- Walk2Win ပြိုင်ပွဲကို ပရူဒန်ရှယ်အာမခံက စီစဉ်ကျင်းပခြင်း ဖြစ်ပါသည်။ ပြိုင်ပွဲကာလမှာ ၂၀၂၂ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက်နေ့မှ ဖေဖော်၀ါရီလ ၅ ရက်နေ့ ၂၃ နာရီ ၅၉ မိနစ် (မြန်မာစံတော်ချိန်) အထိဖြစ်ပြီး အဆိုပါ ကာလကို (“ပြိုင်ပွဲကာလ”) ဟု သတ်မှတ်ပါမည်။ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ယခု စာမျက်နှာတွင် ဖော်ပြထားသော စည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များအားလုံးကို သဘောတူညီပြီး ဖြစ်သည်ဟု သတ်မှတ်ပါမည်။
- ခြေလှမ်းအများဆုံး ရရှိသူများစာရင်းကို Pulse အက်ပလီကေးရှင်းတွင် ပြသပေးမည်ဖြစ်ပြီး ပရူဒန်ရှယ်အာမခံ၏ Facebook နှင့် LinkedIn စာမျက်နှာများတွင် ဖော်ပြပေးမည် ဖြစ်ပါသည်။
- အနိုင်ရရှိသူများ ကြေညာသည့်အခါတွင် အနိုင်ရရှိသူများသည် Pulse အက်ပလီကေးရှင်း၏ တရားဝင် အသုံးပြုသူများ ဖြစ်ရမည် (အငြင်းပွားစရာ အခြေအနေတစ်ခု ရှိလာပါက ပရူဒန်ရှယ်အာမခံ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်)။ အဆိုပါ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိပါက သက်ဆိုင်ရာ အနိုင်ရရှိသူများသည် နောက်ထပ် အကြောင်းကြားမှု တစ်စုံတရာမလိုအပ်ဘဲ ပြိုင်ပွဲဝင်ရန် အရည်အချင်းမပြည့်ဟု သတ်မှတ်မည်။
- ပရူဒန်ရှယ်အာမခံအနေဖြင့် ကံထူးရှင်ရွေးချယ်ပြီး ရလဒ်များ ထုတ်ပြန်ပြီးသည့်နောက် အနိုင်ရရှိသူများ၏ အချက်အလက်ကို နောက်တစ်ကြိမ် စစ်ဆေးအတည်ပြုခွင့်ရှိသည်။ အနိုင်ရရှိသူများအား Leaderboard ပေါ်တွင်အခြေခံ၍ ရွေးချယ်မည် ဖြစ်ပါသည်။
- ပြိုင်ပွဲရလဒ်များကို (အနိုင်ရရှိသူ၏ နာမည်အပြည့်အစုံနှင့် ဖုန်းနံပါတ်နောက်ဆုံးသုံးလုံး အပါအဝင်) စာရင်းပေးသွင်းထားသည့် မိုဘိုင်းဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာမှတစ်ဆင့် အကြောင်းကြားမည် ဖြစ်ပါသည်။
- ပရူဒန်ရှယ်အာမခံမှ Pulse အက်ပလီကေးရှင်းတွင် စာရင်းပေးသွင်းစဉ်က ထည့်သွင်းထားသည့် မိုဘိုင်းဖုန်းနံပါတ်/အီးမေးလ်လိပ်စာ တို့မှတစ်ဆင့် ဆုထုတ်ယူရန် လုပ်ငန်းစဉ်အကြောင်း အီးမေးလ်/SMS စာတို/Viber တို့ဖြင့် တစ်ဦးချင်း အသိပေးအကြောင်းကြားသွားမည် ဖြစ်သည်။ ဆုများအား ငွေသားဖြင့် လဲလှယ်ထုတ်ယူခြင်း၊ တစ်ဆင့်ပြန်လည်ရောင်းချခြင်း ပြုလုပ်၍မရသလို သတ်မှတ်ထားသော ဆုထုတ်ယူနိုင်သည့် ကာလအတွင်း မြန်မာနိုင်ငံ (ရန်ကုန်/မန္တလေး) တွင်သာ ထုတ်ယူရမည် ဖြစ်သည်။ ဆုလက်ဆောင်များအား သတ်မှတ်ထားသော ဆုလက်ဆောင်ထုတ်ယူခွင့်ကာလ (ကမ်ပိန်းကာလအပြီး ၃ လ) အတွင်းသာ ထုတ်ယူနိုင်မည်ဖြစ်သည်။
- ကံထူးရှင်သည် အခြေအနေအရပ်ရပ်ကြောင့် ဆုလက်ဆောင် မထုတ်ယူဖြစ်ခဲ့လျှင် ဆုကို လက်လွှတ်လိုက်ပြီဟု သတ်မှတ်ပြီး နောက်ထပ် အကြောင်းကြားမှု တစ်စုံတရာ မလိုအပ်ဘဲ လာရောက် မထုတ်ယူနိုင်ဟု သတ်မှတ်မည်။
- ကံထူးရှင်သည် အခြေအနေအရပ်ရပ်ကြောင့် ဆုလက်ဆောင်အား ကမ်ပိန်းကာလပြီးဆုံးပြီးနောက် ၃ လအတွင်း အချိန်မီ မထုတ်ယူနိုင်ခဲ့ပါက ဆုကို လက်လွှတ်လိုက်ပြီဟု သတ်မှတ်ပြီး နောက်ထပ် အကြောင်းကြားမှု တစ်စုံတရာ မလိုအပ်ဘဲ လာရောက်မထုတ်ယူနိုင်ဟု သတ်မှတ်မည်။
- ပြိုင်ပွဲဝင်ရောက်ထားမှုကို ဖျက်သိမ်းရန် သို့မဟုတ် ပြိုင်ပွဲမှထွက်ရန် Customer Service ဖုန်းနံပါတ်ဖြစ်သော ၀၉၇၇၀၁၁၀၀၁၀ ကို ဆက်သွယ်နိုင်ပါသည် သို့မဟုတ် ပရူဒန်ရှယ်အာမခံ၏ Facebook Messenger တွင်လည်း ဆက်သွယ်နိုင်ပါသည်။ အကယ်၍ ပြိုင်ပွဲတွင် ဝင်ရောက်ထားမှုကို ဖျက်သိမ်းရန် သို့မဟုတ် ပြိုင်ပွဲမှထွက်ရန် အကြောင်းကြားမှု တစ်စုံတစ်ရာ မရှိပါက ဝင်ရောက်ယှဉ်ပြိုင်သူများအား ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များ၊ Pulse အက်ပလီကေးရှင်း၏ ကိုယ်ရေးအချက်အလက်ဆိုင်ရာ အသိပေးချက်အား သေချာစွာ နားလည်သဘောပေါက်စေရန် ဖတ်ရှုပြီးမှ သဘောတူလက်ခံရန် တိုက်တွန်းအကြံပြုလိုပါသည်။
- ပရူဒန်ရှယ်အာမခံ၏ ဆုံးဖြတ်ချက်တစ်ခုတည်းဖြင့် ဖော်ပြပါ ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များအား ပြင်ဆင်ခြင်း သို့မဟုတ် ပြိုင်ပွဲအား ပြင်ဆင်/ဖျက်သိမ်းခြင်း ပြုလုပ်နိုင်ပါသည်။
- အဆိုပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပရူဒန်ရှယ်အာမခံ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။ ပရူဒန်ရှယ်အာမခံမှ နောက်ထပ်ပြုလုပ်မည့် အစီအစဉ်များအတွက် အီးမေးလ် သို့မဟုတ် မိုဘိုင်းဖုန်းနံပါတ် မှတဆင့် လူကြီးမင်းအား ဆက်သွယ်နိုင်သည်။ Apple Inc. သို့မဟုတ် Google LLC သို့မဟုတ် Fitbit သို့မဟုတ် Garmin တို့သည် ယခု Walk2Win အစီအစဉ်အား ထောက်ပံ့မှု တစ်စုံတရာ ပြုလုပ်ထားခြင်း မရှိသလို ဆက်စပ်မှု တစ်စုံတရာ မရှိပါ။
- ပြိုင်ပွဲဝင်များအနေဖြင့် ဆုလက်ဆောင်ရရှိမည့် ပွိုင့်များကို လက်ခံရယူနိုင်ရန် ပရူဒန်ရှယ်အာမခံမှ မိတ်ဖက်လုပ်ငန်းဖြစ်သော City Mart Holding Co., Ltd. ထံသို့ တစ်ဦးချင်းစီ၏ City Rewards အကောင့်အချက်အလက်များအား မျှဝေပေးမည်ဖြစ်ကြောင်း သိရှိနားလည်ပါသည်။ ပရူဒန်ရှယ်အာမခံအနေဖြင့် ပြိုင်ပွဲဝင်များ၏ ကိုယ်ရေးလုံခြုံမှုကို ကာကွယ်ပေးနိုင်ရန် ကြိုတင် ခွင့်ပြုချက်မရရှိဘဲ အသေးစိတ် ကိုယ်ရေးအချက်အလက်များကို ထုတ်ဖော်မည် မဟုတ်ပါ။
- မေးမြန်းစုံစမ်းလိုပါက ပရူဒန်ရှယ်အာမခံ၏ Customer Service ဖုန်း - ၀၉၇၇၀၁၁၀၀၁၀ သို့ (ရုံးချိန် - တနင်္လာနေ့မှ သောကြာနေ့၊ နံနက် ၉ နာရီမှ ညနေ ၅ နာရီခွဲအတွင်း၊ စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များမှလွဲ၍) ဆက်သွယ်နိုင်သလို (သို့မဟုတ်) ပရူဒန်ရှယ်အာမခံ၏ Facebook Messenger တွင်လည်း ဆက်သွယ်နိုင်ပါသည်။
- Pulse အက်ပလီကေးရှင်းကို ဒေါင်းလုတ်လုပ်ရာတွင် အခက်အခဲ တစ်စုံတစ်ရာရှိပါက FAQs အပိုင်းတွင် ဖတ်ရှုနိုင်ပါသည်။
- ပရူဒန်ရှယ်အာမခံ၏ ဝန်ထမ်းများနှင့် အကြံပေးများလည်း ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။
အသိပေးရှင်းလင်းချက်နှင့် တာဝန်ရှိမှု
- ပရူဒန်ရှယ်အာမခံသည် ပြိုင်ပွဲတွင် ပေးအပ်သည့် ဆုလက်ဆောင်များအား ထုတ်လုပ်/ဖြန့်ချီသူ နှင့် ထုတ်လုပ်/ဖြန့်ချီသူများ၏ ကိုယ်စားလှယ် မဟုတ်ပါ။ ဆုလက်ဆောင်၏ အရည်အသွေး၊ အသုံးဝင်မှု၊ ပို့ဆောင်ပေးမှု၊ အသုံးပြုမှု စသည်တို့နှင့် ပတ်သက်သော နောက်ဆက်တွဲ အခြေအနေများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ပြုလုပ်မည် မဟုတ်ပါ။
- ဆုလက်ဆောင် အသုံးပြုရာတွင် သက်ဆိုင်ရာ ထုတ်လုပ်/ဖြန့်ချီသူက ဖော်ပြထားသည့် စည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များအရ ဆောင်ရွက်နိုင်ပါသည်။
- ပရူဒန်ရှယ်အာမခံသည် ဆုလက်ဆောင်နှင့်ပတ်သက်ပြီး (အရည်အသွေး၊ အသုံးဝင်မှု၊ ပို့ဆောင်ပေးမှု၊ အသုံးပြုမှု အပါအဝင် အခြားသော ကိစ္စများ) မည်သည့် နောက်ဆက်တွဲ အခြေအနေများအတွက်မဆို တာဝန်ယူမှု၊ တာဝန်ခံမှု ပြုလုပ်မည် မဟုတ်ပါ။
- ဆုလက်ဆောင်ကို အသုံးပြုခြင်း၊ မှားယွင်းအသုံးပြုခြင်းကြောင့် တိုက်ရိုက်ဖြစ်စေ၊ ဆက်စပ်၍ဖြစ်စေ ဖြစ်ပေါ်လာသော ပျောက်ဆုံး၊ ပျက်စီးခြင်းတို့အတွက် ပရူဒန်ရှယ်အာမခံမှ တာဝန်ယူမှု၊ တာဝန်ခံမှု မပြုလုပ်ပါ။
- ပြိုင်ပွဲဝင်များအနေဖြင့် ဤပြိုင်ပွဲတွင် ပါဝင်နေစဉ် ဖြစ်ပေါ်လာသော သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ဆုံးရှုံးခြင်း (သို့မဟုတ်) ပျက်စီးခြင်းများအား ပရူဒန်ရှယ်အာမခံတွင် တာဝန်မရှိကြောင်း သိရှိနားလည်ပါသည်။
- မိမိ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဤပြိုင်ပွဲတွင် စာရင်းပေးသွင်း၊ ပါဝင်ယှဉ်ပြိုင်ခြင်း ဖြစ်ပါသည်။
- ပြိုင်ပွဲဝင်သည် သက်ဆိုင်ရာ တာဝန်ရှိသူများ သတ်မှတ်ထားသော ဘေးကင်းလုံခြုံရေးဆိုင်ရာ စည်းကမ်းများနှင့် လမ်းညွှန်ချက်များအားလုံးကို လိုက်နာရမည်။
- ပြိုင်ပွဲဝင်သည် လက်ရှိ မြန်မာနိုင်ငံတွင် နေထိုင်ပြီး ကျန်းမာရေးကောင်းမွန်သူ၊ အနည်းဆုံး အသက် ၁၈ နှစ် ပြည့်ပြီးသူ၊ မိမိ၏ ဘေးကင်းလုံခြုံရေးအတွက် ကိုယ်တိုင် တာဝန်ယူနိုင်သူဖြစ်ကြောင်း အတည်ပြုပါသည်။
Reward ပွိုင့်တွေကို ဘယ်လိုရယူမလဲ?
- City Rewards အက်ပလီကေးရှင်းကို https://bit.ly/3AuUkUG ဒေါင်းလုတ်လုပ်ပြီး အကောင့်ဖွင့်ပါ။
- City Reward အကောင့်တစ်ခု၊ PULSE အကောင့် တစ်ခုစီ စာရင်းသွင်းဖို့ လိုအပ်ပါသည်။
- ဤဖောင်တွင် https://bit.ly/3iJJmao သင့်ရဲ့ City Rewards အကောင့်ကတ် အချက်အလက်တွေကို ဖြည့်ပါ။
- သင့်ရဲ့ အကောင့် ID နှင့် လျှို့ဝှက်နံပါတ်အား သေချာစွာ တာဝန်ယူ ထိန်းသိမ်းပေးပါ။
- Walk2Win Season 4 ပြိုင်ပွဲဝင်များအနေဖြင့် ပွိုင့်များအား အောက်ပါအတိုင်း ရယူနိုင်မည် ဖြစ်သည်။
ခြေလှမ်းအရေအတွက်
|
City Rewards ပွိုင့်
|
ကျပ်ငွေ တန်ဖိုး
|
| ၁၀၀၀ - ၁၉၉၉ | ၂၀ | ၂၀ |
| ၂၀၀၀ - ၂၉၉၉ | ၄၀ | ၄၀ |
| ၃၀၀၀ - ၃၉၉၉ | ၆၀ | ၆၀ |
| ၄၀၀၀ - ၄၉၉၉ | ၈၀ | ၈၀ |
၅၀၀၀ နှင့် အထက်
| ၁၀၀
| ၁၀၀
|
Reward Points အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ
- ပြိုင်ပွဲဝင်များအနေဖြင့် အထက်ဖော်ပြပါ နှုန်းထားအလိုက် ခြေလှမ်းအရေအတွက်ပေါ် မူတည်၍ ပွိင့်များ ရယူနိုင်ပါသည်။ ပွိုင့်များရယူနိုင်သည့် အခြေအနေတစ်ခုအောက်တွင် အောက်ပါအချက်များနှင့် ပြည့်စုံရပါမည်။
(၁) ပြိုင်ပွဲဝင်သည် အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။
(၂) ပြိုင်ပွဲဝင်သည် ဥပဒေအရ လုပ်ဆောင်ရသည့် စာချုပ်စာတမ်း ပြုလုပ်ရာတွင် တရားဝင် ပါဝင်ဆောင်ရွက်ခွင့် ရှိသည်။
(၃) ဤသဘောတူညီချက်အရ ပွိုင့်များ ရယူနိုင်ပါသည်။
(၄) ပွိုင့်များ ရယူနိုင်ရန် ပေးထားသည့် အချက်အလက်များ အားလုံးမှာ မှန်ကန်၊ တိကျ၍ ပြည့်စုံမှုရှိပါသည်။ ဤသဘောတူညီချက်ကို ချိုးဖောက်ခြင်း အပါအဝင် အခြားသော ကိစ္စများအတွက် ပရူဒန်ရှယ်အာမခံက ပေးအပ်ထားသည့် ဝက်ဘ်ဆိုက်နှင့် ဝန်ဆောင်မှုများအား မည်သူမဆို အသုံးပြုခွင့် မရစေရန် အချိန်မရွေး၊ နေရာမရွေး ပရူဒန်ရှယ်အာမခံ၏ ဆုံးဖြတ်ချက်တစ်ခုတည်းဖြင့် တားမြစ်ခွင့်ရှိသည်။
- ပရူဒန်ရှယ်အာမခံ၏ သဘောဆန္ဒနှင့် ဆုံးဖြတ်ချက်အတိုင်း မည်သည့်အကောင့်ကိုမဆို ကြိုတင်အသိပေးရန်မလိုဘဲ အချိန်မရွေး ရပ်စဲ၊ ဖျက်သိမ်းပိုင်ခွင့်ရှိသည်။
- ပြိုင်ပွဲဝင်၏ အကောင့်ကို မည်သူအသုံးပြုနေသည်ဖြစ်စေ ထိုသူ၏ ညွှန်ကြားချက်များ အားလုံးအတိုင်း ပရူဒန်ရှယ်အာမခံမှ ဆောင်ရွက်ပေးခွင့် ရှိမည်ဖြစ်ပြီး ပြိုင်ပွဲဝင်၏ ခွင့်ပြုချက်မရှိဘဲ ပြုလုပ်သော လွှဲပြောင်းမှုများအတွက် တာဝန်ယူမည် မဟုတ်ပါ။
- ပြိုင်ပွဲဝင်သည် City Rewards ၊ PULSE တို့နှင့် အဓိက သက်ဆိုင်သော လွှဲပြောင်းမှု၊ ကြော်ငြာနှင့် မာကတ်တင်းဆိုင်ရာ ဆက်သွယ်ပြောဆိုမှုများ အပါအဝင် နှစ်ဘက်ကုမ္ပဏီ၏ အခြားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ (www.prudential.com.mm နှင့် သက်ဆိုင်သော ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ အပါအဝင်) ကို အီလက်ထရွန်းနစ် ဆက်သွယ်ရေးပုံစံဖြင့် လက်ခံရယူရန် သိရှိသဘောတူပါသည်။ သို့ရာတွင် ပြိုင်ပွဲဝင်မှ စာဖြင့် ခွင့်ပြုချက်ပေးပြီး လုပ်ပိုင်ခွင့် လွှဲပြောင်းရသော ကြော်ငြာနှင့် မာကတ်တင်းဆိုင်ရာ ဆက်သွယ်ပြောဆိုမှုများကို အီလက်ထရွန်းနစ် ဆက်သွယ်ရေးပုံစံဖြင့် လက်ခံရယူခြင်း မပါဝင်ပါ။ ကြော်ငြာနှင့် မာကတ်တင်းဆိုင်ရာ ဆက်သွယ်ပြောဆိုမှုများတွင် သက်ဆိုင်ရာ အထူး ပရိုမိုးရှင်းအစီအစဉ်များအကြောင်း အသိပေးချက်များနှင့် နှစ်ဘက်ကုမ္ပဏီ၏ မိတ်ဖက်များမှ ပေးအပ်ထားသည့် အခွင့်အလမ်းများအကြောင်း ပါဝင်နိုင်ပါသည်။ အဆိုပါ အခြေအနေတွင် ပြိုင်ပွဲဝင်ထံမှ ရရှိထားသော ပွိုင့်နှင့်ဆက်စပ်သော ထုတ်ကုန်များ၊ ဝန်ဆောင်မှုများအတွက် ဆက်သွယ်ခြင်းမျိုးဖြစ်ပါက ရယူလိုကြောင်း စာဖြင့် ခွင့်ပြုချက် ပေးအပ်ထားမှသာလျှင် ကြော်ငြာနှင့် မာကတ်တင်းဆိုင်ရာ ဆက်သွယ်ပြောဆိုမှုများကို အီလက်ထရွန်းနစ် ဆက်သွယ်ရေးပုံစံဖြင့် ပေးပို့သွားမည် ဖြစ်သည်။
- ပရူဒန်ရှယ်အာမခံမှ အီလက်ထရွန်းနစ် ဆက်သွယ်ရေးပုံစံဖြင့် ပေးပို့ထားသော သဘောတူညီချက်များ၊ အသိပေးချက်များ၊ ထုတ်ပြန်ချက်များနှင့် အခြား ဆက်သွယ်မှုများသည် စာဖြင့်ရေးသားဆက်သွယ်ပါကလည်း ဥပဒေအရ လိုအပ်သည်များနှင့် ကိုက်ညီမှုရှိကြောင်း သဘောတူညီပါသည်။
- သဘောတူညီချက်အား သေချာစွာ ဖတ်ရှုပေးပါ။ ဖော်ပြပါ စည်းမျဉ်းစည်းကမ်း၊ သတ်မှတ်ချက်များ အားလုံးကို လက်မခံနိုင်ပါက ယခု အစီအစဉ်တွင် မပါဝင်သင့်ပါ။
- ဆုလက်ဆောင်များ ထုတ်ယူနိုင်ရန် ဝန်ဆောင်မှုပေးနေသည့် ဆက်စပ်လုပ်ငန်းများ အားလုံးကို စုပေါင်းပြီး “ဆုလက်ဆောင် ပေးအပ်သူများ” ဟု ယခု စည်းမျဉ်းစည်းကမ်း၊ သတ်မှတ်ချက်များတွင် ရံဖန်ရံခါ ရည်ရွယ်သုံးနှုန်းမည် ဖြစ်သည်။