"Protect your future with Prudential Myanmar in this Thadingyut & Win Big!" အစီအစဉ်သည် ပရူဒန်ရှယ်အာမခံ ("Prudential Myanmar") မှ ကျင်းပခြင်းဖြစ်သည်။
အစီအစဉ်မှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်နေ့ မြန်မာစံတော်ချိန် ၂၃ နာရီ ၅၉ မိနစ်အထိ ("အစီအစဉ်ကာလ") ဖြစ်သည်။
ဤအစီအစဉ်တွင် ပါဝင်ခြင်း အားဖြင့် ပါဝင်သူ ("သင်") သည် ဤစာမျက်နှာတွင် ဖော်ပြထားသော စည်းမျဉ်း စည်းကမ်းများအား သဘောတူလိုက်နာပြီး ဖြစ်သည်။
အစီအစဉ်တွင် ပါဝင်ရန်နှင့် ဆုရရှိနိုင်ရန် နည်းလမ်းများ
ဆုလက်ဆောင်များ - စုစုပေါင်း (၁၀) ဆု
ဆုများကို ပရူဒန်ရှယ်အာမခံမှ အာမခံအကြံပေးမှ ဆုရရှိသည့်ကံထူးရှင်များကို ကြေညာပြီးချိန်မှ (၃) သုံးလအတွင်း ပေးအပ်ပါမည်။
ဆုများကို တခြားသူများသို့ မလွှဲပြောင်းနိုင်သလို ငွေသား ဖြင့် သော်လည်းကောင်း ၊ အခြား ပစ္စည်း ဖြင့် သော်လည်းကောင်း လဲလှယ်ပေးမည် မဟုတ်ပါ။
မမျှော်မှန်းနိုင်သော အခြေအနေ အရ မဖြစ်မနေ ဆုများကို ပြောင်းလဲရခြင်း ဖြစ်လျှင် ပရူဒန်ရှယ်အာမခံသည် တန်ဖိုးတူ ဆုများကို အစားထိုးပေးနိုင်သည်။
ကံထူးရှင်များကို ပရူဒန်ရှယ်အာမခံမှ ဖုန်း၊ Messenger ဖြင့် ဆက်သွယ်မည်ဖြစ်ပြီး ကံထူးရှင်များသည် ကြေညာချိန်မှ (၁) တစ် လအတွင်း ပြန်လည်ဆက်သွယ်ရန် လိုအပ်မည်။ မဟုတ်လျှင် ဆုအခွင့်အလမ်းကို ဆုံးရှုံးစေနိုင်သည်။
ကံထူးရှင်များထံသို့ ဆက်သွယ်၍ မရနိုင်ပါက သို့မဟုတ် ဆက်သွယ်ရန် လိပ်စာ အချက်အလက်များ မမှန်ကန်ပါက ဆုကို ဆုံးရှုံးစေနိုင်ပါသည်။
ပရူဒန်ရှယ်အာမခံမှ ဤအစီအစဉ်တွင် အကျုံး၀င်သူများနှင့် ကံထူးရှင်များကိုလည်း ထပ်မံအတည်ပြုခွင့်ရှိမည်ဖြစ်သည်။
ဤအစီအစဉ်တွင် ပါဝင်ခြင်းအားဖြင့် ပါဝင်သူများသည် ပရူဒန်ရှယ်အာမခံအား ကိုယ်ပိုင်အချက်အလက်များကို ကံထူးရှင်ကြေညာမှုနှင့် ကြော်ငြာ ခြင်း ဆိုင်ရာရည်ရွယ်ချက်များအတွက် အသုံးပြုခွင့်ပြုသည်။
ပရူဒန်ရှယ်အာမခံသည် လိုအပ်ပါက အစီအစဉ်၏ အခြေအနေများကို ပြင်ဆင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ဆောင်ရွက်နိုင်သည်။ သို့သော် အရေးကြီးသော ပြင်ဆင်မှုများကို ပါဝင်သူများအား အချိန်မီ အသိပေးကြားမည်ဖြစ်ပါသည်။
ဤအစီအစဉ်တွင် ပါဝင်မှုကြောင့် ဖြစ်ပေါ်လာသည့် တိုက်ရိုက်ဖြစ်စေ၊ သွယ်၀ိုက်၍ ဖြစ်စေ ဖြစ်ပေါ်လာသည့် မည်သည့် ဆုံးရှုံးမှုများကို မဆို ပရူဒန်ရှယ်အာမခံနှင့် ၎င်း၏ ဆက်စပ်လုပ်ငန်းများမှ တာဝန်ယူမည် မဟုတ်ပါ။
ဤအစီအစဉ်မှ ပါဝင်မှုကို ရပ်ဆိုင်းလိုသူများသည် ကံထူးရှင်မကြေညာမီ ( ၂ ) ရက် အတွင်း ပရူဒန်ရှယ်အာမခံကို ကြိုတင်အသိပေး၍ အကြောင်းကြားနိုင်ပါသည်။
ဆုမကြေညာမီ ကြိုတင် အကြောင်းကြား အသိပေးထားမှု မရှိပါက သင်သည် ဤစည်းကမ်းချက်များအား သဘောတူလိုက်နာခြင်းဖြစ်သည်ဟု ယူဆပါမည်။
အသေးစိတ် ထပ်မံသိရှိလိုပါက ပရူဒန်ရှယ်အာမခံ၏ Customer Service ဖုန်း 09 770 110010 (တနင်္လာ-သောကြာ မနက် ၈:၃၀ မှ ည ၁၀:၃၀ အတွင်း) သို့ဆက်သွယ်၍မေးမြန်းနိုင်ပါသည်။ Facebook Messenger ဖြင့်လည်း ဆက်သွယ်နိုင်ပါသည်။