အကျိုးခံစားခွင့်များနှင့် လျှော့ဈေးနှုန်းထားများ
ဆိုင်ခွဲများ | ဆက်သွယ်ရန်ဖုန်းနံပါတ် | လိပ်စာ |
REAL FITNESS @ ရွှေတောင်ကြား | ၀၉ ၇၅၇ ၀၃၄ ၂၂၄၊ ၀၉ ၇၉၂ ၁၅၅ ၇၄၅ | အမှတ် (၂၀)၊ ပုလဲလမ်း၊ ရွှေတောင်ကြားရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ |
| REAL FITNESS @ မင်းဓမ္မ | ၀၉ ၇၅၇ ၀၃၄ ၂၂၄၊ ၀၉ ၇၉၂ ၁၅၅ ၇၄၅ | အမှတ် (၆၈)၊ တော်ဝင်လမ်း၊ (၉) မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ |
| REAL FITNESS EXPRESS @ HOTEL G YANGON | ၀၉ ၇၅၇ ၀၃၄ ၂၂၄၊ ၀၉ ၇၉၂ ၁၅၅ ၇၄၅ | Hotel G ရန်ကုန်၊ အမှတ် (၅)၊ အလံပြဘုရားလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ |
ပရူဒန်ရှယ်အာမခံပေါ်လစီကိုင်ဆောင်ထားသူများ (သို့မဟုတ်) customer များအတွက် လျှော့ဈေးနှုန်းထားများ
- (၂၀) ရာခိုင်နှုန်းအထိ
စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ
- Real Fitness Corporate Wellness Program (CWP) အစီအစဉ်အတွက် လျှောက်ထားသော အဖွဲ့ဝင်မန်ဘာများအားလုံးက ကုမ္ပဏီတစ်ခုထဲမှ ဖြစ်ရပါမယ်။ (စာရင်းပေးသွင်းတဲ့အခါ လျှောက်ထားသူအားလုံးက ကုမ္ပဏီတစ်ခုထဲက ဝန်ထမ်းများဖြစ်ကြောင်း ကုမ္ပဏီအမှတ်တံဆိပ်ပါတဲ့ ထောက်ခံစာပြသဖို့လိုအပ်ပါတယ်။)
- ကုမ္ပဏီတွေအနေနဲ့ ၎င်းတို့အဖွဲ့အတွက် ကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်ထားရမှာဖြစ်ပြီး (နောက်ပိုင်းမှာ ‘ကိုယ်စားလှယ်’ ဟု သုံးနှုန်းသွားပါမယ်) ၎င်းကိုယ်စားလှယ်က ငွေချေခြင်း၊ ဝယ်ယူခြင်း၊ မန်ဘာကတ် ပေးအပ်ခြင်း၊ မန်ဘာကတ်သက်တမ်းကုန်ဆုံးခြင်းနှင့် အသစ်ပြန်လည်လျှောက်ထားခြင်း စတဲ့ Real Fitness Corporate Wellness Program (CWP) နဲ့ သက်ဆိုင်တဲ့ ကိစ္စအဝဝတို့အတွက် Real Fitness ရဲ့ တာဝန်ရှိကိုယ်စားလှယ်နဲ့ တိုက်ရိုက် ဆက်သွယ်လုပ်ဆောင်ရမှာဖြစ်ပါတယ်။
- အောက်ဖော်ပြပါ အခြေအနေတွေမှာ အဖွဲ့ဝင်မန်ဘာဖြစ်ခြင်းကို လွှဲပြောင်း၍ရသော်လည်း ပြန်အမ်းငွေ မရရှိနိုင်ပါဘူး -
- ကုမ္ပဏီဝန်ထမ်းက ကုမ္ပဏီမှ ထုတ်ပယ်ခံရခြင်း၊ အလုပ်ထွက်သွားခြင်း (သို့မဟုတ်) နေထိုင်ရာနေရာ ရွှေ့ပြောင်းသွားခြင်း (သို့မဟုတ်) ဆရာဝန်က ၎င်းကို ကာယလေ့ကျင့်ခန်းများ ပြုလုပ်ရန်မသင့်ကြောင်း ဆရာဝန်ထောက်ခံစာပြနိုင်သည့် အပြင်းအထန်နာမကျန်းဖြစ်ခြင်းအခြေအနေတွေမှာ လွှဲပြောင်းနိုင်ပါတယ်။ အဖွဲ့ဝင်မန်ဘာဝင်ခြင်းနဲ့ပတ်သက်ပြီး တောင်းဆိုချက်တွေအားလုံးကို ရေးမှတ်ထားပြီး Real Fitness ၏ မန်နေဂျာထံ တင်ပြဖို့လိုအပ်ပါတယ်။
- Real Fitness Corporate Wellness Program (CWP) အစီအစဉ်မှာ ပါဝင်ဖို့ လက်မှတ်ရေးထိုးပြီးပြီဆိုတာနဲ့ ကုမ္ပဏီရဲ့ စီမံခန့်ခွဲသူနှစ်ဦးအတွက် အခမဲ့ (၃) လတာ အဖွဲ့ဝင်မန်ဘာဝင်ခွင့် မေတ္တာလက်ဆောင် ပေးအပ်သွားမှာဖြစ်ပါတယ်။ (၁) ထိုပေးအပ်ထားတဲ့ မေတ္တာလက်ဆောင်အစီအစဉ်တွေကို အခြားသူထံ လွဲပြောင်း၍မရသလို ၎င်းမေတ္တာလက်ဆောင်တန်ဖိုးနဲ့ ညီမျှတဲ့ ပမာဏကိုလည်း ပြန်လည် ထုတ်ယူလို့ရမှာမဟုတ်ပါဘူး။ ထိုမေတ္တာလက်ဆောင်ပေးအပ်တဲ့ အဖွဲ့ဝင်မန်ဘာဝင်ခွင့်ကို ငွေပေးချေမှုပြီးတာနဲ့ စတင် ခံစားခွင့်ရှိမှာဖြစ်ပါတယ်။