ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု

ငွေကြေးအတွက် ကြိုတင် စီစဉ်ထားခြင်းဟာ  ကိုယ့်အနာဂတ်လုံခြုံစိတ်ချရဖို့နဲ့ ကိုယ့်ရဲ့ ရည်မှန်းချက်အိပ်မက်တွေ အမှန်တကယ်ဖြစ်လာဖို့အတွက် ပြုလုပ်ထားသင့်တဲ့အရာတစ်ခုပါ။ ကိုယ်က အိမ်လေးတစ်လုံးဝယ်ဖို့အတွက် စုချင်တာဖြစ်ဖြစ်၊ ကိုယ့်ကလေးရဲ့ ပညာရေးအတွက်ပဲဖြစ်ဖြစ် ဒါမှမဟုတ် လုပ်ငန်းခွင်ဘဝကနေ အနားယူဖို့အတွက်ပဲ ဖြစ်ဖြစ် သေသေချာချာ စီမံပြင်ဆင်ထားတဲ့ ငွေကြေး အစီအစဉ်တွေက ကိုယ့်ကို လမ်းကြောင်းမှန်အောင်တည့်မတ်ပေးသလို ကိုယ့်အိပ်မက်တွေ အမှန်တကယ်လက်တွေ့ဖြစ်လာစေဖို့အတွက် ငွေကို စုမိအောင်လည်း ကူညီပေးနိုင်ပါတယ်။

အသက်ငယ်ရွယ်တဲ့အချိန်မှာတည်းက ငွေကို စစုသင့်ပါတယ်။ ပမာဏသေးသေးလေးကနေ စပြီး ပုံမှန်မပျက်မကွက် စုသွားမယ်ဆိုလို့ရှိရင် အချိန်ကြာလာတဲ့အခါ တဖြည်းဖြည်းများလာပြီးတော့ ကိုယ့်ရဲ့ ရည်မှန်းချက်တွေ  တကယ်ဖြစ်လာဖို့အတွက် ပိုနီးစပ်လာစေပါတယ်။ စောစောစပြီးတော့ ငွေစုထားသင့်တဲ့ အကြောင်းပြချက် နောက်တစ်ခုကတော့ ငွေကြေးဖောင်းပွမှုတွေများပြားလာတာကြောင့်ပဲဖြစ်ပါတယ်။ ကိုယ် ဒီနေ့ဝယ်နိုင်တဲ့ပစ္စည်းက နောင်တစ်ချိန်မှာ အဆမတန်ဈေးများသွားနိုင်ပါတယ်။ ငွေရေးကြေးရေးအတွက် ကြိုပြီးတော့ ပြင်ဆင်ထားတာမျိုးမရှိဘူးဆိုရင် ကိုယ်စုထားတဲ့ ငွေတွေက ကိုယ်တကယ်လိုအပ်လာတဲ့အခါ မလောက်ငှတာမျိုးတွေ ဖြစ်တတ်ပါတယ်။ နောက်ပြီး ငွေကြေးအတွက် ကြိုပြီးစီစဉ်ထားတာက ဘဝတလျှောက် မမျှော်လင့်ထားတဲ့ အချိုးအကွေ့အလှည့်အပြောင်းတွေနဲ့ ကြုံရတဲ့အချိန် (ဥပမာ - အလုပ်မရှိတော့တဲ့အခါမျိုး၊ အရေးပေါ်ကျန်းမာရေး အခြေအနေတစ်ခုခုနဲ့ ကြုံရတာမျိုး ဒါမှမဟုတ် စီးပွားရေးကျဆင်းတာမျိုး) တွေအတွက် အသင့်ပြင်ဆင်ထားပြီးသားဖြစ်နေစေပါတယ်။

ငွေစုဆောင်းနိုင်မည့် နည်းလမ်းများ

အခုနောက်ပိုင်း ငွေစုတော့မယ်ဆိုရင် ရွေးချယ်စရာတွေ တစ်ခုနဲ့တစ်ခုကို နှိုင်းယှဉ်ကြည့်ကြတာမျိုး များလာပါတယ်။ တချို့က “အိမ်တွေ၊ မြေတွေပဲ ဝယ်ထားရမလား၊ အတိုးရအောင် ဘဏ်မှာပဲ စုထားရမလား” ဒါမျိုးတွေ တွေးစရာဖြစ်တတ်ကြပါတယ်။ ရွေးချယ်စရာတွေထဲကမှ နောက်ထပ်ရွေးချယ်စရာတစ်ခုကတော့ ငွေကို အသက်အာမခံအစီအစဉ်တွေကနေတစ်ဆင့် စုဆောင်းတာမျိုးဖြစ်ပါတယ်။ အသက်အာမခံကနေတဆင့် ငွေစုတာက  ငွေလည်း စုမိသလို မမျှော်လင့်ထားတဲ့ အခြေအနေတွေတွေ့ကြုံရတဲ့အခါ ကိုယ်နဲ့ ကိုယ်ချစ်ရတဲ့မိသားစုအတွက် လိုအပ်တဲ့ ငွေကြေးအကာအကွယ်လည်း ရရှိနိုင်မှာဖြစ်ပါတယ်။

အသက်အာမခံဆိုတာကလည်း ကိုယ့်မိသားစုအနားမှာ အတူမရှိနေနိုင်ရင်တောင် ငွေရေးကြေးရေးအရ လုံခြုံစိတ်ချမှု ပေးစွမ်းပြီး ကာကွယ်ပေးထားနိုင်တဲ့အတွက် ငွေစုထားရာလည်းရောက် ငွေရေးကြေးရေး အကာအကွယ်လည်း  ယူထားတာ ဖြစ်တဲ့အတွက် မိသားစုနဲ့လည်း အနာဂတ်ကို စိတ်ချလက်ချ ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။  

ရည်ညွှန်းချက်

ယခုဆောင်းပါးကို ပရူဒန်ရှယ်အာမခံရဲ့ Chief Distribution Officer ဒေါ် Samantha Htoon နဲ့အတူ ပရူဒန်ရှယ်အာမခံရဲ့ Agency Unit Director ကိုကောင်းဟိန်းစိုးတို့ ဆွေးနွေးထားတဲ့ “Dream It, Achieve It – How to Save for Your Future Goals” ဗီဒီယိုမှ မှီငြမ်းကောက်နှုတ်ထားပါတယ်။ အသက်ငယ်ရွယ်တဲ့အချိန်မှာတည်းက ငွေရေးကြေးရေးအတွက် ကြိုတင်စီစဉ်ထားဖို့ အရေးကြီးတဲ့အကြောင်းနဲ့ ငွေစုနိုင်တဲ့ အာမခံအစီအစဉ်တွေအကြောင်းကို အသေးစိတ်အပြည့်အစုံသိရှိနိုင်စေရန် ဒီလင့်ခ်မှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Want to discuss your options?

Leave your details and an agent will be in touch to take you through your options.