ပရူဒန်ရှယ်အာမခံကတော့
Prudential Corporation Asia လက်အောက်မှာရှိပြီး မြန်မာနိုင်ငံမှာ တစ်ဦးပိုင်အဖြစ် လုပ်ကိုင်နေတဲ့ အသက်အာမခံကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ပရူဒန်ရှယ်အာမခံဟာ ၂၀၁၉ ခုနစ် နိုဝင်ဘာလမှာ မြန်မာနိုင်ငံ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာ (MoPF) က ပေးအပ်တဲ့ အသက်အာမခံလုပ်ငန်း ဆောင်ရွက်ခွင့်လိုင်စင်ရရှိခဲ့ပြီး မြန်မာနိုင်ငံပြည်သူတွေအတွက် ရေရှည် ယုံကြည်စိတ်ချရတဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့ လိုအပ်ချိန်မှာ အထောက်အပံ့ဖြစ်စေမယ့် စုဆောင်းငွေတွေ ရရှိစေမယ့် အသက် အာမခံ ပေါ်လစီ ထုတ်ကုန်တွေနဲ့ ငွေကြေးအကာအကွယ်တွေကို ပေးလျက်ရှိနေပါတယ်။
ပရူဒန်ရှယ်အာမခံအနေနဲ့ မြန်မာနိုင်ငံမှာ အသက်အာမခံဗဟုသုတတွေ တိုးတက်ပျံ့နှံ့လာစေဖို့နဲ့ မြန်မာပြည်သူတွေအားလုံးရရှိစေနိုင်မယ့် ငွေကြေးအကာအကွယ်တစ်ခုကို ဖော်ဆောင်ပေးနိုင်ဖို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အလေးထား ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပရူဒန်ရှယ်အာမခံရဲ့ နည်းပညာဦးစားပေးစနစ်နဲ့အာမခံဝန်ဆောင်မှုတွေကို ရိုးရှင်းလွယ်ကူပြီး အဆင်ပြေချောမွေ့စွာ ရယူနိုင်မယ့်အပြင် မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ ပြည်သူတွေဆီကို ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ရောက်ရှိနိုင်စေဖို့ ကတိကဝတ်ပြုထားပါတယ်။
Prudential ဆိုတဲ့ အမှတ်တံဆိပ်တစ်ခုအနေနဲ့ customers တွေရဲ့ အိပ်မက်နဲ့ မျှော်လင့်ချက်တွေကို အလေးထား နားလည်ပေးပြီး အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ဖို့ အဓိကရည်ရွယ်ထားပါတယ်။ ဈေးကွက်မှာ ထိပ်တန်းဝန်ဆောင်မှု ပေးအပ်နိုင်တဲ့ ကုမ္ပဏီတစ်ခုအဖြစ် မြန်မာနိုင်ငံ ပြည်သူ၊ ပြည်သား အားလုံးအတွက် ငွေရေးကြေးရေးအစောင့်အရှောက်တွေနဲ့ ရှေရှည်စိတ်အေးချမ်းသာမှုရရှိစေမယ့် အကာအကွယ်တွေ၊ ငွေကြေး စုဆောင်းမှုတွေ ပေးအပ်လျက် ရှိပါတယ်။
ရည်ရွယ်ချက်
လူတိုင်းရဲ့ ဘဝနဲ့ အနာဂတ်တိုင်းအတွက်
ရည်မှန်းချက်
ပရူဒန်ရှယ်အာမခံအနေနဲ့ ယနေ့ခေတ်မျိုးဆက်များအပြင် နောက်လာမယ့်မျိုးဆက်သစ်များအတွက် ရိုးရှင်းပြီး လက်လှမ်းမီနိုင်တဲ့ ငွေကြေးနဲ့ကျန်းမာရေးဆိုင်ရာဖြေရှင်းချက်များ ကူညီပံ့ပိုးပေးရင်း ယုံကြည်စိတ်အချရဆုံး လက်တွဲဖော်နဲ့ အကာအကွယ်ပေးနိုင်သူဖြစ်လာဖို့အတွက် ရည်မှန်းထားပါတယ်။
ကျွန်ုပ်တို့ရဲ့ တန်ဖိုးထားမှု (PRUWay)
၁။ Customer များသည် ပရူဒန်ရှယ်အာမခံရဲ့ ဦးတည်ကြိုးစားရာ ဖြစ်ပါသည်။ | ပရူဒန်ရှယ်အာမခံက Customer များကို နားလည်သဘောပေါက်ရန်အတွက် အစဉ်အမြဲကြိုးပမ်းလျက်ရှိပါသည်။ Customer များ၏ လိုအပ်ချက်များကို သိရှိနားလည်ပြီး ကြုံတွေ့နေရသော အခက်အခဲများကို စာနာမှုအပြည့်ဖြင့် အရှိန်အဟုန်မြှင့်ကာ ပရူဒန်ရှယ်အာမခံက ဖြေရှင်းဆောင်ရွက်လျက်ရှိပါသည်။ |
၂။ ပရူဒန်ရှယ်အာမခံသည် အစဉ်အမြဲ စွန့်ဦးတီထွင်မှုများကို ပြုလုပ်လျက်ရှိပါသည်။ | စိတ်ကူးစိတ်သန်းအသစ်များကို ဖြန့်ကျက်ထားပြီး အလားအလာကောင်းများရှိနိုင်သည့် စွန့်ဦးတီထွင်မှုများကို အစဉ်အမြဲဖန်တီးလျက်ရှိသည်။ ကျရှုံးမှုများနှင့်ပတ်သက်ပြီး စိတ်ဓာတ်ကျခြင်းမရှိဘဲ ကြံ့ကြံ့ခံရင်ဆိုင်ကာ အတွေးအမြင်သစ်၊ ခွန်အားသစ်များဖြင့် ရှေ့သို့ ဆက်လက်ချီတက်လျက်ရှိပါသည်။ |
၃။ အတူတကွ အောင်မြင်မှုများကို ရယူဆွတ်ခူးကြမည်။ | အသင်းအဖွဲ့တစ်ခုအနေနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ပါက အရာအားလုံးကို ကျော်ဖြတ်အနိုင်ယူပါ။ အတားအဆီးများကို အလွယ်တကူကျော်ဖြတ်ကာ ပရူဒန်ရှယ်အာမခံရှိ နယ်ပယ်အသီးသီးမှ လုပ်ဖော်ကိုင်ဖက်များအားလုံး အတူတကွ ပူးပေါင်းလုပ်ဆောင်လျက်ရှိပါသည်။ |
၄။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားပြီး ဂရုပြုအလေးထားမည်။ | မိမိကို ပြောဆိုဆက်ဆံလိုသည့်ပုံစံအတိုင်း သူတစ်ပါးကို ကိုယ်ချင်းစာတရားရှေ့ထားပြီး ပြောဆိုဆက်သွယ်ပါ။ မတူကွဲပြားမှုသဘောတရားကို သိရှိနားလည်ကာ လူတိုင်းအတွက် မိမိ၏ ပုံစံအစစ်အမှန်ကို ချပြနိုင်သည့် လုံခြုံစိတ်ချရသော လုပ်ငန်းခွင်ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်အောင် ဖန်တီးထားသည်။ |
၅။ ချမှတ်ထားသော ကတိကဝတ်စံနှုန်းများနှင့်အညီ ဆောင်ရွက်သွားပါမည်။ | တာဝန်ယူမှုအပြည့်ရှိသော ဆုံးဖြတ်ချက်များကို ချမှတ်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လူဂ္ဂိုလ်များအပေါ် ပရူဒန်ရှယ်၏လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ တာဝန်ယူသွားမည်ဖြစ်ပါသည်။ ချမှတ်ထားသော ကတိကဝတ်များကို ရိုးသားဖြောင့်မတ်စွာ အကောင်းမွန်ဆုံး လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ |
Prudential plc ၏ ဌာနခွဲ
Prudential plc သည် အာရှနှင့် အာဖရိကတစ်လွှားရှိ ဈေးကွက်ပေါင်း ၂၄ ခုတွင် အသက်အာမခံ၊ ကျန်းမာရေးအာမခံနှင့် ပိုင်ဆိုင်မှုစီမံခန့်ခွဲမှု ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုများကို သင့်တင့်သောစျေးနှုန်းဖြင့် လွယ်ကူစွာ ရရှိနိုင်စေရန်နှင့် လူတိုင်းလက်လှမ်းမီသော ဘဏ္ဍာရေးစနစ်ဖြစ်လာစေရန် ဆောင်ရွက်ပေးခြင်းဖြင့် လူတွေရဲ့ ဘဝကို အကောင်းဆုံး ဖြတ်သန်းနိုင်စေရန် ဤလုပ်ငန်းက ကူညီပေးနေပါတယ်။