဆိုတာ ပေါ်လစီတစ်ခု စတင်အသက်ဝင်ဖို့ အဆိုပြုထားတဲ့အချိန် စတင်တဲ့ (လ) ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် အစီအစဉ်ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှာစတယ်ဆိုရင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်၊ ၂၃ နာရီ ၅၉ မိနစ် ၅၉ စက္ကန့်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။
သင့်ရဲ့ ပေါ်လစီ သက်တမ်းကုန်သွားမှာပါ။ သင့်မှာ အာမခံ ကာကွယ်မှု/အကာအကွယ် ရှိတော့မှာဟုတ်သလို သက်တမ်း ကုန်ဆုံးတဲ့ ကာလအတွင်း မည်သည့် အာမခံကြေးကိုမှ ခံစားခွင့်ရှိမှာ မဟုတ်ပါဘူး။
ဟုတ်ကဲ့၊ ရပါတယ်။ အမည်တင်သွင်းတဲ့သူ တစ်ဦးချင်းစီကို ပေးရမယ့် တိကျတဲ့ ဝေစု (ရာခိုင်နှုန်း) ကို ဖော်ပြပေးရမှာ ဖြစ်ပါတယ်။ ဝေစုကို ဖော်ပြထားတာ မရှိရင် ပေါ်လစီငွေကြေးတွေကို အမည်တင်သွင်းတဲ့သူအားလုံးကို အညီအမျှ ခွဲဝေပေးမှာ ဖြစ်ပါတယ်။
အထက်ပါ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းချင်ပါက ဒါမှမဟုတ် ရှင်းရှင်းလင်းလင်း သိရှိလိုပါက Customer Service Centre ဒါမှမဟုတ် သင့်ကိုယ်ပိုင် ပရူဒန်ရှယ်အာမခံရဲ့ အကြံပေးထံ ဆက်သွယ်နိုင်ပါတယ်။
ဆက်သွယ်နိုင်မည့် အချက်အလက်များကို ဖြည့်ပါ။ ပရူဒန်ရှယ် အာမခံအကြံပေးမှ သင်နှင့် သင့်တော်မည့်အာမခံအမျိုးအစားများကို အသေးစိတ်ရှင်းပြပေးပါလိမ့်မည်။