Personal
Disability
Should you become unable to work, a cash payout can provide you with income and keep you afloat
Health
From diagnosis to recovery may involve tests, scans, therapy, rehabilitation. The cost is huge
View all results
ပရူဒန်ရှယ်အာမခံ အကြောင်းတစေ့တစောင်း
Prudential ဟာ ငွေရေးကြေးရေး ဖြေရှင်းချက်တွေ ပေးအပ်ပြီး မြန်မာပြည်သူလူထုအတွေက် သူတို့ရဲ့ နှစ်ရှည် ငွေကြေးစီမံကိန်းတွေနဲ့ အနာဂတ်အတွက် ဘဝအာမခံချက်ရရှိစေတဲ့ ကာကွယ်မှုတွေနဲ့ ငွေကြေးဆိုင်ရာ စုဆောင်းမှုတွေကို လုပ်ဆောင်နိုင်အောင် ဝန်ဆောင်မှုပေးလျက်ရှိတဲ့ ဒစ်ဂျစ်တယ်နည်းပညာကို အခြေပြုတဲ့ အာမခံကုမ္ပဏီ တစ်ခုဖြစ်ပါတယ်။
Prudential Corporation Asia လက်အောက်မှာရှိပြီး မြန်မာနိုင်ငံမှာ တစ်ဦးပိုင်အဖြစ် လုပ်ကိုင်နေတဲ့ အသက်အာမခံကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ပရူဒန်ရှယ်အာမခံဟာ ၂၀၁၉ ခုနစ် နိုဝင်ဘာလမှာ မြန်မာနိုင်ငံ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာ (MoPF) က ပေးအပ်တဲ့ အသက်အာမခံလုပ်ငန်း ဆောင်ရွက်ခွင့်လိုင်စင်ရရှိခဲ့ပြီး မြန်မာနိုင်ငံပြည်သူတွေအတွက် ရေရှည် ယုံကြည်စိတ်ချရတဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့ လိုအပ်ချိန်မှာ အထောက်အပံ့ဖြစ်စေမယ့် စုဆောင်းငွေတွေ ပိုမို တိုးပွားလာစေမယ့် အသက် အာမခံ ပေါ်လစီ ထုတ်ကုန်တွေနဲ့ ငွေကြေးဖြေရှင်းချက်တွေကို ဝန်ဆောင်မှု ပေးလျက်ရှိနေပါတယ်။
ပရူဒန်ရှယ်အာမခံအနေနဲ့ မြန်မာနိုင်ငံမှာ အသက်အာမခံ လုပ်ငန်းကဏ္ဍ တိုးတက်ပျံ့နှံ့လာစေဖို့နဲ့ ပြည်သူ အားလုံးပါဝင် အသုံးပြုနိုင်တဲ့ ဘဏ္ဍာရေးစနစ်ကို တိုးမြှင့်ဖော်ဆောင်ပေးနိုင်ဖို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အလေးထား ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပရူဒန်ရှယ်အာမခံရဲ့ နည်းပညာဦးစားပေးချဉ်းကပ်မှုနဲ့ အာမခံဝန်ဆောင်မှုတွေကို ရိုးရှင်းလွယ်ကူပြီး အဆင်ပြေချောမွေ့စွာ ရယူနိုင်မယ့်အပြင် မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ ပြည်သူတွေဆီကို ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ရောက်ရှိနိုင်စေဖို့ ကတိကဝတ်ပြုထားပါတယ်။
Prudential has been serving the people of Hong Kong since 1964. Through Prudential Hong Kong Limited and Prudential General Insurance Hong Kong Limited, we provide a range of financial planning services and products including individual life insurance.
Prudential ဆိုတဲ့ အမှတ်တံဆိပ်တစ်ခုအနေနဲ့ customers တွေရဲ့ အိပ်မက်နဲ့ မျှော်လင့်ချက်တွေကို အလေးထား နားလည်ပေးပြီး အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ဖို့ အဓိကရည်ရွယ်ထားပါတယ်။ ကျွန်ူပ်တို့ရဲ့ ဈေးကွက်ထိပ်တန်း ဝန်ဆောင်မှု ပေးအပ်နိုင်တဲ့ ပလက်ဖောင်းကနေတစ်ဆင့် မြန်မာနိုင်ငံ ပြည်သူ၊ ပြည်သား အားလုံးအတွက် ငွေရေးကြေးရေး စိတ်ချယုံကြည်နိုင်မှုနဲ့ ရှေရှည် အကျိုးဖြစ်ထွန်းစေမယ့် ခံစားခွင့်တွေ ပေးအပ်နိုင်မယ့် အကာအကွယ်တွေ၊ ငွေကြေး စုဆောင်းမှုတွေ ပေးအပ်လျက် ရှိပါတယ်။
လူတိုင်းရဲ့ ဘ၀နဲ့ အနာဂတ်တိုင်းအတွက်
ပရူဒန်ရှယ်အာမခံအနေနဲ့ ယနေ့ခေတ်မျိုးဆက်များအပြင် နောက်လာမယ့်မျိုးဆက်သစ်များအတွက် ရိုးရှင်းပြီး လက်လှမ်းမီနိုင်တဲ့ ငွေကြေးနဲ့ကျန်းမာရေးဆိုင်ရာဖြေရှင်းချက်များ ကူညီပံ့ပိုးပေးရင်း ယုံကြည်စိတ်အချရဆုံး လက်တွဲဖော်နဲ့ အကာအကွယ်ပေးနိုင်သူဖြစ်လာဖို့အတွက် ရည်မှန်းထားပါတယ်။
၁။ Customer များသည် ပရူဒန်ရှယ်အာမခံ၏ လမ်းပြများ ဖြစ်ပါသည်။
ပရူဒန်ရှယ်အာမခံက customer များကို နားလည်သဘောပေါက်ရန်အတွက် အစဉ်အမြဲကြိုးပမ်းလျက်ရှိပါသည်။ Customer များ၏ လိုအပ်ချက်များကို သိရှိနားလည်ပြီး ကြုံတွေ့နေရသော အခက်အခဲများကို စာနာမှုအပြည့်ဖြင့် အရှိန်အဟုန်မြှင့်ကာ ပရူဒန်ရှယ်အာမခံက ဖြေရှင်းဆောင်ရွက်လျက်ရှိပါသည်။
၂။ ပရူဒန်ရှယ်အာမခံသည် အစဉ်အမြဲ စွန့်ဦးတီထွင်မှုများကို ပြုလုပ်လျက်ရှိပါသည်။
စိတ်ကူးစိတ်သန်းအသစ်များကို ဖြန့်ကျက်ထားပြီး အလားအလာကောင်းများရှိနိုင်သည့် စွန့်ဦးတီထွင်မှုများကို အစဉ်အမြဲဖန်တီးလျက်ရှိသည်။ ကျရှုံးမှုများနှင့်ပတ်သက်ပြီး စိတ်ဓာတ်ကျခြင်းမရှိဘဲ ကြံ့ကြံ့ခံရင်ဆိုင်ကာ အတွေးအမြင်သစ်၊ ခွန်အားသစ်များဖြင့် ရှေ့သို့ ဆက်လက်ချီတက်လျက်ရှိပါသည်။
၃။ အတူတကွ အောင်မြင်မှုများကို ရယူဆွတ်ခူးကြမည်။
အသင်းအဖွဲ့တစ်ခုအနေနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ပါက အရာအားလုံးကို ကျော်ဖြတ်အနိုင်ယူပါ။ အတားအဆီးများကို အလွယ်တကူကျော်ဖြတ်ကာ ပရူဒန်ရှယ်အာမခံရှိ နယ်ပယ်အသီးသီးမှ လုပ်ဖော်ကိုင်ဖက်များအားလုံး အတူတကွ ပူးပေါင်းလုပ်ဆောင်လျက်ရှိပါသည်။
၄။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားပြီး ဂရုပြုအလေးထားမည်။
မိမိကို ပြောဆိုဆက်ဆံလိုသည့်ပုံစံအတိုင်း သူတစ်ပါးကို ကိုယ်ချင်းစာတရားရှေ့ထားပြီး ပြောဆိုဆက်သွယ်ပါ။ မတူကွဲပြားမှုသဘောတရားကို သိရှိနားလည်ကာ လူတိုင်းအတွက် မိမိ၏ ပုံစံအစစ်အမှန်ကို ချပြနိုင်သည့် လုံခြုံစိတ်ချရသော လုပ်ငန်းခွင်ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်အောင် ဖန်တီးထားသည်။
၅။ ချမှတ်ထားသော ကတိကဝတ်စံနှုန်းများနှင့်အညီ ဆောင်ရွက်သွားပါ။
တာဝန်ယူမှုအပြည့်ရှိသော ဆုံးဖြတ်ချက်များကို ချမှတ်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လူဂ္ဂိုလ်များအပေါ် ပရူဒန်ရှယ်၏လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ တာဝန်ယူသွားမည်ဖြစ်ပါသည်။ ချမှတ်ထားသော ကတိကဝတ်များကို ရိုးသားဖြောင့်မတ်စွာ အကောင်းမွန်ဆုံး လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
Prudential plc provides life and health insurance and asset management in 24 markets across Asia and Africa. The business helps people get the most out of life, by making healthcare affordable and accessible and by promoting financial inclusion.
Share your contact details and let our expert team guide you through the best options for your needs
We use cookies to give you a better experience on our website. By continuing to browse this site, you give consent for cookies to be used. Refer to our Privacy Policy for details.