စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ခြင်း သင့်အတွက် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်တဲ့အခါ ငွေရေးကြေးရေး အကာအကွယ် အကျိုးခံစားခွင့်ရရှိနိုင်တဲ့အပြင် သေဆုံးသွားခဲ့ရင်တောင် သင့်ရဲ့မိသားစုတွေကိုပါ ငွေရေးကြေးရေး အကာအကွယ်ပေးထားပြီးသား ဖြစ်မှာပါ။
စုဆောင်းငွေများကို ကာကွယ်နိုင်ခြင်း ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကုန်ကျစရိတ်တွေ မြင့်တက်နေချိန်များ သင့်မမျှော်လင့်ထားတဲ့ ကျန်းမာရေး ကုန်ကျစရိတ်တွေအတွက် ကြိုတင်ပြင်ဆင်မှုမရှိခဲ့ရင် ဆေးကုသစရိတ်အတွက် ငွေကြေးကျပ်တည်းမှုနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ကျန်းမာရေးအာမခံက သင်နာမကျန်း၊ ထိခိုက်ဒဏ်ရာရတဲ့အခါ လိုအပ်တဲ့ အသုံးစရိတ်အတွက် ရန်ပုံငွေတစ်ခု ပြင်ဆင်ထားပြီးသား ဖြစ်စေပါတယ်။
ဆေးကုသကုန်ကျစရိတ်တွေအစား ကျန်းမာလာဖို့ကိုပဲ အာရုံစိုက်ထားနိုင်ခြင်း အလွယ်တကူ ရယူအသုံးပြုနိုင်ပြီး နစ်နာကြေး အကျိုးခံစားခွင့် လျှောက်ထားတဲ့လုပ်ငန်းစဥ်ကလည်း လွယ်ကူမြန်ဆန်ပါတယ်။ ပရူဒန်ရှယ်အာမခံနဲ့ ချိတ်ဆက်ထားတဲ့ ဆေးခန်းတွေထဲကတစ်ခုမှာ ကုသမှုခံယူမယ်ဆိုရင် သင့်ရဲ့ဆေးကုသစရိတ်တွေကို သင့်ဘက်ကနေကြိုပြီး ပေးချေထားဖို့မလိုပါဘူး။