သင့်ပေါ်လစီမှာ ဆက်ခံသူအမည်စာရင်း ပြင်ဆင်ပြောင်းလဲလိုပါက အောက်ပါ အဆင့်တွေအတိုင်း လုပ်ဆောင်နိုင်ပါတယ်။
(၁) ဝန်ဆောင်မှု တောင်းခံလွှာ ပုံစံကို မှန်ကန်စွာ ရွေးချယ်ပြီး ပေးထားတဲ့ နေရာအားလုံးကို တိတိကျကျ ဖြည့်စွက်ပါ။
(၂) လိုအပ်တဲ့ နေရာတွေမှာ တရားဝင် လက်မှတ်တွေ ထည့်ပေးပါ
(၃) လိုအပ်သော စာရွက်စာတမ်း အထောက်အထား အပြည့်အစုံကို ထည့်ပေးပါ
(၄) ဖြည့်စွက်ပြီးတဲ့ လျှောက်လွှာပုံစံတွေနဲ့အတူ လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထားတွေကို scan ဖတ်ပြီး သင့်ကိုယ်ပိုင် ပရူဒန်ရှယ်အာမခံရဲ့ အကြံပေးကတစ်ဆင့်ဖြစ်စေ၊ ကျွန်ုပ်တို့ရဲ့ Customer Service Centre ကိုဖြစ်စေ အီးမေးလ်ပေးပို့နိုင်ပါတယ်။ နောက်တစ်နည်းကတော့ “Customer Service & Operation Department” လို့ လိပ်မူပြီး ကျွန်ုပ်တို့ဆီ အီးမေးလ် ပေးပို့နိုင်ပါတယ်
သင်က ပေါ်လစီပိုင်ရှင်ဆိုရင် ပြောင်းလဲဆက်ခံသူ အမည်စာရင်းတစ်ခုကို ပယ်ဖျက်လိုက်တဲ့အခါ သင့်အနေနဲ့ ပေါ်လစီကို စီမံနိုင်တဲ့ အခွင့်အရေး အပြည့်အဝနဲ့ ဆက်လက် ပိုင်ဆိုင်နေဦးမှာ ဖြစ်ပါတယ်။ ဆိုလိုတာက ဆက်ခံသူတွေ၊ ဒါမှမဟုတ် အာမခံကြေးအတွက် အကျိုးခံစားခွင့် ရထားတဲ့သူတွေရဲ့ ခွင့်ပြုချက် မလိုဘဲ သင့်အာမခံ ပေါ်လစီရဲ့ ဆက်ခံသူကို အချိန်မရွေး ပြင်ဆင်၊ ပယ်ဖျက်နိုင်ပါတယ်။ ပေါ်လစီနဲ့ သက်ဆိုင်တဲ့ အခွင့်အရေးတွေ အားလုံးကို အမည်စာရင်း ထည့်သွင်းလိုက်တဲ့ ဆက်ခံသူက စည်းမျဉ်း၊ စည်းကမ်းတွေအရ ထိန်းချုပ်နိုင်မှာပါ
အိမ်ထောင်ဘက်၊ မိဘ၊ သားသမီးနဲ့ အဖိုးအဖွား စတဲ့ အာမခံအကျိုးခံစားခွင့် ရရှိထားတဲ့ အုပ်စုထဲက မိသားစုဝင်တစ်ဦးဦးကို ဆက်ခံသူအဖြစ် အမည်စာရင်း တင်သွင်းတဲ့အခါ အောက်ပါ စာရွက်စာတမ်းတွေ လိုအပ်ပါတယ်။
- ဆက်ခံသူ/အကျိုးခံစားခွင့်ရသူ ပြောင်းလဲကြောင်း လိုအပ်တဲ့အချက်အလက်တွေ ဖြည့်စွက်ပြီး လက်မှတ်ထိုးထားတဲ့ လျှောက်လွှာတစ်စောင်
- မှတ်ပုံတင်မိတ္ထူ / သက်သေခံကတ်ပြားအဖြစ် နိုင်ငံကူးလက်မှတ် မိတ္ထူတစ်စုံ (မဖြစ်မနေ)
- မွေးစာရင်းထောက်ခံစာ မိတ္ထူတစ်စောင် (အခြေအနေအရ)
- အိမ်ထောင်စုစာရင်းမိတ္ထူ (အခြေအနေအရ)
သတ်မှတ်ထားတဲ့ အကျိုးခံစားခွင့်ရှိသူဟာ အသက် (၁၈)နှစ်အောက်ဆိုရင် မိဘ၊ အဖိုးအဖွားတွေ ဒါမှမဟုတ် တာဝန်ယူထားတဲ့ မိသားစုဝင်ဖြစ်စေ၊ ယုံကြည်စွာ အပ်နှံထားသူဖြစ်စေ တစ်ဦးဦးကို ရွေးချယ်ပြီး ပေါ်လစီထိန်းသိမ်းသူ/တာဝန်ရှိသူ အဖြစ် ထားရှိဖို့ လိုအပ်ပါတယ်။
တာဝန်ယူထားတဲ့ မိသားစုဝင်ကိုယ်စား အခြားဆွေမျိုးသားချင်း ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုက ဆက်ခံဖို့ ရွေးချယ်ခံရတယ်ဆိုရင် ပြန်လည် သုံးသပ်ဖို့ လိုအပ်ပါတယ်။
- ဆက်ခံသူ/အကျိုးခံစားခွင့်ရသူ ပြောင်းလဲကြောင်း လိုအပ်တဲ့အချက်အလက်တွေ ဖြည့်စွက်ပြီး လက်မှတ်ထိုးထားတဲ့ လျှောက်လွှာတစ်စောင်
- အိမ်ထောင်စုစာရင်းမိတ္ထူ (အခြေအနေအရ)
- အာမခံအကျိုးခံစားခွင့်နဲ့ ဆက်စပ်မှု တစ်စုံတရာမရှိဘဲ ရွေးချယ်ခံရတဲ့ အကျိုးခံစားခွင့်ရှိသူတွေကို ဘာကြောင့် အခုလို ပြောင်းလဲပေးအပ်ရတယ်ဆိုတဲ့အကြောင်း ရှင်းလင်းတင်ပြထားတဲ့ စာတစ်စောင် လိုအပ်ပါတယ်