အသက်အာမခံအကြံပေးအနေဖြင့် ရရှိနိုင်သော အကျိုးခံစားခွင့်များ
- ခိုင်မာတဲ့အသက်မွေးဝမ်းကျောင်းတစ်ခုအဖြစ် ရပ်တည်နိုင်ခြင်း။
- အချိန်နေရာမရွေး လုပ်ကိုင်နိုင်ခြင်း။
- သင်ကြိုးစားသလောက် အကျိုးခံစားခွင့်များ ရရှိနိုင်ခြင်း။
- ခိုင်မာသေချာတဲ့ ဝင်ငွေရှာဖွေနိုင်ခြင်း။
- အခြားသူရဲ့ အနာဂတ်ငွေကြေးစီမံမှုတွေကို ကူညီဆောင်ရွက်ပေးနိုင်ခြင်း။
- ကျွမ်းကျင်တဲ့ အာမခံအကြံပေးတစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့လမ်းညွှန်မှုနဲ့ အထောက်အပံ့များ ရရှိနိုင်ခြင်း။
ထူးချွန်တဲ့ အသက်အာမခံအကြံပေးများရဲ့ အောင်မြင်မှုများ
မစန္ဒီအောင်က အာမခံအကြံပေးတစ်ယောက်အနေနဲ့ Covid 19 ကာလမှာ အသက်အာမခံနယ်ပယ်ထဲ ရောက်ရှိလာခဲ့ပြီး သူတွေ့ကြုံခဲ့ရပုံတွေ သူဘယ်လိုကြိုးစားခဲ့ပြီး ဘယ်လိုအောင်မြင်လာခဲ့လဲဆိုတာတွေကို ဗီဒီယိုထဲမှာ ကြည့်လိုက်ရအောင်။
အိမ်ထောင်ရှင်မေမေတစ်ယောက်ဖြစ်ပြီး ပရူဒန်ရှယ်အာမခံရဲ့ အသက်အာမခံအကြံပေးအဖြစ်ပါ လုပ်ကိုင်နေတဲ့ မချိုနွယ်ဝင်းက သူမရဲ့အတွေ့အကြုံတွေကို မျှဝေပေးထားပါတယ်။
Sales Background က မဟုတ်ပေမယ့် လက်ရှိအသက်အာမခံအကြံပေးအနေနဲ့ ပြည်မြို့မှာ လုပ်ကိုင်နေတဲ့ မမေဘရဏီရဲ့ အတွေ့အကြုံတွေနဲ့ အချိန်တိုအတွင်း အသက်အာမခံအကြံပေးအဖြစ် အောင်မြင်အောင် ဘယ်လိုလုပ်ဆောင်နေလဲဆိုတာတွေကို ဗီဒီယိုထဲမှာ မျှဝေထားပါတယ်။
ပရူဒန်ရှယ်အာမခံမှာ အသက်အာမခံအကြံပေးအဖြစ် စတင်လုပ်ကိုင်ခဲ့တဲ့ ကိုဝေယံမြင့်က သူ့ရဲ့ အသက်အာမခံအကြံပေးအဖြစ် အတွေ့အကြုံတွေနဲ့ ရှေ့ဆက် အောင်မြင်မှုဆီ လျှောက်လှမ်းမယ့် ခရီးလမ်းအကြောင်းကို ဗီဒီယိုလေးထဲမှာ မျှဝေပေးထားပါတယ်။