မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု
Prudential Corporation Asia လက်အောက်က အပိုင်လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Prudential Myanmar Life Insurance Limited နဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံးပုဂ္ဂလိကဘဏ်တွေထဲက တစ်ခုဖြစ်တဲ့ ရိုးမဘဏ်တို့ဟာ အသက်အာမခံ ဝန်ဆောင်မှုတွေကို အတူတကွ ပံ့ပိုးပေးနိုင်ဖို့ လက်တွဲဆောင်ရွက်ခဲ့တာဖြစ်ပြီး သင့်ရဲ့ ငွေရေးကြေးရေး နဲ့သက်ဆိုင်တဲ့ အနာဂတ် မျှော်မှန်းချက်တွေ၊ ရှေရှည် အာမခံ အကာအကွယ်စောင့်ရှောက်မှု လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကူညီပေးနေပါတယ်။
အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကြိုတင်မခန့်မှန်းနိုင်ပါဘူး။ ဒါပေမယ့် လူကြီးမင်း ချစ်ခင်မြတ်နိုးရသူတွေကို အစွမ်းကုန် ကာကွယ်ပေးထားနိုင်မယ့် အစီအစဉ်တစ်ခုကိုတော့ ရွေးချယ်ပြီး အနာဂတ်အတွက် အပူအပင်ကင်းကင်းနဲ့ စိတ်ချထားနိုင်ပါတယ်။