Personal
Disability
Should you become unable to work, a cash payout can provide you with income and keep you afloat
Health
From diagnosis to recovery may involve tests, scans, therapy, rehabilitation. The cost is huge
PRULoansafe
သင်နဲ့ သင့်မိသားစုကို ချေးငွေကြောင့် ဘဝမှာ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့ ကာကွယ်ပေးသွားမှာပါ။
ကြိုတင်မသိနိုင်တဲ့ ကံကြမ္မာအလှည့်အပြောင်းတွေရဲ့ကြားမှာ ကိုယ်နဲ့ ကိုယ်ချစ်ရတဲ့သူတွေရဲ့ နောင်ရေးအတွက် ကြိုးစားတည်ဆောက်ပြီး ရရှိလာတဲ့ပစ္စည်းဥစ္စာတွေကို ကာကွယ်ဖို့က အရေးကြီးပါတယ်။ အကယ်၍ သင် အသက်ဆုံးရှုံးတာ ဒါမှမဟုတ် လုံးဝနဲ့ ထာဝစဉ် မသန်စွမ်းဖြစ်သွားတဲ့အခါ ကျန်ရှိတဲ့ချေးငွေပမာဏအားလုံးကို PRULoansafe အသက်အာမခံက ဆပ်ပေးသွားမှာဖြစ်လို့ စိတ်ပူစရာမလိုတော့ပါဘူး။ ချေးငွေကြောင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ အနာဂတ်ခရီးလမ်းမှာ စိတ်အေးချမ်းသာစေဖို့အတွက် PRULoansafe အသက်အာမခံကို အခုပဲရွေးချယ်လိုက်ပါ။
ပရီမီယံအာမခံကြေးပေးသွင်းမှုပုံစံ
ပရီမီယံကြေး တစ်ကြိမ်တည်း ပေးသွင်းခြင်း - ပရီမီယံကြေးသွင်းရမယ့် ရက်တွေကို တကူးတက မှတ်ထားစရာမလိုဘဲ တစ်ကြိမ်တည်း ပရီမီယံကြေးပေးသွင်းရတဲ့ အာမခံ အမျိုးအစားဖြစ်ပါတယ်။ အာမခံ ပရီမီယံကြေးတွေကို တစ်ကြိမ်တည်း ပေးသွင်းပြီးပြီဆိုတာနဲ့ ချေးငွေကာလတစ်လျှောက်လုံးမှာ သင့်ကို ကာကွယ်ပေးသွားမှာဖြစ်ပါတယ်။
ချေးငွေကာလနှင့် လိုက်လျောညီထွေမှုရှိသော အာမခံအကာအကွယ် PRULoansafe
PRULoansafe အသက်အာမခံက မိမိချေးငွေ ကာလနဲ့တူညီသော နှစ်ရှည် ချေးငွေကာလတွေအတွက် ကာကွယ်မှုပေးပါတယ်။ အကယ်၍ သင် အသက်ဆုံးရှုံးတာ (သို့မဟုတ်) လုံးဝနဲ့ ထာဝစဉ် မသန်စွမ်းဖြစ်သွားတဲ့အခါမျိုးမှာ သင့်ရဲ့ ချေးငွေအမျိုးအစားက ကာလတို၊ ကာလလတ် (သို့မဟုတ်) ကာလရှည်ချေးငွေဖြစ်ပါစေ၊ PRULoansafe အသက်အာမခံက တာဝန်ယူပြီး ချေးငွေတွေကို ဖြေရှင်းပေးသွားမှာဖြစ်ပါတယ်။ ယခုအာမခံအမျိုးအစားက အသက် (၁၈) နှစ် နဲ့ (၆၈) နှစ်ကြား ချေးငွေယူထားသူတွေအတွက် အကိုက်ညီဆုံးဖြစ်ပြီး အာမခံအကာအကွယ်ပေးနိုင်တဲ့ အမြင့်ဆုံး အသက်အရွယ် သတ်မှတ်ချက်က (၆၉) နှစ်ဖြစ်ပါတယ်။
အာမခံကြေးပေးသွင်းမှုပုံစံ
အာမခံအကာအကွယ်အမျိုးအစား
အာမခံသက်တမ်း (ပေါ်လစီကာလ)
တစ်ကြိမ်တည်း ပေးသွင်းခြင်း
တစ်ညီတည်းဖြစ်သော အာမခံထားငွေ *
အနည်းဆုံး - (၁) နှစ်
အများဆုံး - (၂၅) နှစ်
(ချေးငွေကာလနှင့်တူညီသည်)
* နှင့် ပြထားတဲ့ အကြောင်းအရာကို နောင်လာမယ့် အခန်းကဏ္ဍတွင် ရှင်းပြထားပါတယ်။
PRULoansafe မှ ပေးအပ်မည့် အာမခံအကျိုးခံစားခွင့်အားလေ့လာခြင်း
အနည်းဆုံး မြန်မာငွေ ကျပ်သိန်း (၂၀) မှ စပြီးအာမခံအကာအကွယ် ရယူနိုင်ပါတယ်။
တစ်ညီတည်းဖြစ်သော အာမခံထားငွေ* - သင့်မှာ ချေးငွေဘယ်လောက်ပဲ ကျန်ခဲ့ပါစေ၊ အာမခံထားရှိတဲ့ကာလတစ်လျှောက်လုံးမှာ (အာမခံထားရှိတဲ့ ကာလက ချေးငွေကာလနဲ့ အတူတူပဲ ဖြစ်ပါတယ်) မူလဝယ်ယူထားတဲ့ အာမခံအကျိုးခံစားခွင့်ပမာဏအတိုင်း ရရှိသွားမှာဖြစ်ပါတယ်။ အကယ်၍များ သင့်မှာ တစ်စုံတစ်ရာဖြစ်ပွားခဲ့ရင်လည်း PRULoansafe အသက်အာမခံက သင့်ချေးငွေတွေကို ဆပ်ပေးသွားမယ့်အပြင် ကျန်ရှိတဲ့အာမခံအကျိုးခံစားခွင့်ကို အာမခံအကျိုးခံစားခွင့်ရှိသူ/များထံ ပေးအပ်သွားမှာဖြစ်ပါတယ်။
မတော်တဆမှုကြောင့် အသက်ဆုံးရှုံးခြင်း/လုံးဝနှင့် ထာဝစဉ် မသန်စွမ်းဖြစ်မှုအတွက် ထပ်ဆောင်းအကျိုးခံစားခွင့်
မတော်တဆမှုကြောင့် အသက်ဆုံးရှုံးခြင်း (သို့မဟုတ်) လုံးဝနဲ့ ထာဝစဉ်မသန်စွမ်းဖြစ်သွားတဲ့အခါမျိုးမှာ PRULoansafe အသက်အာမခံက ကျန်ချေးငွေပမာဏကို ဆပ်ပေးသွားမယ့်အပြင် သင် (သို့မဟုတ်) သင့်ရဲ့ အာမခံအကျိုးခံစားခွင့်ရှိသူက အပိုထပ်ဆောင်း ငွေကြေးထောက်ပံ့မှုအဖြစ် မြန်မာငွေကျပ် သိန်း (၆၀) (ကိန်းဂဏန်းအားဖြင့် မြန်မာငွေ ၆,၀၀၀,၀၀၀ ကျပ်) ကို ရရှိသွားမှာဖြစ်ပါတယ်။ ဒီငွေကြေးပမာဏက ပြန်လည်ရရှိမယ့် အာမခံအကျိုးခံစားခွင့်ငွေပမာဏနဲ့ သက်ဆိုင်မှုမရှိဘဲ ပုံသေသတ်မှတ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့် သေချာပေါက် ပေးအပ်သွားမှာဖြစ်ပါတယ်။
PRULoansafe ရဲ့ ရာနှုန်းပြည့် နစ်နာကြေး ရရှိမှု အပေါ် သက်ရောက်နိုင်တဲ့ အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ ဥပမာအားဖြင့် -
သေဆုံးခြင်း/လုံးဝနှင့် ထာဝစဉ် မသန်စွမ်းဖြစ်ခြင်းအတွက် အကျိုးခံစားခွင့်မရရှိနိုင်သည့် ခြွင်းချက်များ - လက်ရှိဥပဒေများနဲ့ စည်းမျဉ်းဥပဒေများအရ သတ်မှတ်ထားတဲ့ မူးယစ်ဆေးဝါးများ (သို့မဟုတ်) လှုံ့ဆော်ပေးသော ဆေးဝါးများ အလွန်အကျွံ အသုံးပြုခြင်း၊ အလွန်အကျွံ အရက်သေစာ သောက်သုံးခြင်း (သို့မဟုတ်) အရက်သေစာသောက်စားရင်း ယာဉ်များကို မောင်းနှင်ခြင်း ၊ (သို့မဟုတ်) ခုခံအားကျဆင်းမှုရောဂါ (AIDS) ကြောင့်ဖြစ်ပေါ်လာသော ရောဂါ/များ၊ (HIV) ရောဂါပိုးကြောင့် ဖြစ်ပေါ်လာသော ခုခံအားကျဆင်းမှု ရောဂါလက္ခဏာစု (သို့မဟုတ်) ရောဂါပိုးကူးစက်ဝင်ရောက်မှု စသည်တို့ပါဝင်ပါတယ်။
မတော်တဆမှုကြောင့်ဖြစ်သော သေဆုံးခြင်း/ လုံးဝနှင့် တာဝစဉ် မသန်စွမ်းဖြစ်ခြင်းအတွက် အကျိုးခံစားခွင့် မရရှိနိုင်သည့် ခြွင်းချက်များ - အန္တရာယ်ရှိသော အားကစားလှုပ်ရှားမှုများတွင် အပါအဝင် ကန့်သတ်ထားခြင်းမရှိဘဲ ရေအောက်တွင် ပြုလုပ်ရသော ဆောင်ရွက်မှု တစ်ခုခု၌ ပါဝင်ခြင်း၊ တောင်တက်ခြင်း၊ လေထီးခုန်ခြင်း၊ အမြန်နှုန်းမြင့် ကား ပြိုင်ပွဲများ၊ အားကစားလှုပ်ရှားမှုများ တွင်လုပ်ဆောင်နေသော ကျွန်းကျင်ပညာရှင် (သို့မဟုတ်) ပေါက်ကွဲမှုမရှိသေးသော စစ်လက်နက် ပစ္စည်းများကို ရှင်းလင်းခြင်း ဆောင်ရွက်ရသော ကျွမ်းကျင်ပညာရှင် (သို့မဟုတ်) ကျူးကျော်စစ်ပြုမှုများ၊ ပြည်ပနိုင်ငံများ၏ ဆောင်ရွက်ချက်များ၊ ရန်သူ၏ လှုပ်ရှားဆောင်ရွက်မှုများ (စစ်ကြေညာထားသည်ဖြစ်စေ (သို့မဟုတ်) စစ်ကြေညာထားခြင်းမရှိသည်ဖြစ်စေ)၊ ပြည်တွင်းစစ်များ၊ ပုန်ကန်ဆူပူအုံကြွမှုများ၊ တော်လှန်တိုက်ခိုက်မှုများ၊ အဓိကရုဏ်းများ၊ စစ်ဖက်အာဏာပိုင်များ၏ ကြားဝင်ဟန့်တား စွက်ဖက်မှုများ (သို့မဟုတ်) မတရား ကျူးကျော်သိမ်းပိုက်မှုများ အပါအဝင် စစ်ပွဲများ (သို့မဟုတ်) အပျက်သဘောဆောင်သည့် အပြုအမူဆောင်ရွက်ချက်များ (သို့မဟုတ်) ပိုးမွှားကိုက်ခြင်း (ခြင်ကိုက်ခြင်းအပါအဝင်) နှင့် ပိုးကူးစက်ခြင်း တစ်ခုခုကြောင့် ဖြစ်ပေါ်လာသော မည်သည့် နာမကျန်းမှုများမဆို ပါဝင်ပါတယ်။
အသက်အာမခံဝန်ဆောင်မှုအတွက် အကျုံးမဝင်တဲ့ အသေးစိတ်အချက်အလက်အပြည့်အစုံကို သင့်ရဲ့ သက်ဆိုင်ရာ အသက်အာမခံဝန်ဆောင်မှုဆိုင်ရာ အရောင်းကိုယ်စားလှယ်ထံ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။
အာမခံအကာအကွယ် မဝယ်ယူခင် အဖွဲ့ဝင်များအနေနဲ့ အာမခံ ဝယ်ယူနိုင်ရန် သတ်မှတ်ချက် ပြည့်မီခြင်းရှိမရှိ စစ်ဆေးတဲ့ လျှောက်လွှာပုံစံ ဖြည့်ရန်အတွက် လိုအပ်သော ကျန်းမာရေးနှင့် ကိုယ်လက်အင်္ဂါကောင်းမွန်ကြောင်း အထောက်အထားနှင့် /သို့မဟုတ် အလုံးစုံ ကျန်မာရေးစစ်ဆေးမှုခံယူရန် လိုအပ်ပါတယ်။ အဆိုပါ လုပ်ငန်းစဉ်တွေက အာမခံထားရှိရမယ့် ငွေပမာဏ၊ အသက်အရွယ်၊ အလုပ်အကိုင် သို့မဟုတ် အဖွဲ့ဝင်အနေဖြင့် ဆေးခွင့်တင်ထားခြင်းရှိ/ မရှိအပေါ်မှာ မူတည်ပါတယ်။
ပရီမီယံကြေးများ ပေးသွင်းမှုမရှိခြင်း (သိုမဟုတ်) မြန်မာနိုင်ငံရှိ ဥပဒေ/ တရားစီရင်ရေး အရ အသိအမှတ်ပြုထားသော အချက်များကြောင့်မှလွဲ၍ ကုမ္ပဏီသည် အာမခံထားသူ သက်ရှိထင်ရှားရှိနေစဉ်ကာလမှာ ဤပေါ်လစီကို ပေးအပ်တဲ့ရက်စွဲမှစပြီး သို့မဟုတ် ပေါ်လစီအား ပြန်လည် တည်မြဲစေတဲ့ ရက်စွဲမှစပြီး (၂) နှစ်တာ ကာလအတွင်း အတည်ဖြစ်တဲ့ ပေါ်လစီနဲ့ စပ်လျဉ်းပြီး တောင်းဆိုမှုကို ကုမ္ပဏီက ငြင်းပယ်ခွင့်မရှိပါဘူး။
သင့်အနေနဲ့ အာမခံပေါ်လစီကို လက်ခံရရှိတဲ့အချိန်ကနေ စတင်ပြီး (၂၁) ရက် အတွင်း ပေါ်လစီပါအချက်အလက် နှင့် အကျိုးခံစားခွင့်၊ ကန့်သတ်ချက်များအကြောင်း အသေးစိတ် ဖတ်ရှုလေ့လာနိုင်ပါတယ်။ အဆိုပါကာလအတွင်းမှာ ပေါ်လစီပါ အချက်အလက်များက သင့်လိုအပ်ချက်များနဲ့ ကိုက်ညီမှုမရှိပါက ပေါ်လစီကို ပယ်ဖျက်နိုင်မှာဖြစ်ပါတယ်။ အဆိုပါကာလအတွင်း စောင့်ကြည့်ကာလလျောက်လွှာပုံစံတွင် အချက်အလက်ဖြည့်သွင်းပြီး တင်သွင်းခဲ့ပါက ပရီမီယံကြေးစုစုပေါင်းထဲမှ ကျန်မာရေးဆေးစစ်ခြင်းအတွက် ကုန်ကျစရိတ် တစ်စုံတစ်ရာရှိပါက ထိုကုန်ကျစရိတ်ကို နုတ်ယူပြီး ပြန်လည်ပေးချေသွားမှာဖြစ်ပါတယ်။
အခြားအသက်အာမခံအစီအစဉ်များ
သင့်ရွေးချယ်မှုအလိုက် ဒို့တွေတကယ် လုံခြုံမှုပေးပါတယ်။ သင်နဲ့ သင်ချစ်ရသူတွေအတွက် တကယ်လိုအပ်နေချိန်မှာ ငွေကြေးထောက်ပံ့မှု ရရှိနိုင်မှာပါ။
ဒို့တွေတကယ် လုံခြုံမှုပေးပါတယ်။ တန်ဖိုးကြီးမားတဲ့ကုသမှုတွေအတွက် ငွေကြေးထောက်ပံ့မှု။
ဒို့တွေတကယ်လုံခြုံမှုထက်ပိုတဲ့ ဝန်ဆောင်မှုတွေ ပေးအပ်နေပါတယ် သင့်မိသားစု တကယ်လိုအပ်နေတဲ့အချိန်မှာ ငွေကြေးထောက်ပံ့မှု ရရှိနိုင်မှာပါ။
PRUScholar အသက်အာမခံဟာ သင့်ကလေးရဲ့ ပညာရေးအတွက် ငွေကြေးဆိုင်ရာ လုံခြုံစိတ်ချမှုပေးနိုင်လို့ သင့်ကလေးရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အကောင်းဆုံးပါပဲ။
အာမခံအကြောင်း အသေးစိတ်လေ့လာလိုလျှင်
Life protection plans keep your family financially secure and pass your successes for them
Health insurance can help to reduce your financial burden when your wellbeing is in jeopardy
ဆက်သွယ်နိုင်မည့် အချက်အလက်များကို ဖြည့်ပါ။ ပရူဒန်ရှယ်အာမခံအကြံပေးမှ သင်နှင့် သင့်တော်မည့်အာမခံအမျိုးအစားများကို အသေးစိတ်ရှင်းပြပေးပါမည်။