အကျိုးခံစားခွင့်များနှင့် လျှော့ဈေးနှုန်းထားများ
Branch Name | ဆက်သွယ်ရန်ဖုန်းနံပါတ် | လိပ်စာ |
ပန်းလှိုင်ဆေးရုံ၊ လှိုင်သာယာမြို့နယ် | ၀၉ ၇၇၂ ၈၈၉ ၉၂၂ | ပန်းလှိုင်အိမ်ရာ၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။ |
| ပန်းလှိုင်ဆေးရုံ၊ မန္တလေးမြို့ | ၀၉ ၇၇၂ ၈၈၉ ၉၃၃ | ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။ |
| ပန်းလှိုင်ဆေးရုံ၊ တောင်ကြီးမြို့ | ၀၈ ၁၂၀ ၀၈၄၄ | အမှတ် (၃၁၀)၊ အရှေ့မြို့ပတ်လမ်း၊ သစ်တောရပ်ကွက်၊ တောင်ကြီးမြို့။ |
| ပန်းလှိုင်အထူးကုဆေးခန်း၊ တော်ဝင် | ၀၉ ၅၁၃ ၇၈၁၂ | အမှတ် (၁၄/အေ)၊ တော်ဝင်လမ်း၊ ပြည် မြောက်ရပ်ကွက်၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ |
| ပန်းလှိုင် အထူးကုဆေးခန်း၊ မြောက်ဒဂုံမြို့နယ် | ၀၉ ၈၈၂ ၆၀၃ ၈၆၆ | အမှတ်(၃၄)၊ ဗန္ဓုလလမ်းသွယ်၊ (၄၅) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ |
| ပန်းလှိုင် အထူးကုဆေးခန်း၊ Star City | ၀၉ ၄၄၉ ၅၂၃ ၅၃၄ | မြေညီထပ်၊ အဆောက်အဦး ဘီ (၁)၊ City Loft၊ Star City Development၊ သန်လျင်မြို့နယ်၊ ရန်ကုန်မြို့။ |
| ပန်းလှိုင်မိသားစုဆေးခန်းများ၊ စမ်းချောင်းမြို့နယ် | ၀၉ ၄၅၇ ၆၅၈ ၄၅၆ | အမှတ် (၃၁)၊ မြေညီထပ်၊ ဖျာပုံလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ |
ပရူဒန်ရှယ်အာမခံပေါ်လစီကိုင်ဆောင်ထားသူများ (သို့မဟုတ်) customer များအတွက် လျှော့ဈေးနှုန်းထားများ
- ငွေသားမဲ့ဝန်ဆောင်မှုများအတွက် (၃၀) ရာခိုင်နှုန်းအထိ
စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ
- ယခုဝန်ဆောင်မှုအတွက် ရယူနိုင်သည့် အသင်းဝင်မန်ဘာများကို (ဝန်ဆောင်မှုများ ရယူနိုင်ရန်အကျုံးဝင်သည့် အသင်းဝင်မန်ဘာအဖွဲ့သာ) ရွေးချယ်နိုင်ပြီး ပန်းလှိုင်ဆေးရုံဘက်က တောင်းခံတဲ့ ထပ်ဆောင်းအချက်အလက်များကို ပေးပို့ဖို့လိုအပ်ပါတယ်။
- ဝန်ဆောင်မှုအတွက် စာရင်းပေးသွင်းထားတဲ့ သင့်ရဲ့ အသင်းဝင်မန်ဘာတွေရဲ့ အလုပ်အကိုင် ဒါမှမဟုတ် အဖွဲ့ရဲ့ မန်ဘာအစီအစဉ်မှာ တစ်စုံတစ်ရာ အပြောင်းအလဲရှိပါက ပန်းလှိုင်ဆေးရုံကို အကြောင်းကြားပေးရပါမယ်။ တိကျမှန်ကန်တဲ့ ဝန်ဆောင်မှုများပေးအပ်နိုင်ဖို့အတွက် အဖွဲ့လိုက်မန်ဘာအစီအစဉ်မှာ ထပ်တိုး (သို့မဟုတ်) လျော့သွားခြင်းများကို ချက်ချင်းအသိပေးဖို့လိုအပ်ပါတယ်။
- အောက်မှာဖော်ပြထားတဲ့ ကုန်ကျစရိတ်တွက်ချက်မှုနဲ့ ငွေပေးချေမှုအပိုင်းမှာ ရှင်းပြထားတဲ့အတိုင်း တယ်လီကျန်းမာရေးအစီအစဉ်အောက်မှာ သင့်ရဲ့ အသင်းဝင်မန်ဘာများရဲ့ ကုန်ကျစရိတ်နဲ့ အဖိုးအခများအားလုံးအတွက် သင့်မှာ တာဝန်ရှိပါတယ်။
- တယ်လီကျန်းမာရေး တိုင်ပင်ဆွေးနွေးမှုတစ်ချိန်စီတိုင်းက လူတစ်ယောက်တည်းအတွက်သာဖြစ်ပါတယ်။ တိုင်ပင်ဆွေးနွေးသူရဲ့ လိုအပ်ချက်အလိုက် ဆွေးနွေးသွားမှာဖြစ်တဲ့အတွက်ကြောင့် တစ်ချိန်တည်းမှာ တစ်ယောက်ထက်ပိုပြီး ဆွေးနွေးခွင့်မရှိပါဘူး။