ဘဝဆိုတာဟာ အချိုးအကွေ့မှတ်တိုင်တွေ ပြည့်နှက်နေတဲ့ ခရီးစဉ်တစ်ခုပါပဲ။ ပထမဆုံး လုပ်ငန်းခွင်ထဲ စတင်ဝင်ရောက်ချိန်မှစတင်ပြီး၊ အိမ်ထောင်တစ်ခု၊ မိသားစုတစ်စု ထူထောင်ချိန် (ဒါမှမဟုတ်) ဘဝခရီးကို အငြိမ်းစားအနားယူဖို့ ကြိုတင်ပြင်ဆင်ချိန်စတဲ့ ဘဝရဲ့ အချိုးအကွေ့မှတ်တိုင်အဆင့်ဆင့်ကို ဖြတ်သန်းရပါတယ်။ ဒီလိုဘဝရဲ့မိုင်တိုင်တွေ ဖြတ်ကျော်ရတဲ့အခါ အချိုးအကွေ့တစ်ဆင့်ပြီးတစ်ဆင့် ရောက်လာတိုင်း သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေဟာ ပြောင်းလဲတိုးတက်လာတာနဲ့အမျှ သင့်ရဲ့တာဝန်ဝတ္တရားတွေကလည်း  ပြောင်းလဲလာရပါတယ်။

ဘဝခရီးရဲ့ အချိုးအကွေ့မိုင်တိုင်တွေ တစ်ခုပြီးတစ်ခု ဖြတ်ကျော်လာတာနဲ့အမျှ ငွေကြေးဆိုင်ရာ အကာအကွယ်ထားရှိဖို့ လိုအပ်လာပါတယ်။ မရေရာတဲ့ အနာဂတ်ကို ရင်ဆိုင်နိုင်ဖို့ နားလည်ထားသင့်တဲ့ အချက်တစ်ချက်ကတော့ - စောစီးစွာ ကြိုတင်ပြင်ဆင်ထားခြင်းဟာ သင့်အတွက်သာမက သင့်ချစ်ရသူများအတွက်ပါ ခိုင်မာသော အုတ်မြစ်တစ်ရပ်ဖြစ်တယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒီလိုကြိုတင်ပြင်ဆင်တဲ့နေရာမှာ အသက်အာမခံဟာ  အထိရောက်ဆုံး ငွေကြေးကာကွယ်ရေး နည်းလမ်းတွေထဲကတစ်ခုပါပဲ။ ဘဝမှာ ဘယ်လိုအခြေအနေတွေပဲ ကြုံလာပါစေ၊ သင်ကြိုးစားတည်ဆောက်ထားသမျှပိုင်ဆိုင်မှုတွေနဲ့ သင့်မိသားစုရဲ့ နောင်ရေး အနာဂတ်ကို ကာကွယ်နိုင်ဖို့ အသက်အာမခံဟာ သင့်ကို အမှန်တကယ် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

ယနေ့မျက်မှောက်ကာလမှာ သင်ဟာ ဘယ်အချိုးအကွေ့မှတ်တိုင်ကို ရောက်နေပြီလဲ။ အခုမှ လုပ်ငန်းခွင် စတင်ဝင်ရောက်တာလား။ မကြာသေးခင်ကမှ လက်ထပ်ပြီးခါစ အခြေအနေလား။ ဒါမှမဟုတ် ကလေးယူဖို့ စီစဉ်နေတာလား။ အငြိမ်းစားယူဖို့ တွေးတောနေတာလား။ သားသမီးတွေရဲ့ ပညာရေးအတွက် စဉ်းစားနေလား။ ဒီဆောင်းပါးမှာတော့ သင့်ရဲ့ ပြောင်းလဲနေတဲ့ ဘဝရဲ့ ဦးစားပေး လိုအပ်ချက်တွေနဲ့အညီ အသက်အာမခံဟာ ဘယ်လိုလိုက်လျောညီထွေစွာ အကျိုးပြုနိုင်လဲ၊ သင့်ဘဝခရီးစဉ်ရဲ့ ခြေလှမ်းတိုင်းမှာ သင့်လျော်တဲ့ ကာကွယ်မှုတွေကို ဘယ်လိုပေးစွမ်းနိုင်လဲဆိုတာကို လေ့လာသွားကြမှာဖြစ်ပါတယ်။

ဘဝရဲ့ အရွယ်နှင့် အဆိုပါအရွယ်အလိုက် လိုအပ်ချက်များကို နားလည်ခြင်း

လုပ်ငန်းခွင်စတင်ဝင်ရောက်ချိန်/ တစ်ကိုယ်တည်းနေထိုင်မှုဘဝ - ယခုအခြေအနေမှာတော့ သင့်အတွက် အဓိကဦးတည်ချက်မှာ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်တစ်ခုအပေါ် လျှောက်လှမ်းနိုင်ဖို့နဲ့ ငွေကြေးအရ မိမိခြေထောက်ပေါ်မိမိ ကိုယ်ပိုင်ရပ်တည်နေနိုင်ဖို့ ဖြစ်ပါတယ်။ ပညာရေးအတွက် ရယူခဲ့တဲ့ အရစ်ကျချေးငွေတွေရှိနိုင်သလို မိသားစုဝင်တွေကို ထောက်ပံ့ပေးနေရတဲ့အချိန်လည်း ဖြစ်နိုင်ပါတယ်။ အသက်အာမခံဟာ အောက်ပါအချက်များဖြင့် သင့်ကို အထောက်အကူပြုနိုင်ပါတယ်။

  • မမျှော်လင့်နိုင်တဲ့ ဘဝရဲ့ပြောင်းလဲမှုတွေအတွက် ငွေကြေးအကာအကွယ် ရရှိစေနိုင်ပါတယ်။
  • သင့်ချေးငွေများ (သို့မဟုတ်) ကြွေးမြီများကြောင့် သင်ချစ်ခင်ရသူများအပေါ် ကျရောက်လာနိုင်တဲ့ ဝန်ထုပ်ဝန်ပိုးများ လျှော့ချပေးနိုင်ပါတယ်။
  • ငွေကြေးဆိုင်ရာ ခိုင်မာတဲ့အုတ်မြစ်တစ်ခု ချလိုက်နိုင်တာကြောင့် စိတ်အေးချမ်းသာစွာ နေထိုင်နိုင်မှာဖြစ်ပါတယ်။ 

 

ငယ်လူရွယ်မိသားစုများ / ဇနီးမောင်နှံများ - အိမ်ထောင်ပြုခြင်း၊ ရင်သွေး ရရှိလာခြင်းနှင့် အိမ်ပိုင်ဆိုင်ခြင်းစတာ တွေဟာ အိမ်ထောင့်တာဝန်ဝတ္တရားသစ်များကို သယ်ဆောင်လာတတ်ပါတယ်။ ယခုအချိန်မှာ သင့်ထံ မမျှော်လင့်ထားတဲ့ ကိစ္စတစ်စုံတစ်ရာဖြစ်ပွားလာတဲ့အခါမှာ သင့်ကို မှီခိုနေတဲ့သူတွေအနေနဲ့ အကာအကွယ်ရနိုင်စေဖို့ အာမခံထားရှိရမယ့်အချိန်ဖြစ်ပါတယ်။ ဒီအခြေအနေများမှာ အသက်အာမခံဟာ အောက်ပါအချက်များဖြင့် ကူညီပံ့ပိုးပေးနိုင်ပါတယ် - 

  • သင်မရှိတော့သည့်တိုင် သင့်မိသားစုအတွက် ငွေကြေးအကာအကွယ်ကို ထောက်ပံ့ပေးစွမ်းနိုင်ပါတယ်။
  • သင့်ရဲ့ စိတ်ကူးထားတဲ့ အိမ်လေးတစ်လုံးပိုင်ဆိုင်နိုင်ဖို့အတွက် ငွေကြေးစုဆောင်းနိုင်ရန် ကူညီပေးနိုင်ပါတယ်။
  • သင့်သားသမီးများရဲ့ အနာဂတ်ပညာရေးအတွက် လုံခြုံစိတ်ချရမှုများ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

 

သက်လတ်ပိုင်းအရွယ် လုပ်ငန်းခွင်ဝင်ရောက်နေကြသူများ/ အခြေကျပြီးသား မိသားစုများ - သင့်ဝင်ငွေနဲ့ စုဆောင်းငွေများ တိုးတက်လာတာနဲ့အမျှ အငြိမ်းစားအနားယူဖို့၊ ကြွယ်ဝချမ်းသာမှုအတွက် ထပ်တိုးစုဆောင်းဖို့ (သို့မဟုတ်) သားသမီးများရဲ့ အနာဂတ်ဘဝ အခြေခိုင်မာစွာ စတင်နိုင်ဖို့ရာ ကူညီပေးဖို့စတဲ့ ကိစ္စရပ်များကို ကြိုတင် စဉ်းစားကောင်းစဉ်းစားနေပါလိမ့်မယ်။ အသက်အာမခံဟာ အောက်ပါအချက်များဖြင့် သင့်ကို အထောက်အကူပြုနိုင်ပါတယ် - 

  • ရေရှည် ငွေစုဆောင်းနိုင်ပြီးတော့ တစ်ချိန်မှာ အငြိမ်းစားအနားယူနိုင်ဖို့အတွက် နည်းလမ်းအဖြစ် အသုံးချနိုင်ပါတယ်။
  • သင်ကွယ်လွန်သွားခဲ့မယ်ဆိုရင်တောင် သင့်မိသားစုအတွက် အပူအပင်ကင်းကင်း ငွေကြေးဆိုင်ရာအနာဂတ်ကို အကာအကွယ်ပေးနိုင်ပါမယ်။
  • သင့်ကလေးရဲ့ တက္ကသိုလ်ပညာရေးအတွက် ကြိုတင်စုဆောင်းနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။
  • သင့်သားသမီးများရဲ့ စီးပွားရေးလုပ်ငန်းသစ် စတင်လုပ်ကိုင်ခြင်း၊ အိမ်ထောင်ပြုခြင်း (သို့မဟုတ်) အခြားသော ဘဝရဲ့ မှတ်တိုင်များအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် ငွေကြေးအရ မားမားမတ်မတ် ကူညီဖြေရှင်းပေးနိုင်ပါတယ်။

သင့်အသက်အရွယ်အပိုင်းအခြားနှင့် ကိုက်ညီသော အသက်အာမခံအစီအစဉ်များ

ပရူဒန်အာမခံသည် သင်လုပ်ငန်းခွင်စတင်ဝင်ရောက်ချိန်မှ စတင်ပြီး သင့်မိသားစုဘဝအတွက် အနာဂတ်အစီအစဥ်များ ချမှတ်သည်အထိ ဘဝရဲ့ ကာလအပိုင်းအခြားတိုင်းအတွက် အထောက်အပံ့ပေးနိုင်ဖို့ ရည်ရွယ်ပြီး စိတ်ကြိုက်ရွေးချယ်နိုင်မယ့် အသက်အာမခံပေါ်လစီများကို စီစဉ်ထားပါတယ်။

အသက်အာမခံအကာအကွယ် : ပရူဒန်ရှယ်အာမခံရဲ့ PRUFlexiprotect အခြေခံအာမခံအစီအစဉ်ဟာ မရှိမဖြစ်လိုအပ်တဲ့ ငွေကြေးအကာအကွယ်ကို တတ်နိုင်တဲ့ ကုန်ကျစရိတ်နဲ့ ရယူလိုတဲ့ လူငယ်လူရွယ်တွေနဲ့ မိသားစုကို လုပ်ကျွေးသူတွေအတွက် ရည်ရွယ်ပြီး စီစဉ်ထားတာဖြစ်ပါတယ်။ အာမခံပေးသွင်းငွေ(ပရီမီယံကြေး) အတွက်လည်း စိတ်ကြိုက်ရွေးချယ်နိုင်မယ့် ငွေကြေးပေးသွင်းမှုနည်းလမ်းတွေရှိတာကြောင့် လစဉ် ဘတ်ဂျက်ထဲမှာ အလွယ်တကူ ထည့်သွင်းစီမံနိုင်ပါတယ်။ ဒီအာမခံက သင်ကွယ်လွန်ချိန်မှာ သင်ချစ်ရတဲ့သူတွေကို ထောက်ပံ့ပေးနိုင်တဲ့ သေဆုံးမှုအကျိုးခံစားခွင့် (death benefit) ရရှိစေမှာဖြစ်ပါတယ်။ ရာသက်ပန် မသန်စွမ်းဖြစ်သွားတဲ့အခါမှာလည်း ငွေကြေးအကာအကွယ် ပေးအပ်လျက်ရှိပါတယ်။ ဒါ့အပြင် ရွေးချယ်နိုင်တဲ့ အကျိုးခံစားခွင့်များနဲ့ အာမခံရယူခွင့် သတ်မှတ်ချက်တွေကိုလည်း အောက်ပါအတိုင်း ထပ်တိုးပြောင်းလဲနိုင်ပါသေးတယ် -

  • ပြင်းထန်ရောဂါများအတွက် အကျိုးခံစားခွင့် (Critical Illness Benefit): ကင်ဆာနဲ့ ပြင်းထန်တဲ့ ကိုယ်အင်္ဂါ အစားထိုးကုသမှုအပါအဝင် အရေးကြီးရောဂါ အမျိုးအစားပေါင်း (၂၀) အတွက် အကျုံးဝင်ပါတယ်။ 
  • မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် အကျိုးခံစားခွင့် (Accidental Death Benefit): မတော်တဆထိခိုက်မှုဖြစ်ပေါ်ပြီး ရုတ်တရက်သေဆုံးခဲ့မယ်ဆိုရင် မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက်ရရှိမယ့် အကျိုးခံစားခွင့်ကနေ ထပ်ဆောင်းအကာအကွယ်အနေနဲ့ အပိုနစ်နာကြေးပေးအပ်သွားမှာဖြစ်ပါတယ်။

အသက်အာမခံအကာအကွယ်နှင့် စုဆောင်းငွေ : ရေရှည်ရည်မှန်းချက်ရှိသူများအတွက် ဒီအာမခံတွေဟာ အသက်အာမခံနဲ့ စုဆောင်းငွေဆိုတဲ့ နှစ်ထပ်ကွမ်းအကျိုးကျေးဇူးကို ရရှိစေပြီး အနာဂတ်အတွက် ငွေကြေးခိုင်မာမှုကို တည်ဆောက်နိုင်ဖို့ ကူညီပေးပါတယ်။ 

PRUFlexiprotect PLUS: ဒီအာမခံအစီအစဉ်ဟာ မိသားစုကို ထောက်ပံ့နေတဲ့ အိမ်ထောင်ဦးစီးတွေ၊ မိဘတွေနဲ့ ပိုမိုကောင်းမွန်တဲ့ မိသားစုအနာဂတ်ဘဝကို ရည်မှန်းပြီး ဦးဆောင်နေတဲ့သူအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ပါတယ်။ အသက်အာမခံအပြင် ငွေကြေးစုဆောင်နိုင်မယ့်အခွင့်အရေးကိုပါ ပေါင်းစပ်ထားတဲ့ အာမခံအမျိုးအစားဖြစ်ပြီး သက်တမ်းကုန်ဆုံးချိန်အထိ အာမခံကြေး ထုတ်ယူခြင်း (Claim) မလုပ်ခဲ့ဘူးဆိုရင် ပေးသွင်းခဲ့တဲ့ စုစုပေါင်း ပရီမီယံကြေးရဲ့ ၁၀၃% ကို ပြန်လည်ရရှိပါလိမ့်မယ်။ ဒါဟာ အာမခံငွေကို တလုံးတခဲတည်း ရရှိသလိုမျိုး ဖြစ်စေတာကြောင့် သင် စိတ်ကူးယဥ်ထားတဲ့ အိမ်လေး ဝယ်ယူတာ ဒါမှမဟုတ် မိသားစုစရိတ်တွေအတွက် ကုန်ကျစရိတ် စီမံတာလိုမျိုးစတဲ့ အခြေအနေတွေအတွက် အထောက်အကူဖြစ်စေပါတယ်။ 

PRUScholar: ဒါကတော့ သားသမီးတွေရဲ့ အနာဂတ်ပညာရေးကို ကြိုတင်စီစဥ်ချင်တဲ့ မိဘတွေအတွက် ပညာရေးအာမခံဖြစ်ပါတယ်။ PRUScholar ဟာ သင့်ကလေးရဲ့ အနာဂတ်ပညာရေးအတွက် ပုံမှန်ငွေစုဆောင်းရင်း အသက်အာမခံကာကွယ်မှုကိုပါ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒီအာမခံကို ရွေးချယ်တဲ့အခါ ကိုယ့်ရဲ့ လိုအပ်ချက်အလိုက် ပြင်ဆင်ချိန်ညှိလို့ရတာကြောင့် မမျှော်လင့်တဲ့ အလှည့်အပြောင်းတွေ ဖြစ်လာရင်တောင် သင့်ကလေးရဲ့ အိပ်မက်တွေကို ကာကွယ်ထားနိုင်ဖို့ ကူညီပေးပါတယ်။

သင့်အတွက် သင့်လျော်တဲ့အာမခံကို ဘယ်လိုရွေးချယ်ဆုံးဖြတ်မလဲ?

သင့်အတွက် သင့်လျော်မှန်ကန်တဲ့အာမခံအစီအစဉ်ကို ရွေးချယ်နိုင်ဖို့ လက်ရှိ သင်ရဲ့ငွေကြေးဆိုင်ရာ အခြေအနေနဲ့ ရေရှည်ရည်မှန်းချက်တွေပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် အောက်ပါအချက်တွေကို ထည့်သွင်းစဉ်းစားပါ -

  • သင့်ဝင်ငွေပေါ်မှာ မှီခိုနေရတဲ့သူတွေ ရှိသလား?
  • အနာဂတ်ရည်မှန်းချက်ပန်းတိုင်တွေဖြစ်တဲ့ အိမ်ဝယ်ယူဖို့ (ဒါမှမဟုတ်) သင့်ကလေးရဲ့ ပညာရေးအတွက် ငွေကြေးပံ့ပိုးနိုင်ဖို့အတွက် စီစဉ်နေပါသလား?
  • အာမခံပဲ ထားချင်တာလား (ဒါမှမဟုတ်) စုဆောင်းငွေကိုပါ တိုးပွားအောင် လုပ်ချင်တာလား? 

အကြံပေးချက်

သင့်အတွက် သင့်လျော်တဲ့ အာမခံအစီအစဥ် ရွေးချယ်နိုင်ဖို့ကို ဘယ်ကနေစရမယ်ဆိုတာ မသေချာဘူးဖြစ်နေတယ်ဆိုရင်တော့  ပရူဒန်ရှယ်အာမခံဝက်ဘ်ဆိုဒ် ကို ဝင်ရောက်ကြည့်ရှုနိုင်သလို ပရူဒန်ရှယ်အာမခံရဲ့  hotline နံပါတ်ဖြစ်တဲ့ (+959770110010) ကို ခေါ်ဆိုပြီး ပရူဒန်ရှယ်အာမခံရဲ့  အရောင်းကိုယ်စားလှယ်နဲ့ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ အရောင်းကိုယ်စားလှယ်မှ သင့်ရဲ့လိုအပ်ချက်၊ လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ အာမခံအစီအစဉ်တစ်ခုကို ရွေးချယ်နိုင်ဖို့ အကြံပေးနိုင်သလို မိတ်ဆွေ သိရှိလိုတဲ့အချက်အလက်နဲ့ မေးခွန်းတွေကိုပါ အချိန်မရွေးဖြေကြားပေးဖို့ အဆင်သင့်ရှိနေပါတယ်။

အသက်အာမခံကို ကိုယ့်ဘဝတစ်သက်တာအဖော်မွန်ကောင်းတစ်ယောက်လို မြင်ကြည့်ပါ။ သူက သင့်ကို ကာကွယ်ပေးနိုင်သလို၊ တစ်နေ့တာအတွက် စိတ်လက်အေးချမ်းမှုကို ဖန်တီးပေးပြီး မနက်ဖြန်တွေတိုင်းအတွက် ရဲရဲဝံ့ဝံ့ ခြေလှမ်းလှမ်းနိုင်ဖို့ စိတ်ဓာတ်ခွန်အားတွေလည်း ပေးစွမ်းနိုင်ပါတယ်။ သင့်ရဲ့ ဘဝအခြေအနေ ဘယ်လိုပဲရှိပါစေ ကာကွယ်ပေးဖို့အတွက် ပရူဒန်ရှယ်အာမခံက အစဥ်ထာဝရ အသင့်ရှိနေပါတယ်။

အသက်အာမခံအစီအစဉ် ဝယ်ယူဖို့ စဉ်းစားနေတယ်ဆိုရင် သင်ကြိုတင်ပြင်ဆင်ရမယ့် အချက်အလက်တွေကို နောက်ထပ်ဖော်ပြမယ့် ဆောင်းပါးမှာ ဖတ်ရှုလိုက်ပါ။

ရည်ညွှန်းချက်

  • Life Insurance Association Singapore (LIA). Types of Life Insurance. Available at www.lia.org.sg
  • Monetary Authority of Singapore (MAS). Consumer Guide: Buying Life Insurance. Accessed 2024.