သင့်ရဲ့ ပရီမီယံကြေး ပေးချေမှုကို နှစ်သက်ရာ မိုဘိုင်း သို့မဟုတ် အင်တာနက် ဘဏ်ဝန်ဆောင်မှုမှတစ်ဆင့် ငွေပေးချေ နိုင်ပါတယ်။
CB ဘဏ်မှတစ်ဆင့် ငွေပေးချေလိုပါက အောက်ဖော်ပြပါ ရိုးရှင်းလွယ်ကူတဲ့ အဆင့်တွေအတိုင်း လုပ်ဆောင်နိုင်ပါတယ်။
အဆင့် (၁) - CB ဘဏ် အက်ပလီကေးရှင်းကို Login ဝင်ရောက်ပါ။
အဆင့်(၂) - “Pay Bill” နေရာကို ရွေးချယ်ပါ။
အဆင့်(၃) - ဘေလ်အမျိုးအစားနေရာမှာ “Insurance Payment” ကို ရွေးချယ်ပါ။
အဆင့်(၄) - ငွေပေးချေရမယ့်သူအဖြစ် “PRUDENTIAL MYANMAR LIFE INSURANCE” ကို ရွေးပါ။
အဆင့်(၅) - “Pay Bill” ကို နှိပ်ပါ။
အဆင့် (၆) - အောက်ပါအချက်အလက်တွေကို ဖြည့်စွက်ပြီး “Next” ကို နှိပ်ပါ။
ပေါ်လစီ ရယူထားသူအမည်
အဆိုပြုအမှတ်
ငွေပမာဏ
အဆင့်(၇) - ငွေပေးချေမှုကို အတည်ပြုပါ။
ပြီးရင်တော့ သင်ရယူထားတဲ့ အစီအစဉ်ရဲ့ အကျိုးခံစားခွင့်တွေကို စတင် ရယူခံစားနိုင်ပါပြီ။
ဧရာဝတီဘဏ်မှတစ်ဆင့် ငွေပေးချေလိုပါက အောက်ဖော်ပြပါ ရိုးရှင်းလွယ်ကူတဲ့ အဆင့်တွေအတိုင်း လုပ်ဆောင်နိုင်ပါတယ်။
အဆင့် (၁) - ဧရာဝတီဘဏ် အက်ပလီကေးရှင်းကို Login ဝင်ရောက်ပါ။
အဆင့် (၂) - “Bill Payment” နေရာကို ရွေးချယ်ပါ။
အဆင့်(၃) - ပြီးရင် “PRUDENTIAL MYANMAR LIFE INSURANCE” ကို ရွေးပါ။
အဆင့်(၄) - ဝန်ဆောင်မှုနေရာမှာ “Bill Payment” ကို ရွေးချယ်ပါ။
အဆင့်(၅) - “Pay Bill” ကို နှိပ်ပါ။
အဆင့် (၆) - အောက်ပါအချက်အလက်တွေကို ဖြည့်စွက်ပြီး “Next arrow” ကို နှိပ်ပါ။
ပေါ်လစီ ရယူထားသူအမည်
အဆိုပြုအမှတ်
ငွေပမာဏ
အဆင့်(၇) - ငွေပေးချေမှုကို အတည်ပြုပါ။
ပြီးရင်တော့ သင်ရယူထားတဲ့ အစီအစဉ်ရဲ့ အကျိုးခံစားခွင့်တွေကို စတင် ရယူခံစားနိုင်ပါပြီ။
Yoma Next App မှတစ်ဆင့် ငွေပေးချေလိုပါက ငွေပေးချေလိုပါက အောက်ဖော်ပြပါ ရိုးရှင်းလွယ်ကူတဲ့ အဆင့်တွေအတိုင်း လုပ်ဆောင်နိုင်ပါတယ်။
ဒီဗီဒီယိုမှာ ရိုးရှင်းလွယ်ကူတဲ့ အဆင့်တွေအတိုင်း လုပ်ဆောင်နိုင်ပါတယ်။
အဆင့် (၁) - Bill Payments ကိုနှိပ်ပါ။
အဆင့် (၂) - Insurance & Health ကိုနှိပ်ပါ။
အဆင့် (၃) - Prudential Myanmar Life Insurance ကိုနှိပ်ပါ။
အဆင့် (၄) - Policy/Application Number ရိုက်ထည့်ပြီး Next ကို နှိပ်ပါ။
အဆင့် (၅) - မိမိပေါ်လစီနံပါတ်အတိုင်း အချက်အလက်အပြည့်အစုံပေါ်လာပါမည်။ မိမိရဲ့အချက်အလက်များနဲ့ ပေးသွင်းရမည့် အာမခံပေးသွင်းငွေများကို စစ်ဆေးပြီး 'Confirm' ကိုနှိပ်ပါ။
အဆင့် (၆) - Yoma Next App Pin နံပါတ် ရိုက်ထည့်ပါ။
အဆင့် (၇) - အာမခံငွေပေးသွင်းမှုအောင်မြင်သွားပါပြီ။