အာမခံနစ်နာကြေး (Claim) ဘယ်လိုတင်ရမလဲ။

Digital Claim Process နဲ့ အာမခံအကျိုးခံစားခွင့်တွေ ရယူနိုင်ဖို့ နည်းလမ်းအဆင့်ဆင့်ကို ကြည့်ပါ။

  • stepper icon

    အဆင့် (၁)။ ။ပထမဆုံး ‘New Claim’ ကို နှိပ်ပြီး ‘Proceed’ လုပ်ပါ။

  • stepper icon

    အဆင့် (၂)။ ။‘Claim Info’ တွင် အချက်အလက်များဖြည့်ပြီး ‘NEXT’ ကို နှိပ်ပါ။

  • stepper icon

    အဆင့် (၃)။ ။‘Claim Documents’ တွင် လိုအပ်သော စာရွက်စာတမ်းဖိုင်များအားထည့်ပြီး ‘NEXT’ ကို ရွေးပါ။

  • stepper icon

    အဆင့် (၄)။ ။‘Other Documents’ တွင်လည်း အခြားလိုအပ်သော စာရွက်စာတမ်းဖိုင်များအား ဆက်လက်ထည့်သွင်းနိုင်ပြီး ‘NEXT’ ကိုနှိပ်ကာ ဆက်သွားပါ။

  • stepper icon

    အဆင့် (၅)။ ။သင့်ရဲ့ အာမခံအကျိုးခံစားခွင့်ကို အွန်လိုင်းမှတစ်ဆင့် ကလစ်ခ် လုပ်ရုံနဲ့ အချိန်မရွေး၊ နေရာမရွေး လွယ်ကူ မြန်ဆန်စွာ ရယူလိုက်ပါ။

အောက်ဖော်ပြပါ အဆင့်များအတိုင်း အာမခံအကြံပေးများနှင့် ဆက်သွယ်နိုင်ပါသည်။

 

  • stepper icon

    အာမခံတောင်းခံလွှာပုံစံနှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများကို သင်၏ ငွေရေးကြေးရေး အကြံပေးပုဂ္ဂိုလ်ထံသို့ ပေးပို့ပါ။ ၎င်းတို့မှတစ်ဆင့် သင်၏ အာမခံတောင်းခံမှုများကို စီစဉ်ဆောင်ရွက်ပေးပါလိမ့်မည်။

     

ငွေသားမလိုဘဲ အာမခံနစ်နာကြေးတောင်းခံခြင်း Cashless Claim Process နဲ့ ရယူနိုင်ဖို့ နည်းလမ်းအဆင့်ဆင့်ကို ကြည့်ပါ။

  • stepper icon

    အဆင့် (၁)။ ။ ကျွန်ုပ်တို့၏ Customer Service Center ဖုန်းနံပါတ် (+၉၅) ၉၇၇ ၀၁၁ ၀၀၁၀ သို့ ဆက်သွယ်ပါ။

  • stepper icon

    အဆင့် (၂)။ ။ဆေးရုံတက်ရန်အတွက် ငွေပေးချေမှု အာမခံစာလွှာ (Guarantee Letter) တောင်းခံရန် ပြင်ဆင်ပါ။

ကျွန်ုပ်တို့ရဲ့ ကတိကဝတ်

ပရူဒန်ရှယ်ရဲ့ အာမခံပေါ်လစီဟာ ဘဝမှာ မျှော်လင့်မထားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သင်နဲ့ သင့်မိသားစုကို အကာအကွယ် ပေးနိုင်ဖို့ပါ။ စာနာနားလည်မှု၊ အလေးထား စောင့်ရှောက်မှုတွေနဲ့အတူ သင့်ရဲ့ အာမခံလျော်ကြေးငွေလျှောက်ထားမှုတွေကို အမြန်ဆုံး ဆောင်ရွက်ပေးပါတယ်။ ရိုးရှင်းလွယ်ကူစွာ လျော်ကြေးငွေတောင်းခံနိုင်အောင် ဆောင်ရွက်ထားပြီး အဓိက လိုအပ်တဲ့ အချက်အလက်တွေကိုသာ တင်ပြပေးဖို့ တောင်းခံပါတယ်။

အာမခံလျော်ကြေးငွေတောင်းခံနိုင်တဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကို သိရှိနိုင်ရန်


Digital Claim Process နဲ့ အာမခံအကျိုးခံစားခွင့်တွေ ရယူနိုင်ဖို့

၁) အာမခံပေါ်လစီအမှတ် (အာမခံပေါ်လစီ အထောက်အထား သို့မဟုတ် E-card မိတ္တူ)

(၂) လျှောက်ထားသူ အချက်အလက်

  1. အမည်အပြည့်အစုံ
  2. ဖုန်းနံပါတ်
  3. နေရပ်လိပ်စာ အပြည့်အစုံ

(၃) ဖြစ်ပွားခဲ့သည့် အခြေအနေအကြောင်း အသေးစိတ်ဖော်ပြချက် - စာ သို့မဟုတ် အီးမေးလ်ဖြင့်

(၄) လျှောက်ထားသူ၏ မှတ်ပုံတင်အား ရိုက်ကူးထားသည့် ဓာတ်ပုံ - မှတ်ပုံတင်အရှေ့ဘက်အား ရိုက်ကူးထားသည့် ဓာတ်ပုံ ပေးပို့လျှင် လုံလောက်ပါသည်

(၅) ဆေးစာ သို့မဟုတ် ဆရာဝန် ထောက်ခံစာ

(၆) ဘဏ်အကောင့် အချက်အလက် အသေးစိတ်

  1. အကောင့်ပိုင်ဆိုင်သူအမည်

  2. အကောင့်နံပါတ်

  3. ဘဏ်အမည်

  4. ဘဏ်ခွဲအမည်

  5. (သို့မဟုတ် e-wallet ဖြင့် ပေးချေရမည်ဆိုပါက)
    1. E-Wallet အမျိုးအစားအမည်
    2. ပိုင်ဆိုင်သူအမည်

(၇)ဆွေမျိုးတော်စပ်ပုံ သက်သေခံအထောက်အထား (သေဆုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းဆိုင်ရာ လျှောက်ထားမှုများအတွက်သာ)

  1. ရပ်ကွက်/ကျေးရွာလူကြီး ထောက်ခံချက် ပုံစံ (၁၀) သို့မဟုတ် သန်းခေါင်စာရင်း

(၈) ဖွား/သေ ပုံစံ (၂၀၃) (သေဆုံးမှုအတွက် လျှောက်ထားမှသာ)

(၉) ရဲစခန်း ထောက်ခံစာ (ရဲပါဝင်သည့် အခြေအနေအတွက်သာ)

(၁၀) အုပ်ထိန်းသူဖြစ်ကြောင်း သက်သေခံအထောက်အထား (အာမခံပေါ်လစီအား ဆက်ခံသူမှာ အရွယ်မရောက်သေးသူဖြစ်မှသာ သို့မဟုတ် ဆက်ခံသူတွင် တရားဝင် အုပ်ချုပ်သူတစ်ဦး ရှိမှသာ)

(၁၁) ပြေစာ သို့မဟုတ် ငွေလက်ခံရရှိကြောင်းဖြတ်ပိုင်း (ခွဲစိတ်မှုနှင့်ပတ်သက်သည့် နစ်နာကြေးလျှောက်ထားမှုများ အတွက်သာ)

 

 

Cashless Claim Process နဲ့ အာမခံအကျိုးခံစားခွင့်တွေ ရယူနိုင်ဖို့

အရေးပေါ် ဆေးရုံတက်ရန်အတွက်: Hotline ဖုန်းနံပါတ် ၀၉ ၇၇၀ ၁၁၀ ၀၁၀ သို့ ဆက်သွယ်ပါ။ ပုံမှန် (အရေးပေါ်မဟုတ်သော) ဆေးရုံတက်ရန်အတွက်: claims@prudential.com.mm သို့ အီးမေးလ် ပေးပို့ပါ။


ပေးပို့ရမည့် အချက်အလက်များ

(၁) အမည် (Name)

(၂) PRUHealth ပေါ်လစီ နံပါတ်

(၃) မှတ်ပုံတင် နံပါတ် သို့မဟုတ် ပတ်စပို့ နံပါတ် 

(၄) ဆက်သွယ်ရန် ဖုန်းနံပါတ်

(၅) ဆေးရုံတက်ရန် လျာထားသည့်ရက်စွဲ

(၆) ကုသပေးမည့် ဆရာဝန်အမည်

(၇) ရောဂါအမည် / ရောဂါရှာဖွေတွေ့ရှိချက်

(၈) ဆေးရုံတက်ရောက်ရမည့် ခန့်မှန်းခြေ ကြာမြင့်ချိန် (မဖြစ်မနေ မဟုတ်)

(၉) ဆက်သွယ်ရန် အီးမေးလ် (မဖြစ်မနေ မဟုတ်)

(၁၀) ကျန်းမာရေး အာမခံဌာန (မဖြစ်မနေ မဟုတ်)

(၁) တောင်းခံလွှာမှာ လိုအပ်တဲ့ အသေးစိတ်အချက်အလက်တွေကို တိတိကျကျ ဖြည့်စွက်ပါ။

(၂) ကျေးဇူးပြုပြီး သက်ဆိုင်ရာ စာရွက်စာတမ်း အထောက်အထားတွေ အားလုံးကို တင်ပြပါ။ ဒါမှ လက်ခံရရှိတဲ့ စာရွက်စာတမ်းတွေနဲ့အတူ တောင်းခံလွှာကို စစ်ဆေးပြီး လိုအပ်တဲ့ ဆေးကုသမှုဆိုင်ရာ မှတ်တမ်းမှတ်ရာတွေကို အကြံပြုပေးနိုင်မှာပါ။

(၃) လိုအပ်ပါက တင်သွင်းထားတဲ့ စာရွက်စာတမ်းတွေရဲ့ မူရင်းစာရွက်ကို ကြည့်ရှုဖို့ ကုမ္ပဏီဘက်က တောင်းခံနိုင်ပါတယ်။

(၄) အခြားသက်ဆိုင်ရာ စာရွက်စာတမ်းတွေနဲ့ အချက်အလက်တွေကိုလည်း ကုမ္ပဏီက တောင်းဆိုပိုင်ခွင့်ရှိပါတယ်။

 

Cashless Claim Process အတွက်

(၁) ပရူဒန်ရှယ်အာမခံသည် သင်ဝယ်ယူထားသော အာမခံယူနစ် (Unit) အပေါ် မူတည်၍ ရရှိနိုင်သည့် အမြင့်ဆုံး အကာအကွယ်ပေးမှု ပမာဏအထိ အာမခံပေးမည်ဖြစ်ပါသည်။

(၂) အာမခံပေးထားသော (Guarantee limit) ပမာဏထက် ပိုလျှံသော ကုန်ကျစရိတ်မှန်သမျှကို ဆေးရုံမှ မဆင်းမီ မိမိအစီအစဉ်ဖြင့် ဆေးရုံသို့ တိုက်ရိုက်ပေးချေရပါမည်။

(၃) PRUHealth ၏ အာမခံအကျိုးခံစားခွင့် မရရှိနိုင်သည့် အချက်များစာရင်း (Exclusion List) တွင် ပါဝင်နေသော အကြောင်းအရင်းများကြောင့် ဆေးရုံတက်ခြင်းနှင့် ဆေးကုသမှုခံယူခြင်းများအတွက် အာမခံမှ ကုန်ကျစရိတ် ကျခံပေးမည် မဟုတ်ပါ။

(၄) အကယ်၍ ဆေးရုံကုန်ကျစရိတ်သည် သင်ရရှိနိုင်သည့် အာမခံအကျိုးခံစားခွင့် ပမာဏထက် နည်းပါးနေပါက ပရူဒန်ရှယ်အာမခံမှ သင့်ထံ ပြန်လည်ဆက်သွယ်ပြီး သတ်မှတ်ချက်များနှင့်အညီ ငွေပြန်လည် ထုတ်ပေးမည် (Reimburse လုပ်ပေးမည်) ဖြစ်ပါသည်။

သင်တင်သွင်းထားတဲ့ တောင်းခံလွှာအခြေအနေကို အောက်ပါနည်းလမ်းတွေအတိုင်း စစ်ဆေးနိုင်ပါတယ်။

(၁) သင့်ကိုယ်ပိုင်ပရူဒန်ရှယ်အာမခံရဲ့ အကြံပေးကနေတစ်ဆင့်

(၂) ကျွန်ုပ်တို့ရဲ့ Customer Service ဌာန ဖုန်းကနေတစ်ဆင့်

(၃) Customer Service Centre ကို အီးမေးလ်ကနေတစ်ဆင့်

အမေးများသော အမေးအဖြေများ


အာမခံကြေး တောင်းခံလွှာကို လျှောက်ထားဖို့ဆိုရင် လိုအပ်တဲ့စာရွက်စာတမ်းတွေအတွက် သင့်ကိုယ်ပိုင် ပရူဒန်ရှယ်အာမခံရဲ့ အကြံပေးကနေ တစ်ဆင့်ဖြစ်စေ၊ Customer Service Centre ကိုဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်သလို လျှောက်လွှာပုံစံတွေ စုစည်းပေးထားတဲ့ နေရာမှာလည်း ဒေါင်းလုတ်ရယူနိုင်ပါတယ်။ တစ်ဖက်မှာလည်း သင့်ရဲ့ တောင်းခံလွှာကို စာရွက်စာတမ်း အထောက်အထား အပြည့်အစုံနဲ့တကွ နီးစပ်ရာ ရုံးခွဲမှာ လာရောက်တင်သွင်းလို့ပါတယ်။ 

ပေါ်လစီ လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်ဆောင်ပြီးတဲ့နောက်မှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေ အားလုံး လက်ခံရရှိပြီးတဲ့နေ့ကစပြီး ရုံးဖွင့်ရက် (၁၅) ရက်အတွင်း တောင်းခံလွှာကို ဆောင်ရွက်ပေးပါတယ်။

ဒါဆိုရင် အာမခံလျော်ကြေးငွေ တောင်းခံသူက သက်ဆိုင်ရာ ဒေသခံ အာဏာပိုင်ရုံး/မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကနေ အာမခံထားသူ သေဆုံးကြောင်း ထောက်ခံစာတစ်စောင် ရယူဖို့ လိုအပ်ပါတယ်။

လိုအပ်တဲ့ စာရွက်စာတမ်း မိတ္တူတွေကို တောင်းခံသူက သူ၊ သူမရဲ့ ကုန်ကျစရိတ်နဲ့ ထုတ်ယူဖို့ သက်ဆိုင်ရာ ရပ်ကွက်/မြို့နယ် အုပ်ချုပ်ရေးမှုးတွေထံမှာ တောင်းယူနိုင်ပါတယ်။

ဆက်ခံသူအမည်စာရင်း တင်သွင်းထားရင် အာမခံရယူထားတဲ့ ကွယ်လွန်သူရဲ့ ပိုင်ဆိုင်မှုထဲကို ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။

ဆက်ခံသူ အမည်စာရင်းထည့်ထားတဲ့သူ ကွယ်လွန်သွားလို့ ပယ်ဖျက်တာဆိုရင် ကွယ်လွန်သူရဲ့ ဝေစုကို ကျန်ခဲ့တဲ့သူတွေက အချိုးကျ ရရှိမှာ ဖြစ်ပါတယ်။ သေတမ်းစာ ထားခဲ့တယ်ဆိုရင်တော့ အဲ့ဒီ့ထဲကအတိုင်း ဆက်ခံသူအားလုံးကို အစားထိုးသွားမှာ ဖြစ်ပါတယ်။

အသက်အာမခံ၊ ကျန်းမာရေးအာမခံနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုလျှင်

ဆက်သွယ်နိုင်မည့် အချက်အလက်များကို ဖြည့်ပါ။ ပရူဒန်ရှယ်အာမခံအကြံပေးမှ သင်နှင့် သင့်တော်မည့်အာမခံအမျိုးအစားများကို အသေးစိတ်ရှင်းပြပေးပါမည်။

Family-at-the-beach