ဘဏ်လုပ်ငန်းမှာ (၁၆) နှစ်ကျော် အတွေ့အကြုံတွေရှိခဲ့တဲ့ မပွင့်ပိုင်မိုးက အခုဆိုရင် အသက်အာမခံနယ်ပယ်မှာ သူရဲ့ အရည်အချင်းတွေကို အကောင်းဆုံး သက်သေပြနေပါပြီ။ ၂၀၂၄ စက်တင်ဘာလမှာ ပရူဒန်ရှယ်အာမခံကို Agency Unit Manager တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်ခဲ့ပြီး၊ မလျော့သော ဇွဲလုံ့လတွေကြောင့် အချိန်တိုအတွင်းမှာပဲ MDRT 2026 ဂုဏ်ထူးဆောင်ဘွဲ့ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

 

ကလေးနှစ်ယောက်ရဲ့ မိခင်တစ်ဦးဖြစ်ပြီး မိသားစုတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ရင်းနဲ့ တစ်ဖက်မှာလည်း အောင်မြင်တဲ့အမျိုးသမီးတစ်ဦးဖြစ်အောင် ကြိုးစားနိုင်မှုက တကယ်ကို ဂုဏ်ယူစရာကောင်းပါတယ်။ ရှေ့ဆက်ပြီးတော့ ဒီထက်မက မြင့်မားတဲ့ COT နဲ့ TOT မှတ်တိုင်တွေကို စိုက်ထူဖို့လည်း ပြင်ဆင်နေပါတယ်။ 

Life and Business Coach တစ်ဦးဖြစ်တဲ့ မချိုနွယ်ဝင်းက ၂၀၂၅ ခုနှစ်၊ ဧပြီလမှာ ပရူဒန်ရှယ်အာမခံရဲ့  Agency Unit Manager တစ်ဦးအဖြစ် စတင်ဝင်ရောက်ခဲ့ပြီး ပထမဆုံးနှစ်အတွင်းမှာတင် Highest APE Producer (Self + Team) ရဲ့ 1st Runner-Up ဆု၊ Top Premium Achiever 2025၊ PRU Star Club 2025 တို့အပြင် MDRT 2026 ဂုဏ်ထူးဆောင်အဖြစ်ပါ သတ်မှတ်ချက်ပြည့်မီအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

 

အခုဆိုရင်တော့ သူမဟာ Associate Agency Unit Director (AAUD) တစ်ဦးအဖြစ် တာဝန်ယူနေပြီး ပရဟိတနဲ့ ကိုယ်ပိုင်အရည်အချင်းမြှင့်တင်မှုပိုင်းမှာပါ ဟန်ချက်ညီညီ ကြိုးစားအားထုတ်နေသူပါ။ သူမရဲ့ အောင်မြင်မှုတွေဟာ အသက်အာမခံအကြံပေးတွေအတွက် စိတ်ခွန်အားဖြစ်စေရုံတင်မကဘဲ အာမခံနယ်ပယ်မှာလည်း စံပြမှတ်တိုင်အသစ်တွေကို စိုက်ထူနေဆဲဖြစ်ပါတယ်။

အသက်အာမခံ၊ ကျန်းမာရေးအာမခံနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုလျှင်

ဆက်သွယ်နိုင်မည့် အချက်အလက်များကို ဖြည့်ပါ။ ပရူဒန်ရှယ် အာမခံအကြံပေးမှ သင်နှင့် သင့်တော်မည့်အာမခံအမျိုးအစားများကို အသေးစိတ်ရှင်းပြပေးပါလိမ့်မည်။

Family-at-the-beach