ကိုယ့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ဆိုရင် ကြိုတင်စီစဉ်တာ၊ စုဆောင်းတာနဲ့ အရေးကြီးတဲ့အရာတွေကို အကာအကွယ်ပေးတာကနေ စတင်ရမှာပါ။ ဒီဆောင်းပါးမှာတော့ အသက်အာမခံထားရှိခြင်းက ကိုယ့်ရဲ့ ငွေစုတဲ့နေရာမှာ ဘယ်လိုမျိုး အထောက်အကူဖြစ်စေလဲဆိုတာကို ဖော်ပြပေးထားပါတယ်။ ဒါ့အပြင် မမျှော်လင့်တဲ့ ကိစ္စတွေဖြစ်လာရင် ငွေကြေးအရ အကာအကွယ်ပေးနိုင်တဲ့အပြင် ကိုယ်ပိုင်အိမ်ဝယ်တာ၊ သားသမီးပညာရေး ထောက်ပံ့တာနဲ့ အငြိမ်းစားဘဝအတွက် ပြင်ဆင်တာ စတဲ့ ရည်မှန်းချက်တွေကို ရောက်အောင်လည်း ကူညီပေးနိုင်ပါတယ်။ ကိုယ့်ရဲ့စုဆောင်းငွေကို ဘယ်လိုတိုးပွားအောင်လုပ်မလဲ၊ မိသားစုအနာဂတ်ကို ဘယ်လိုကာကွယ်မလဲနဲ့ ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို ယုံကြည်မှုရှိရှိ ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတဲ့ လက်တွေ့ကျတဲ့ နည်းလမ်းကောင်းတွေကို လေ့လာကြည့်လိုက်ရအောင်။
Contents
ငွေစုဆောင်းမှုနှင့် အသက်အာမခံအကာအကွယ်
အသက်အာမခံဆိုတာ ကိုယ်က မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုခုဖြစ်သွားတဲ့အခါမှာ ကိုယ့်မိသားစုကို ငွေကြေးနဲ့ပတ်သက်ပြီး လုံခြုံမှုပေးနိုင်စေဖို့အတွက် ပြုလုပ်ထားတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် အသက်အာမခံရှိထားရင် အချိန်တစ်ခုအထိ ငွေလည်း စုထားနိုင်သလို ငွေရေးကြေးရေးအကာအကွယ်လည်း ရရှိနိုင်ပါတယ်။ ဥပမာပြောရရင် ကိုယ်က အိမ်လေးတစ်လုံး ဝယ်ချင်တာမျိုး၊ ကိုယ့်သားသမီးရဲ့ ပညာရေးအတွက် ငွေစုထားချင်တာမျိုး ဒါမှမဟုတ် အလုပ်မလုပ်တော့ဘဲ အနားယူဖို့အတွက် ကြိုတင်ပြင်ဆင်ထားချင်တာမျိုး စတဲ့ ကိုယ့်အနာဂတ်ရည်မှန်းချက်တွေအတွက်လည်း ငွေကို ဖယ်ထားပြီးသားဖြစ်သွားပါတယ်။
စနစ်တကျ ငွေစုဆောင်းသည့် အလေ့အကျင့်လုပ်ခြင်း
အာမခံမှာပါဝင်တဲ့ ငွေစုဆောင်းလို့ရတဲ့ အစီအစဉ်တွေက စည်းကမ်းတကျ ငွေစုနိုင်ဖို့အတွက်ကိုလည်း တွန်းအားတစ်ခုဖြစ်စေပါတယ်။ ပရီမီယံကြေးပုံမှန်ပေးသွင်းရတဲ့အခါမှာ ကိုယ့်ရဲ့ ရည်မှန်းချက် ပြည့်ဝဖို့အတွက် ငွေကို မှန်မှန်စုနေတာဖြစ်ပြီးတော့ ကိုယ်က ဘာမှမဖြစ်ခဲ့ဘူးဆိုရင်လည်း ကိုယ်၀ယ်ယူထားတဲ့ အာမခံအစီအစဉ်ပေါ်မူတည်ပြီး အာမခံထားရှိငွေကို ပြန်လည်ရရှိနိုင်မှာဖြစ်ပါတယ်။ ပရူဒန်ရှယ်အာမခံမှာ PRUFlexiprotect PLUS လိုမျိုး အသက်အာမခံနဲ့ ငွေစုနိုင်တဲ့အစီအစဉ်ပါ တစ်ပေါင်းတည်းပါတဲ့ အစီအစဉ်မျိုး ရှိပါတယ်။ ဒီအစီအစဉ်က အခုမှ လုပ်ငန်းခွင်ဘဝကို စပြီး ဝင်ရောက်မယ့် လူငယ်အရွယ်ကနေ ကြီးမားတဲ့တာဝန်တွေကိုယူရမယ့် မိသားစုဘဝကို ထူထောင်ကြတဲ့အရွယ်အထိ မတူညီတဲ့ အသက်အရွယ်အပိုင်းအခြားတွေအတွက် သင့်တော်တဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။
PRUFlexiprotect PLUS ဖြင့် မိမိစိတ်ကြိုက် ရွေးချယ်နိုင်သော အကာအကွယ်များ
မမျှော်လင့်ထားတဲ့ အရေးပေါ်ကျန်းမာရေးအခြေအနေတစ်ခုခု ဥပမာ ပြင်းထန်ရောဂါတစ်ခုခုကို ခံစားရတာ ဒါမှမဟုတ် မတော်တဆမှုတစ်ခုခုဖြစ်လာခဲ့မယ်ဆိုရင်တောင်မှ ငွေရေးကြေးရေးအတွက် မပူပန်ရဘဲ စိတ်အေးလက်အေးနေနိုင်မှာဖြစ်ပါတယ်။ ငွေစုချင်တဲ့သူတွေအတွက်ဆိုရင်လည်း အကယ်၍ ကိုယ်က မကျန်းမာတာတွေ၊ မတော်တဆမှုတွေက မဖြစ်ခဲ့ဘဲ အာမခံကာလပြီးသွားတဲ့အချိန်အထိ အာမခံကြေးကို ထုတ်ယူတာမျိုးလည်း မရှိခဲ့ရင် ပရီမီယံကြေးပေးသွင်းထားတဲ့ပမာဏရဲ့ ၁၀၃ ရာခိုင်နှုန်းကို ပြန်ရရှိမှာဖြစ်ပါတယ်။ ဒီလိုမျိုး ငွေစုလို့ရတဲ့ အစီအစဉ်တွေမှာ ရင်းနှီးမြှုပ်နှံလိုက်မယ်ဆိုရင် အနာဂတ် ငွေကြေး ခိုင်ခိုင်မာမာရှိပြီးတော့ ကိုယ်နဲ့ ကိုယ်ချစ်ရတဲ့သူတွေအတွက် သာယာဖြောင့်ဖြူးတဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်ရမှာ အသေအချာပဲဖြစ်ပါတယ်။
ရည်ညွှန်းချက်