ကျွန်ုပ်တို့၏ ခံယူချက်

purpose

ရည်ရွယ်ချက်

ကျွန်ုပ်တို့ရဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရာမှာ ကျွန်ုပ်တို့ရဲ့ လုပ်ဆောင်ချက်တွေက လူမှုအဖွဲ့အစည်းကို ဘယ်လိုအကျိုးပြုနေလဲ၊ တစ်ဦးနဲ့တစ်ဦး ကူညီထောက်ပံ့ဖို့ ဘာတွေလုပ်ဆောင်နေလဲ စတဲ့အရာတွေကနေ သက်သေပြသွားမှာပါ။

principle

အခြေခံမူများ

လူတွေအားလုံး ပျော်ရွှင်ကျန်းမာစွာ နေထိုင်နိုင်တဲ့ အနာဂတ်တစ်ခု ဖြစ်လာအောင် မနားမနေ မျှော်မှန်းလျှောက်လှမ်းနေတဲ့အတွက် customer တွေကို ဦးစားပေး ဝန်ဆောင်မှုပေးဖို့၊ ဖြောင့်မတ်မှန်ကန်စွာ လုပ်ကိုင်ဖို့၊ တိုးတက်ပြောင်းလဲမှုတွေကို လက်ခံကျင့်သုံးဖို့၊ လူမှုအသိုင်းအဝိုင်း အကျိုးစီးပွားအတွက် ရင်းနှီးမြုပ်နှံဖို့နဲ့ ရှေရည်လုပ်ကိုင်ဖို့ ရည်ရွယ်ထားတာကြောင့် ရှေရှည်ကြည့်ဖို့ စတဲ့ ကျွန်ုပ်တို့ရဲ့ အခြေခံမူတွေကို ယခင်အတိုင်း မယိမ်းယိုင်ပဲ စွဲစွဲမြဲမြဲ လိုက်နာသွားမှာပါ။

value

စံနှုန်းများ

ကျွန်ုပ်တို့ ဘယ်သူဆိုတာ အကောင်းဆုံး ဖော်ပြပေးနေတဲ့ စံနှုန်းတွေကတော့ ရည်မှန်းချက် မြင့်မားမှု၊ စူးစမ်းလေ့လာလိုမှု၊ စာနာထောက်ထားမှု၊ ရဲရင့်မှုနဲ့ တက်ကြွမြန်ဆန်မှုတွေဖြစ်ပြီး ဒါတွေကပဲ ကျွန်ုပ်တို့ကို အောင်မြင်မှုတွေ ရရှိနိုင်အောင် ဖန်တီးပေးနေတာပါ။

ကျွန်ုပ်တို့ရဲ့ တန်ဖိုးထားမှု (PRUWay)

 

၁။ Customer များသည် ပရူဒန်ရှယ်အာမခံရဲ့  ဦးတည်ကြိုးစားရာ ဖြစ်ပါသည်။

ပရူဒန်ရှယ်အာမခံက Customer များကို နားလည်သဘောပေါက်ရန်အတွက် အစဉ်အမြဲကြိုးပမ်းလျက်ရှိပါသည်။ Customer များ၏ လိုအပ်ချက်များကို သိရှိနားလည်ပြီး ကြုံတွေ့နေရသော အခက်အခဲများကို စာနာမှုအပြည့်ဖြင့် အရှိန်အဟုန်မြှင့်ကာ ပရူဒန်ရှယ်အာမခံက ဖြေရှင်းဆောင်ရွက်လျက်ရှိပါသည်။

၂။ ပရူဒန်ရှယ်အာမခံသည် အစဉ်အမြဲ စွန့်ဦးတီထွင်မှုများကို ပြုလုပ်လျက်ရှိပါသည်။

စိတ်ကူးစိတ်သန်းအသစ်များကို ဖြန့်ကျက်ထားပြီး အလားအလာကောင်းများရှိနိုင်သည့် စွန့်ဦးတီထွင်မှုများကို အစဉ်အမြဲဖန်တီးလျက်ရှိသည်။ ကျရှုံးမှုများနှင့်ပတ်သက်ပြီး စိတ်ဓာတ်ကျခြင်းမရှိဘဲ ကြံ့ကြံ့ခံရင်ဆိုင်ကာ အတွေးအမြင်သစ်၊ ခွန်အားသစ်များဖြင့် ရှေ့သို့ ဆက်လက်ချီတက်လျက်ရှိပါသည်။

၃။ အတူတကွ အောင်မြင်မှုများကို ရယူဆွတ်ခူးကြမည်။

အသင်းအဖွဲ့တစ်ခုအနေနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ပါက အရာအားလုံးကို ကျော်ဖြတ်အနိုင်ယူပါ။ အတားအဆီးများကို အလွယ်တကူကျော်ဖြတ်ကာ ပရူဒန်ရှယ်အာမခံရှိ နယ်ပယ်အသီးသီးမှ လုပ်ဖော်ကိုင်ဖက်များအားလုံး အတူတကွ ပူးပေါင်းလုပ်ဆောင်လျက်ရှိပါသည်။

၄။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားပြီး ဂရုပြုအလေးထားမည်။

မိမိကို ပြောဆိုဆက်ဆံလိုသည့်ပုံစံအတိုင်း သူတစ်ပါးကို ကိုယ်ချင်းစာတရားရှေ့ထားပြီး ပြောဆိုဆက်သွယ်ပါ။ မတူကွဲပြားမှုသဘောတရားကို သိရှိနားလည်ကာ လူတိုင်းအတွက် မိမိ၏ ပုံစံအစစ်အမှန်ကို ချပြနိုင်သည့် လုံခြုံစိတ်ချရသော လုပ်ငန်းခွင်ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်အောင် ဖန်တီးထားသည်။

၅။ ချမှတ်ထားသော ကတိကဝတ်စံနှုန်းများနှင့်အညီ ဆောင်ရွက်သွားပါမည်။

တာဝန်ယူမှုအပြည့်ရှိသော ဆုံးဖြတ်ချက်များကို ချမှတ်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လူဂ္ဂိုလ်များအပေါ် ပရူဒန်ရှယ်၏လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ တာဝန်ယူသွားမည်ဖြစ်ပါသည်။ ချမှတ်ထားသော ကတိကဝတ်များကို ရိုးသားဖြောင့်မတ်စွာ အကောင်းမွန်ဆုံး လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

ချိတ်ဆက်၊ တိုးတက်၊ အောင်မြင်

ပရူဒန်ရှယ်အာမခံကို သင့်အတွက် ချိတ်ဆက်၊ တိုးတက်၊ အောင်မြင်နိုင်တဲ့ နေရာတစ်ခုလို့ ယုံကြည်ပေးတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ရင်းကျေးဇူးအထူးတင်ရှိပါတယ်။