လူတိုင်းရဲ့ ဘဝမှာ စိတ်ချလုံခြုံရတဲ့အကာအကွယ်တစ်ခု မဖြစ်မနေ ရှိထားဖို့ လိုအပ်ပါတယ်။ အကာအကွယ်လို့ပြောလိုက်တာနဲ့ အထွေထွေအာမခံက ကျွန်တော်တို့ရဲ့ အိမ်၊ ကား စတဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ပေးနိုင်သလို ကျန်းမာရေးနှင့် အသက်အာမခံတွေကတော့ ဘဝအတွက် အရေးကြီးဆုံးအရာတွေဖြစ်တဲ့ သင့်ရဲ့ ကျန်းမာရေးသုခနဲ့ သင်ချစ်မြတ်နိုးရသူတွေရဲ့ အနာဂတ်ဘဝကိုပါ အကာအကွယ်ပေးနိုင်ပါတယ်။

လုပ်ငန်းခွင်စဝင်တဲ့ အရွယ်ကနေ ကိုယ်ပိုင်မိသားစုဘဝတစ်ခု တည်ဆောက်ပြီးနောက် အငြိမ်းစားယူဖို့ ပြင်ဆင်တဲ့အချိန်အထိ ဘဝရဲ့ လျှောက်လှမ်းနေတဲ့ ခြေလှမ်းတိုင်းမှာ သင့်လျော်တဲ့ အာမခံအကာအကွယ်ရှိထားခြင်းဟာ ပြောင်းလဲမှုများစွာကို ဆောင်ကြဉ်းပေးနိုင်ပါတယ်။ ကျန်းမာရေးအာမခံက သင့်ရဲ့ ကျန်းမာရေးလိုအပ်ချက်အရ ဆေးကုသတဲ့အခါမှာ အချိန်မရွေး အထောက်အပံ့ပေးနိုင်သလို၊ အသက်အာမခံကတော့ မမျှော်လင့်ထားတဲ့ ဘဝအခြေအနေတွေနဲ့ကြုံလာချိန်မှာ သင့်မိသားစုကို ငွေကြေးဆိုင်ရာလုံခြုံစိတ်ချမှု ပေးစွမ်းနိုင်မှာပါ။

ဒီဆောင်းပါးမှာတော့ အသက်အာမခံနဲ့ ကျန်းမာရေးအာမခံရဲ့ ကွဲပြားခြားနားချက်တွေကို ရှင်းပြပြီး၊ ဘဝခရီးလမ်းရဲ့ အချိုးအကွေ့တိုင်းအတွက် ပိုမိုခိုင်မာတဲ့ အားထားစရာအကာအကွယ်တစ်ခုအဖြစ် တည်ဆောက်နိုင်ဖို့ ဒီနှစ်မျိုးစလုံးက ဘယ်လိုအရေးကြီးတဲ့ အခန်းကဏ္ဍတွေကနေ ပါဝင်နေလဲဆိုတာ ပြောပြပေးသွားမှာပါ။

အသက်အာမခံထားရှိဖို့ ဘယ်လိုအချိန်တွေမှာ ထည့်သွင်းစဉ်းစားသင့်လဲ? ဘာကြောင့်လဲ?

အသက်အာမခံက လူမှုဘဝမှာ အရေးကြီးတဲ့ ဘဝမှတ်တိုင်တွေဖြစ်တဲ့ လက်ထပ်တာ၊ ကလေးယူတာ၊ ဒါမှမဟုတ် အိမ်ဝယ်ယူလိုက်တဲ့အချိန်တွေမှာ ပိုမိုအရေးပါလာပြီး ယင်းအချိန်တွေမှာ ငွေကြေးဆိုင်ရာ တာဝန်တွေ ပိုများလာပြီး မိသားစုကလည်း ကိုယ့်ပေါ်ကို ပိုအားထားလာကြပါတယ်။ ကိုယ်က အိမ်ထောင်တစ်ခုကို ဦးစီးဦးဆောင်လုပ်နေတဲ့လူ ဖြစ်ရင် ဒါမှမဟုတ် ကိုယ့်ဝင်ငွေပေါ် မှီခိုနေရတဲ့ ချစ်မြတ်နိုးရသူတွေ ရှိနေရင် ကိုယ်အခက်အခဲတစ်ခုခုနဲ့ကြုံရတဲ့အခါ အသက်အာမခံက သင်ချစ်ရသူတွေအတွက် လုံခြုံရေးအကာအကွယ်တစ်ခုအနေနဲ့ အဆင်သင့်ရှိနေပါလိမ့်မယ်။

အသက်အာမခံဟာ ငွေကြေးအကာအကွယ်တစ်ခုဆိုတာထက် ပိုပါတယ်။ အသက်အာမခံက အိမ်ထောင်စရိတ်၊ သားသားမီးမီးပညာသင်ကုန်ကျစရိတ်၊ မကျေသေးတဲ့ ကြွေးမြီတွေစတဲ့ ကုန်ကျစရိတ်တွေကို ကာမိအောင် ထောက်ပံ့ပေးနိုင်ရုံသာမကဘဲ သင်မရှိတော့တဲ့အချိန်မှာတောင်‌ သင့်မိသားစုအနေနဲ့ စိတ်အေးချမ်းသာစွာ ရှေ့ဆက်သွားနိုင်မယ်ဆိုတဲ့ အာမခံချက်ကို သင့်ကိုရော သင့်မိသားစုအတွက်ပါ ပေးစွမ်းနိုင်ပါတယ်။ ဒီလို ယုံကြည်စိတ်ချရမှုဟာ သင်နဲ့သင်ချစ်ခင်ရတဲ့သူတွေအတွက် အဖိုးတန်လက်ဆောင်တစ်ခုလိုပါပဲ။

ကျန်းမာရေးအာမခံထားဖို့ ဘယ်လိုအချိန်မှာ ဘယ်လိုအကြောင်းအရာတွေကြောင့် စတင်စဉ်းစားသင့်သလဲ? ဘာကြောင့်လဲ?

ကျန်းမာရေးကုန်ကျစရိတ်တွေဆိုတာ ကိုယ်မမျှော်လင့်ထားတဲ့အချိန်တွေမှာ ရောက်လာတတ်သလို ကုန်ကျစရိတ်ကလဲ များလေ့ရှိကြပါတယ်။ ငွေကြေးအတွက် စိုးရိမ်ပူပန်စရာမလိုပဲ  လိုအပ်တဲ့ကျန်းမာရေးကုသမှုခံယူနိုင်ဖို့ ဒီလိုကုသမှုရယူရာမှာ ဖြစ်ပေါ်လာမယ့် ငွေကြေးစိတ်ဖိစီးမှုတွေကနေ ကာကွယ်ဖို့ရည်ရွယ်တဲ့ ကျန်းမာရေးအာမခံက ကူညီဖြေရှင်းပေးပါလိမ့်မယ်။

လူအများစုဟာ ကျန်းမာရေးပြဿနာတစ်ခုခုနဲ့ ကြုံပြီးတဲ့နောက်ပိုင်း၊ အထူးသဖြင့် ကျန်းမာရေးပြဿနာတွေ စပေါ်ပေါက်လာတတ်တဲ့ အသက်၃၀ကျော် နှောင်းပိုင်းကာလတွေမှာ ကျန်းမာရေးအာမခံ ဘယ်လောက်အရေးကြီးလဲဆိုတာ သဘောပေါက်နားလည်လာကြပါတယ်။ (သတင်းအရင်းအမြစ်) အဲဒီအချိန်မှာ ကျန်းမာရေးအာမခံထားဖို့က ပိုခက်ခဲသလို၊ ကုန်ကျစရိတ်လည်း ပိုများနိုင်ပါတယ်။

ဒါကြောင့် ကျန်းမာရေးပြဿနာတွေမပေါ်လာခင် ကျန်းမာရေးအာမခံကြိုတင်ပြင်ဆင်ထားတာဟာ အကောင်းဆုံးပါပဲ။ ကျန်းမာရေးအာမခံကို စောစောစီးစီး ထားရှိခြင်းက ကျန်းမာရေးအတွက် ဆေးခန်းပြသစရိတ်အပြင် ကုန်ကျစရိတ်များလွန်းလှတဲ့ ခွဲစိတ်မှုစရိတ်တွေအထိ မမျှော်လင့်တဲ့ အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်စေပါတယ်။ ကျန်းမာရေးအာမခံနဲ့သာဆိုရင် ဒီဆေးရုံစရိတ်နဲ့ ဆေးဖိုးဝါးခတွေ ကာမိမှာဖြစ်လို့ ဆေးကုသစရိတ်အတွက် စိတ်ပူပန်စရာမလိုပဲ ကိုယ့်ကျန်းမာရေးပြန်ကောင်းလာဖို့တစ်ခုထဲကိုပဲ သေချာအာရုံစိုက်နိုင်မှာဖြစ်ပါတယ်။

အသက်အာမခံနှင့် ကျန်းမာရေးအာမခံတို့ရဲ့ အဓိကကွဲပြားခြားနားချက်များ

 

အသက်အာမခံ

ကျန်းမာရေးအာမခံ

အဓိကရည်ရွယ်ချက်

အာမခံထားရှိသူ ကွယ်လွန်သွားပါက (သို့မဟုတ်) ရာသက်ပန်             

မသန်စွမ်းဖြစ်ခဲ့ပါက အာမခံကြေးထုတ်ယူနိုင်သော ငွေကြေးအကာအကွယ်

ဆေးကုသစရိတ်များအတွက် အကာအကွယ်

အကျိုးခံစားခွင့်ရှိသူ

သင့်ချစ်မြတ်နိုးရသူများ (သင့်ကို မှီခိုသူများ)

သင် (အာမခံထားရှိသူ)

လျော်ကြေးပေးအပ်ချိန်

အာမခံထားရှိသူ ကွယ်လွန်သွားသည့်အခါ (သို့မဟုတ်) ရာသက်ပန်   

မသန်စွမ်းဖြစ်သည့်အခါ

ဆေးကုသမှု ခံယူသည့်အခါ (သို့မဟုတ်) အာမခံပေါ်လစီအတွင်း အကျုံးဝင်သော ရောဂါရှာဖွေတွေ့ရှိသည့်အခါ

အကျိုးခံစားခွင့်များ

သတ်မှတ်ကာလကုန်ဆုံးပါက ပေးသွင်းထားသောအာမခံကြေး ပြန်လည်ရရှိနိုင်ခြင်း၊ သို့မဟုတ် အကျိုးခံစားခွင့်ရှိသူများအား အာမခံကြေး တစ်လုံးတည်း ပေးအပ်ခြင်း

ဆေးရုံစရိတ်၊ ဆရာဝန်နှင့် ပြသခြင်း၊ ဆေးဝါးကုန်ကျစရိတ်များအတွက် ကာမိစေခြင်း၊ အချို့သော အခြေအနေများတွင် ပြင်းထန်သောရောဂါအတွက် များပြားသော အာမခံငွေပမာဏ တစ်လုံးတည်း ထုတ်ယူနိုင်ခြင်း

အသက်အာမခံရော၊ ကျန်းမာရေးအာမခံရော ထားရှိနိုင်သလား?

တစ်ချိန်ထဲမှာပဲ ကျန်းမာရေးအာမခံနဲ့ အသက်အာမခံ နှစ်မျိုးလုံးရွေးချယ်ဝယ်ယူနိုင်ပါတယ်။ တကယ်တော့ အသက်အာမခံနဲ့ ကျန်းမာရေးအာမခံ နှစ်ခုစလုံးကို ထားရှိတာဟာ သင်ကိုယ်တိုင်နဲ့ သင့်မိသားစုကို အပြည့်အဝ အကာအကွယ်ပေးနိုင်မယ့် အကောင်းဆုံးသောနည်းလမ်းပါပဲ။ အသက်အာမခံနဲ့ ကျန်းမာရေးအာမခံဟာ နှိုင်းယှဉ်ရွေးချယ်ရမယ့် အာမခံအမျိုးအစားတွေမဟုတ်ဘဲ ပေါင်းစပ်ဝယ်ယူလို့ရမယ့် အာမခံပေါ်လစီတွေ ဖြစ်ပါတယ်။

ဒီလိုမျိုး စဉ်းစားကြည့်လိုက်ကြရအောင် - ကျန်းမာရေးအာမခံဆိုတာ ကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို စနစ်တကျစီစဉ်ရသလိုပါပဲ။ ကျန်းမာရေးအာမခံက ဆရာဝန်ပြတာ၊ ဆေးရုံကုန်ကျစရိတ် ဒါမှမဟုတ် ခွဲစိတ်ကုသစရိတ်လိုမျိုး အရေးပေါ်လိုအပ်ချက်တွေကို ဖြေရှင်းဖို့ ကူညီပေးနိုင်ပါတယ်။ အသက်အာမခံကတော့ ရေရှည်အတွက် ဘဝအစီအစဉ်တစ်ခု ဆွဲထားတာနဲ့ပိုတူပါတယ်။ သင်မရှိတော့အချိန်မှာ သင့်ချစ်မြတ်နိုးရသူတွေကို ငွေကြေးပိုင်းဆိုင်ရာ လုံခြုံစိတ်ချမှုကို ပေးစွမ်းနိုင်ပါတယ်။ ဒီအာမခံအမျိုးအစားနှစ်ခုကို ပေါင်းစပ်လိုက်တဲ့အခါ ရေတိုကာကွယ်မှုကော ရေရှည်စိတ်အေးလုံခြုံမှုပါ ရရှိပိုင်ဆိုင်ပြီးသား ဖြစ်သွားစေမှာပါ။

သင်နဲ့သင့်လျော်မယ့် အာမခံရွေးချယ်ဖို့ အဆင်သင့်ဖြစ်ပြီလား။

သင့်လူနေမှုဘဝပုံစံနဲ့ ဘတ်ဂျက်အတွက် အသင့်လျော်ဆုံး အာမခံအမျိုးအစားကို ရှာဖွေဖို့ဆိုရင် ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး အကောင်းဆုံးအကြံဉာဏ်ရယူနိုင်ပါတယ်။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့ အာမခံအစီအစဉ်တွေအကြောင်း ပိုသိရှိလေ့လာချင်တယ်ဆိုရင်တော့ ပရူဒန်ရှယ်အာမခံ ဝက်ဘ်ဆိုဒ် ကို ဝင်ရောက်လေ့လာနိုင်သလို၊ hotline (+959770110010) ကို ဆက်သွယ်ခေါ်ဆိုပြီး ပရူဒန်ရှယ်အာမခံရဲ့ အရောင်းကိုယ်စားလှယ်တွေနဲ့ အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ ပရူဒန်ရှယ်အာမခံရဲ့ အရောင်းကိုယ်စားလှယ်ကနေ သင့်လိုအပ်ချက်တွေကို သေချာလေ့လာသုံးသပ်ပြီး၊ သင့်လက်ရှိအခြေအနေအတွက် အသင့်လျော်ဆုံးဖြစ်မယ့် အာမခံအစီအစဉ်ကို အကြံပြုပေးနိုင်သလို သင်မေးမြန်းသိရှိလိုတဲ့ အကြောင်းအရာ၊ အချက်အလက်တွေနဲ့ ပတ်သက်ပြီးလဲ ပြန်လည်ဖြေကြားပေးပါလိမ့်မယ်။

အကြံပေးချက်

အသက်အာမခံနဲ့ ကျန်းမာရေးအာမခံဟာ အနာဂတ်ဘဝနဲ့ ငွေကြေးစီမံခန့်ခွဲရာမှာ မရှိမဖြစ် လိုအပ်တဲ့ အဓိက ထောက်တိုင်ကြီးနှစ်ခုပဲ ဖြစ်ပါတယ်။ အာမခံအကျိုးခံစားခွင့်ချင်း မတူပေမယ့် ဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါ သင့်ရဲ့ အနာဂတ်ကို ဒိုင်းတစ်ခုသဖွယ် အကောင်းဆုံး အကာအကွယ်ပေးနိုင်ပါတယ်။ သင်ချစ်မြတ်နိုးရသူတွေရဲ့ ငွေကြေးလုံခြုံမှုကို ကာကွယ်ပေးနိုင်သလို မမျှော်လင့်ထားတဲ့ ဆေးဖိုးဝါးခနဲ့ ဆေးကုသစရိတ်တွေကနေလည်း သင့်ကို ကာကွယ်ကူညီပေးပါလိမ့်မယ်။ ဒီအာမခံနှစ်မျိုးလုံး ရှိထားခြင်းအားဖြင့် ဘဝရဲ့ မရေရာမှုတွေကို ယုံကြည်မှုနဲ့ စိတ်အေးချမ်းသာစွာ ရင်ဆိုင်နိုင်မှာပါ။

သင့်ဘဝအနာဂတ်အစီအစဉ်အတွက် ပိုပြီးအဆင်မြင့်တင်ချင်တယ်ဆိုရင်တော့ ပရူဒန်ရှယ်အာမခံရဲ့ နောက်လာမယ့် ဆောင်းပါးမှာ ငွေကြေးဆိုင်ရာ ဦးစားပေးကိစ္စတွေဟာ အချိန်ကြာလာတာနဲ့အမျှ ဘယ်လိုပြောင်းလဲသွားနိုင်လဲ၊ အသက်အာမခံက သင့်ဘဝရဲ့ အချိုးအကွေ့တွေတိုင်းမှာ ဘယ်လိုကာကွယ်မှုတွေပေးနိုင်မလဲဆိုတာကို ဆွေးနွေးပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

Want to discuss your options?

Leave your details and an agent will be in touch to take you through your options.