အသက်အာမခံဟာ ကိုယ့်ရဲ့ ချစ်ခင်သူတွေရဲ့ အနာဂတ်ကို အကာအကွယ်ပေးနိုင်ရုံသာမက စိတ်အေးချမ်းလုံခြုံမှုကိုပါပေးစွမ်းနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ အသက်အာမခံရဲ့ အရေးပါပုံ၊ အကျိုးခံစားခွင့်များ နှင့် ပရူဒန်ရှယ်အာမခံ - Prudential Myanmar ရဲ့ ဝန်ဆောင်မှုများအကြောင်းကို ပြည့်စုံစွာဖော်ပြပေးသွားပါမယ်။

အသက်အာမခံဆိုတာဘာလဲ။

သင့်အနေနဲ့ လစဥ်ပုံမှန် ပရီမီယံကြေးများ ပေးချေခြင်းဖြင့် သင်ရွေးချယ်ထားသော ချစ်ခင်ရသူများနှင့် မိသားစုဝင်များမှ သင်ကွယ်လွန်သွားချိန်မှာ သင်ဝယ်ယူထားခဲ့တဲ့ အသက်အာမခံရဲ့ အကျိုးကျေးဇူးတွေကို ခံစားခွင့်ရမှာပဲဖြစ်ပါတယ်။ အသက်အာမခံ အကျိုးခံစားခွင့်များမှာ ပုံမှန်အားဖြင့် သဘာဝဘေးအန္တရာယ်ကြောင့်သေဆုံးခြင်း နှင့် မတော်တဆသေဆုံးခြင်းများအတွက် အကျုံးဝင်ပြီး အနာဂတ်အတွက် ရင်းနှီးမြုပ်နှံမှုတစ်ခု ပြုလုပ်ထားခြင်း လို့မှတ်ယူနိုင်ပါတယ်။

အသက်အာမခံ - Life Insurance ဝယ်ယူထားခြင်းရဲ့ အကျိုးခံစားခွင့်တွေက ဘာတွေလဲ။

အသက်အာမခံ - Life Insurance က ဘာလဲဆိုတာကို ပြောပြပြီးတဲ့နောက်မှာ အသက်အာမခံရဲ့ လုပ်ဆောင်ပုံတွေက ဘယ်လိုတွေလဲဆိုတာကို ပြောပြပေးသွားပါမယ်။ အသက်အာမခံ၀ယ်ယူထားခြင်းဟာ သင့်ဘ၀မှာ မမျှော်လင့်ဘဲကြုံတွေ့လာရနိုင်တဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကနေ ကာကွယ်ခြင်းနည်းလမ်းတစ်မျိုးပဲ ဖြစ်ပါတယ်။ နောက်ပြီး သင့်အနေနဲ့ အသက်အာမခံ၀ယ်ယူတဲ့ အခါ စိတ်ချယုံကြည်ရတဲ့ နေရာကနေ ၀ယ်ယူဖို့ကလည်း အလွန်အရေးကြီးပါတယ်။ အသက်အာမခံ၀ယ်ယူပြီးနောက် သင်ရွေးချယ်သဘောတူထားတဲ့ ပရီမီယံကြေးမှန်မှန်ပေးသွင်းခြင်းအားဖြင့် သင်သေဆုံးသွားချိန်မှာ သင်ရွေးချယ်ထားသူကို အသက်အာမခံကုမ္ပဏီမှ အကျိုးခံစားခွင့်များပေးအပ်သွားမှာပဲ ဖြစ်ပါတယ်။ ထိုအကျိုးခံစားခွင့်များကို ရရှိသူများအနေနဲ့လည်း ၄င်းတို့ရဲ့အိပ်မက်များကို အကောင်အထည်ဖော်ရန်အတွက် ပြန်လည်အသုံးပြုနိုင်သွားမှာပဲ ဖြစ်ပါတယ်။ ထို့အပြင် သင့်မှာ အသက်အာမခံ အကျုံးဝင်ကြောင်း သိရှိနေခြင်းရဲ့ စိတ်ငြိမ်းချမ်းမှုကိုလည်း ဆောင်ကြဉ်းပေးပါတယ်။ သင့်အနေနဲ့ မမျှော်လင့်ထားတဲ့အရာတွေ ကြုံလာရရင် သင့်ချစ်ရသူတွေကို ငွေရေးကြေးရေးအရ အကာအကွယ်ပေးထားကြောင်း သိထားခြင်းအားဖြင့် သင့်ဘဝပန်းတိုင်တွေကို အာရုံစိုက်နိုင်စေမှာပါ။

အသက်အာမခံအမျိုးအစားများနဲ့ အသက်အာမခံအကြောင်းသိကောင်းစရာအချက်တွေကဘာတွေဖြစ်မလဲ။

သက်တမ်းအသက်အာမခံ(Term Life Insurance) - သက်တမ်းအာမခံဟာ ပုံမှန်အားဖြင့် ၁ဝ နှစ် မှ နှစ် ၃ဝ အထိ အကျုံးဝင်ပါတယ်။ အာမခံဝယ်ယူထားသူမှ အသက်အာမခံထားရှိသည့်ကာလအတွင်း ကွယ်လွန်ခဲ့သည်ဆိုပါက ထိုသူရွေးချယ်ထားခဲ့သော အကျိုးခံစားခွင့် ရှိသူမှ သေဆုံးခြင်းအကျိုးခံစားခွင့်ကိုရရှိမှာပဲဖြစ်ပါတယ်။ ထို့အပြင် ရရှိမည့်အကျိုးခံစားခွင့်များအပေါ်တွင်လည်း အခွန်ငွေကျသင့်မည်မဟုတ်ပါ။ အာမခံဝယ်ယူထားသူအနေနှင့် လစဥ်ကြေး (သို့မဟုတ်) နှစ်စဥ်ကြေးပေးသွင်းရာတွင် သဘောတူထားသော ပုံသေနှုန်းထားကိုသာ ပေးသွင်းရန်လိုအပ်ပါတယ်။ အာမခံထားရှိသည့်ကာလအတွင်း ပေးသွင်းရမယ့်ပမာဏတိုးသွားတာမျိုးကဲ့သို့သော အခြေအနေများလည်း ရှိမလာနိုင်တာကြောင့် ငွေကြေးကြိုတင်စီမံထားဖို့ အခက်အခဲမဖြစ်စေနိုင်ပါဘူး။ သို့သော် သက်တမ်းအသက်အာမခံ - Term Life Insurance ဟာ သင်သဘောတူ ဝယ်ယူထားသော ကာလအတိုင်းအတာတစ်ခုအတွင်းတွင်သာ အကျိုးခံစားခွင့်ရရှိမှာပဲ ဖြစ်ပါတယ်။

ပရီမီယံကြေးများနှင့် ၄င်းတို့၏အကျိုးကျေးဇူးများ - အသက်အာမခံပရီမီယံကြေးများကို အာမခံထားသူရဲ့အသက်၊ ကျန်းမာရေးအခြေအနေနှင့် အကျုံးဝင်သည့်ပမာဏ စတဲ့အချက်များအပေါ်တွင် အခြေခံပြီး ဆုံးဖြတ်ပါတယ်။ ပရူဒန်ရှယ်အာမခံတွင် အာမခံဝယ်ယူသူများ အဆင်ပြေစေရန် လစဉ်ကြေး၊ နှစ်စဉ်ကြေး ပေးချေမှုများအပါအဝင် မိမိနှင့်လိုက်လျောညီထွေရှိသော ပရီမီယံငွေပေးချေမှုများကို ရွေးချယ်နိုင်ပါပြီ။

ရေရှည်ငွေကြေးဆိုင်ရာ အကာအကွယ်ပေးမှု - မြန်မာနိုင်ငံရှိ ပြည်သူများ၏ ရေရှည်ငွေကြေးဆိုင်ရာ ရည်မှန်းချက်များ အောင်မြင်စေရန် နှင့် ရသင့်ရထိုက်သော အကျိုးခံစားခွင့်များ ရရှိအောင် ကူညီကာကွယ်ပေးရန်မှာ ပရူဒန်ရှယ်အာမခံ - Prudential Myanmar ရဲ့ အဓိကရည်ရွယ်ချက်များထဲမှ တစ်ခုပင်ဖြစ်ပါတယ်။ ထိုသို့ကာကွယ်ပေးရာတွင် Customer တစ်ဦးချင်းဆီရဲ့ လိုအပ်ချက်များ ပေါ်တွင်မူတည်ပြီး ထိရောက်သော ဖြေရှင်းနည်းများကိုသာ အကြံပေးပါတယ်။

သင်နဲ့သင့်လျော်မယ့် အာမခံရွေးချယ်ဖို့ အဆင်သင့်ဖြစ်ပြီလား။

အသက်အာမခံဝယ်ယူထားခြင်းဟာ သင့်မိသားစုရဲ့ငွေကြေးအနာဂတ်ကို ကာကွယ်ရန်အတွက် မရှိမဖြစ်လိုအပ်သောအရာ တစ်ခုဖြစ်ပါတယ်။ ထို့ကြောင့် ပရူဒန်ရှယ်အာမခံ - Prudential Myanmar နှင့်အတူလုံခြုံစိတ်ချရသော အသက်အာမခံအကျိုးခံစားခွင့်များကို နားလည်သဘောပေါက်ထားခြင်းဖြင့်၊ သင့်ချစ်ခင်ရသူများအား အကာအကွယ်ပေးရင်း သင်ရည်ရွယ်ထားသော ငွေကြေးပန်းတိုင်များဆီသို့ အောင်မြင်စွာ လျှောက်လှမ်းလိုက်ပါ။

Want to discuss your options?

Leave your details and an agent will be in touch to take you through your options.