Personal
Disability
Should you become unable to work, a cash payout can provide you with income and keep you afloat
Health
From diagnosis to recovery may involve tests, scans, therapy, rehabilitation. The cost is huge
PRUScholar
PRUScholar အသက်အာမခံဟာ သင့်ကလေးရဲ့ ပညာရေးအတွက် ငွေကြေးဆိုင်ရာ လုံခြုံစိတ်ချမှုပေးနိုင်လို့ သင့်ကလေးရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အကောင်းဆုံးပါပဲ။ သင့်ကလေးရဲ့ ပညာရေးကို PRUScholar ပညာရေးဆိုင်ရာ အသက်အာမခံနဲ့ စိတ်ချထားလိုက်ပါ။
လုံခြုံစိတ်ချ သင့်ရင်သွေး ဘဝ
မိမိရင်သွေးဘဝအတွက် အစကောင်းပြီး အနှောင်းသေချာသည့် ဘဝများကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။
သင့်ရင်သွေးရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော် ဖြည့်ဆည်းပေးနိုင်ခြင်း
သင့်ရင်သွေးရဲ့ ပညာရေးအတွက် ရည်ရွယ်ပြီး ကိုယ်တတ်နိုင်တဲ့ ငွေပမာဏကို ပုံမှန်စုဆောင်းပေးထားခြင်းဖြင့် မိမိရင်သွေး ပညာရေးစိတ်အေးရစေမှာ ဖြစ်ပါတယ်။
အဖိုးမဖြတ်နိုင်တဲ့ အကောင်းဆုံးလက်ဆောင်
ပရူပညာ့ပန်းတိုင် အာမခံဆိုသည်မှာ မိမိအဖိုးတန်ရင်သွေးများအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆင့်ကမ်းပေးနိုင်တဲ့ အမွေအနှစ်ဖြစ်ပါတယ်
အချက်အလက်များနှင့် အကျိုးခံစားခွင့်များ
ပေါ်လစီသက်တမ်း
(၉) နှစ်၊ (၁၁) နှစ်၊ (၁၄) နှစ်
ပရီမီယံ ပေးသွင်းကာလ
(၅) နှစ်၊ (၇) နှစ်၊ (၁၀) နှစ်
အာမခံထားနိုင်သော အသက်အရွယ်
လာမည့်မွေးနေ့တွင် အသက် (၁၈) နှစ်ပြည့်ပြီး အသက် (၅၆) နှစ်ထက် မကျော်ရ
အနည်းဆုံး အာမခံထားငွေ
သိန်း ၅၀ ကျပ်
အများဆုံး အာမခံထားငွေ
သိန်း ၁,၀၀၀ ကျပ်
အခြေခံ အကျိုးခံစားခွင့် အစီအစဉ်
Premium Waiver
Education Benefit
နှစ်ထပ်ကွမ်း အကျိုးခံစားခွင့် အစီအစဉ်
သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်
လုံးဝနှင့် ထာဝစဉ် မသန်စွမ်းဖြစ်ခြင်းအတွက် အကျိုးခံစားခွင့်
ပရီမီယံ ကင်းလွတ်ခွင့်
ပညာရေး အကျိုးခံစားခွင့်
အရေးကြီးသော အချက်များ
အထက်ဖော်ပြပါ စည်းကမ်းနှင့် သတ်မှတ်ချက်များသည် အပြည့်အစုံ မဟုတ်ပါ။ အသေးစိတ်အား အာမခံစာချုပ်တွင် ဖတ်ရှုနိုင်ပါသည်။
အာမခံထားသူအနေနှင့် ပေါ်လစီကာလအတွင်း အာမခံထားရှိခြင်းကို ရပ်ဆိုင်းလိုပါက ပြန်အမ်းငွေကို ပြန်အမ်းငွေဇယားအတိုင်း ထုတ်ပေးသွားပါမည်။ သို့သော် အသက်အာမခံ ပေါ်လစီသည် ရေရှည်ပေးသွင်းရသော ပေါ်လစီဖြစ်သည့်အလျောက် ပေါ်လစီသက်တမ်း မပြည့်ခင် ရပ်ဆိုင်းပါက (ပြန်အမ်းငွေရရှိနိုင်ပါက) ရရှိမည့် ပြန်အမ်းငွေသည် ပေးသွင်းခဲ့သော ပရီမီယံကြေး စုစုပေါင်းထက် လျော့နည်းနိုင်ပါသည်။
သင့်ရည်မှန်းချက်နှင့် ကိုက်ညီမှု ရှိသည့် အာမခံအစီအစဉ်တစ်ခုကို ရွေးချယ်နိုင်ရန် ကျွန်ုပ်တို့ဘက်မှ အကောင်းဆုံး ပံ့ပိုးကူညီပေးမည် ဖြစ်သောကြောင့် အာမခံထားရှိသူသည် မိမိ၏ လိုအပ်ချက်နှင့် ကိုက်ညီပြီး ပေးသွင်းနိုင်သော နှုန်းထားဖြစ်စေမည့် အာမခံပေါ်လစီကို ရွေးချယ်ထား ရှိရမည် ဖြစ်သည်။
အချို့သော အခြေအနေများတွင် အာမခံ အကျိုးခံစားခွင့် မရရှိနိုင်ပါ။ ခြွင်းချက်များအား အာမခံလက်မှတ်တွင် ဖတ်ရှုနိုင်ပါသည်။ ပရူဒန်ရှယ် အာမခံ အကြံပေးများမှ ရရှိနိုင်သော အာမခံလက်မှတ်တွင် အသေးစိတ် အချက်အလက်များ၊ ခြွင်းချက်များအား လေ့လာနိုင်ပါသည်။
အခြားအသက်အာမခံအစီအစဉ်များ
သင့်ရွေးချယ်မှုအလိုက် ဒို့တွေတကယ် လုံခြုံမှုပေးပါတယ်။ သင်နဲ့ သင်ချစ်ရသူတွေအတွက် တကယ်လိုအပ်နေချိန်မှာ ငွေကြေးထောက်ပံ့မှု ရရှိနိုင်မှာပါ။
ဒို့တွေတကယ် လုံခြုံမှုပေးပါတယ်။ တန်ဖိုးကြီးမားတဲ့ကုသမှုတွေအတွက် ငွေကြေးထောက်ပံ့မှု။
သင်နဲ့ သင့်မိသားစုကို ချေးငွေကြောင့် ဘဝမှာ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့ ကာကွယ်ပေးသွားမှာပါ။
ဒို့တွေတကယ်လုံခြုံမှုထက်ပိုတဲ့ ဝန်ဆောင်မှုတွေ ပေးအပ်နေပါတယ် သင့်မိသားစု တကယ်လိုအပ်နေတဲ့အချိန်မှာ ငွေကြေးထောက်ပံ့မှု ရရှိနိုင်မှာပါ။
အာမခံအကြောင်း အသေးစိတ်လေ့လာလိုလျှင်
Life protection plans keep your family financially secure and pass your successes for them
Health insurance can help to reduce your financial burden when your wellbeing is in jeopardy
ဆက်သွယ်နိုင်မည့် အချက်အလက်များကို ဖြည့်ပါ။ ပရူဒန်ရှယ်အာမခံအကြံပေးမှ သင်နှင့် သင့်တော်မည့်အာမခံအမျိုးအစားများကို အသေးစိတ်ရှင်းပြပေးပါမည်။