နိဒါန်း

အောက်တိုဘာလက ရင်သားကင်ဆာ အသိပညာပေးရေးလ (Breast Cancer Awareness Month) ဖြစ်ပါတယ်။ ရင်သားကင်ဆာက အဖြစ်များတဲ့ ကင်ဆာတစ်မျိုးဖြစ်ပြီး နှစ်စဉ် လူနာပေါင်း ၂.၃ သန်း လောက်မှာ တွေ့နေရပါတယ်။ ရင်သားကင်ဆာလူနာတွေရဲ့  ၉၉%က အမျိုးသမီးတွေဖြစ်ပြီး ၀.၅-၁%ကတော့ အမျိုးသားတွေပဲ ဖြစ်ပါတယ်။ အမျိုးသမီးဖြစ်နေခြင်းက ရင်သားကင်ဆာဖြစ်စေတဲ့ အကြောင်းရင်းတွေထဲက  ခုပါ။ ရင်သားကင်ဆာက စောစောသိ စောစောကုရင် ရလဒ်ကောင်းပေမယ့် နောက်ကျမှသိတာ၊ ကုသမှုခံယူဖို့ ဆေးရုံဆေးခန်းနဲ့ ငွေကြေးအခက်အခဲဖြစ်တာတွေက ကင်ဆာကုသမှုကို အနှောင့်အယှက် ဖြစ်စေနိုင်တာကြောင့် စောစောသိ စောစောကုဖို့ အရေးကြီးပါတယ်။

ရင်သားကင်ဆာရဲ့ လက္ခဏာများ

ရင်သားကင်ဆာ အစောပိုင်းအဆင့်မှာတော့ အများစုက ဘာလက္ခဏာမှ မခံစားရတတ်ပါဘူး။ ဒါကြောင့် ကင်ဆာရှိမှန်း စောစောသိဖို့ ပုံမှန်စစ်ဆေးနေသင့်ပါတယ်။ ရင်သားကင်ဆာ နောက်ပိုင်းအဆင့်တွေမှာဆိုရင်တော့ လက္ခဏာအနေနဲ့

  • ရင်သားမှာ အကျိတ်စမ်းမိတာ (များသောအားဖြင့် မနာတတ်ပါ)
  • ရင်သားရဲ့ အရွယ်အစား၊ ပုံစံ ပြောင်းလဲတာ
  • ရင်သားရဲ့ အရေပြား ချိုင့်တာ၊ နီရဲတာ
  • နို့သီးခေါင်းပုံစံပြောင်းလဲတာ
  • နို့သီးခေါင်းကနေ ပုံမှန်မဟုတ်တဲ့ အရည်တွေထွက်တာတွေ ခံစားရတတ်ပါတယ်။

ဒါကြောင့် ရင်သားမှာ ပုံမှန်မဟုတ်တဲ့ အကျိတ်တစ်ခုခု စမ်းမိရင် မနာရင်တောင်မှ ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးသင့်ပါတယ်။

ရင်သားကင်ဆာ ကုသနည်းများ

ရင်သားကင်ဆာအတွက် ကုသနည်းရွေးချယ်မှုက ကင်ဆာအမျိုးအစားနဲ့ ဘယ်လောက်ထိ ပြန့်နေပြီလဲဆိုတဲ့အချက်တွေအပေါ် မူတည်ပါတယ်။ ကုသနည်း အမျိုးအစားတွေကတော့

  • ရင်သားအကျိတ်ကို ခွဲစိတ်ဖယ်ရှားနည်း
  • ရင်သားကင်ဆာ ပြန်ဖြစ်နိုင်ခြေကို လျှော့ချဖို့နဲ့ အနီးအနားတစ်ရှူးတွေက ကင်ဆာဆဲလ်တွေကို ဖျက်ဆီးဖို့ ဓာတ်ရောင်ခြည်ပြနည်း
  • ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပြီး ပြန့်နှံ့မှုကို တားဆီးဖို့ ဟော်မုန်းကုထုံး၊ ကင်ဆာဆေးသွင်းနည်းနဲ့ ပစ်မှတ်ထားကုထုံးတွေ ပါဝင်ပါတယ်။

ရင်သားကင်ဆာကို စောစောသိပြီး စောစောကုမယ်၊ ပြီးဆုံးသည်အထိ ကုသမယ်ဆိုရင် ရလဒ်ကောင်းပါတယ်။ ရင်သားကင်ဆာ ကုသမှုရဲ့ အသက်က ပြီးဆုံးသည်အထိ ကုသဖို့ပဲ ဖြစ်ပါတယ်။ တစ်ပိုင်းတစ်စနဲ့ ရပ်လိုက်မယ်ဆိုရင် ရလဒ်ကောင်းမှာ မဟုတ်ပါဘူး။

ရင်သားကင်ဆာကုသမှုနဲ့ ကုန်ကျစရိတ်

တကယ်တမ်းတော့ ရင်သားကင်ဆာက ကုသမှုစရိတ်များတဲ့ ပြင်းထန်နာမကျန်းရောဂါ (Critical illness) တစ်ခုပါ။ ကင်ဆာအစောပိုင်းအဆင့်မှာ ကုသရင် ကုန်ကျစရိတ် သက်သာနိုင်ပေမယ့် ကင်ဆာအဆင့်တက်လာလေလေ ကုန်ကျစရိတ်များလေလေ ဖြစ်ပါတယ်။

ရင်သားကင်ဆာအတွက် ဆေးစစ်ရတာတွေ (ဥပမာ ရင်သားဓာတ်မှန်၊ အသားစယူတာ)ကစလို့ ခွဲစိတ်တာ၊ ဆေးသွင်းတာ၊ ဓာတ်ရောင်ခြည်ပြတာတွေအထိ ကုန်ကျစရိတ်များလှပါတယ်။ ဒါ့ပြင် ရင်သားကင်ဆာမှာ အသုံးပြုတဲ့ ပစ်မှတ်ထားကုထုံးအတွက် ဆေးဝါးတွေရဲ့ စျေးကလည်း မသေးလှပါဘူး။ ကုသမှုတောက်လျှောက် ဆေးရုံဆေးခန်းပြရမှာတွေ၊ ဆေးရုံတက်ရမယ့် စရိတ်တွေကိုပါ ထည့်ပေါင်းမယ်ဆိုရင် လူနာကို ငွေကြေးအခက်အခဲ ဖြစ်သွားစေနိုင်ပါတယ်။

လူနာအနေနဲ့ ဆေးကုသနေစဉ်မှာ အလုပ်နားထားရမယ်ဆိုရင် ဝင်ငွေလည်း လျော့နည်းနေမှာဖြစ်တဲ့အတွက် စုဆောင်းထားတဲ့ငွေကို ထုတ်သုံးရနိုင်ပါတယ်။

ရင်သားကင်ဆာက ကုသမှုစပြီဆိုရင် ဆုံးတဲ့အထိ ကုမှ ရလဒ်ကောင်းမယ်ဆိုပေမယ့် ဒီလိုမျိုး ငွေကြေးကျပ်တည်းမှုတွေ ကြုံလာရတဲ့အခါ ပြီးဆုံးသည်အထိ ကုသဖို့ လူနာအတွက် ခက်ခဲလာပါပြီ။ ဒါကြောင့်ပဲ ပြီးဆုံးသည်အထိ မကုသနိုင်ဘဲ နောက်ဆုံးမှာတော့ အသက်အန္တရာယ်ထိခိုက်လာပါတယ်။

အကြံပြုချက်

ဒီလို ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်ကို မကြုံရစေဖို့ အကောင်းဆုံးကတော့ ကျန်းမာရေးအာမခံနဲ့ အကာအကွယ်ယူထားတာပါပဲ။

PRUFlexiprotect CI ဆိုတာ ရင်သားကင်ဆာလိုမျိုး ပြင်းထန်နာမကျန်းရောဂါတွေ (Critical illness)နဲ့ ကြုံလာရတဲ့အခါ ငွေကြေးအတွက် စိုးရိမ်မှုမရှိဘဲ စိတ်အေးအေးနဲ့ ကုသမှုခံယူနိုင်ဖို့ ကာကွယ်ပေးနိုင်တဲ့ ငွေကြေးအကာအကွယ် တစ်ခုပဲ ဖြစ်ပါတယ်။ ရင်သားကင်ဆာကြောင့် ဆေးကုသနေချိန်မှာ မိသားစုကို ငွေကြေးအခက်အခဲ မကြုံစေဖို့၊ စုဆောင်းထားတဲ့ ငွေကြေးကို မထိခိုက်ဘဲ ကုသမှုခံယူနိုင်ဖို့ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ရင်သားကင်ဆာကို ပြီးဆုံးသည်အထိ ကုသပြီး ရလဒ်ကောင်းမွန်စေဖို့ PRUFlexiprotect CIနဲ့ ငွေကြေးအကာအကွယ်ယူထားသင့်ပါတယ်။

PRUFlexiprotect CI အကြောင်း ပိုမိုသိရှိလိုပါက ဒီနေရာမှာ လေ့လာပါ။

ရည်ညွှန်းချက်

WHO Global Breast Cancer Initiative: Breast cancer awareness month https://www.who.int/news-room/events/detail/2024/10/01/default-calendar/who-global-breast-cancer-initiative--breast-cancer-awareness-month Accessed date Sept 21, 2025

Breast cancer https://www.who.int/news-room/fact-sheets/detail/breast-cancer Accessed date Sept 21, 2025

Healthcare use and costs in early breast cancer: a patient-level data analysis according to stage and breast cancer subtype https://www.sciencedirect.com/science/article/pii/S2059702920327496 Accessed date Sept 21, 2025

Want to discuss your options?

Leave your details and an agent will be in touch to take you through your options.