- "Protection Light for Your Loved Ones’ Future" အစီအစဉ်သည် ပရူဒန်ရှယ်အာမခံ ("Prudential Myanmar") မှ ကျင်းပခြင်းဖြစ်သည်။
- အစီအစဉ်မှာ Agent Connect: Agency Open House တွင် ပါဝင်သော Customer များအတွက် သာ အကျုံးဝင်ပါသည်။
- ဤအစီအစဉ်တွင် ပါဝင်ခြင်းအားဖြင့် ပါဝင်သူ ("သင်") သည် ဤစာမျက်နှာတွင် ဖော်ပြထားသော စည်းမျဉ်း စည်းကမ်းများအား သဘောတူလိုက်နာပြီး ဖြစ်သည်။
အစီအစဉ်တွင် ပါဝင်ရန်နှင့် ဆုရရှိနိုင်ရန် နည်းလမ်းများ
ဆုလက်ဆောင်များ ရရှိနိုင်ရန်အတွက် အောက်ပါ စည်းကမ်းချက်များကို ပြည့်မီရပါမည်။
- PRUScholar သို့မဟုတ် PRUFlexiprotect PLUS အာမခံပေါ်လစီအသစ်ကို ဝယ်ယူရမည်။
- အာမခံပေါ်လစီသည် တစ်နှစ်တစ်ကြိမ် ငွေပေးချေမှုနည်းလမ်းဖြင့် (annual payment mode) ဖြစ်ရမည်။
- ပရီမီယံပမာဏသည် မြန်မာကျပ်ငွေ ၂,၀၀၀,၀၀၀ နှင့်အထက် ရှိရမည်။
- အာမခံပေါ်လစီကို အစီအစဉ်ကာလအတွင်း ဝယ်ယူပြီးစီးပြီး ဖြစ်ရမည်။
- အာမခံပေါ်လစီသည် ပေါ်လစီ၏စောင့်ကြည့်ကာလ (Free Look Period) ကို အောင်မြင်စွာပြီးဆုံးရမည်။
ပေးသွင်းသည့် ပရီမီယံပမာဏပေါ်မူတည်ပြီး ပေးအပ်မည့်လက်ဆောင်များ
- Tier 1 (ကျပ်သိန်းနှစ်ဆယ် မှ ကျပ်သိန်းသုံးဆယ်အထိ) – Gym Bag
- Tier 2 (ကျပ်သိန်းသုံးဆယ်အထက်) – Travel Bag
ဆုလက်ဆောင် ထုတ်ပေးခြင်း
- ဆုများကို ပရူဒန်ရှယ်အာမခံ၏ အာမခံအကြံပေးမှ ဆုရရှိသူများကို ပေါ်လစီ စောင့်ကြည့်ကာလပြီးချိန်မှ သုံးလအတွင်း ပေးအပ်ပါမည်။
- ဆုရရှိသူမှ ဆုအားထုတ်ယူချိန်တွင် စစ်ဆေးပြီးမှသာ လက်ခံရယူရမည်ဖြစ်ပြီး ထုတ်ယူပြီးသော ဆုများနှင့် ပတ်သက်၍ ချို့ ယွင်းမှုတစ်စုံတစ်ရာ ပေါ် ပေါက်လာပါက ပရူဒန်ရှယ်အာမခံမှ တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။
- ဆုများကို တခြားသူများသို့ မလွှဲပြောင်းနိုင်သလို ငွေသားဖြင့် သော်လည်းကောင်း ၊ အခြားပစ္စည်းဖြင့် သော်လည်းကောင်း လဲလှယ်ပေးမည် မဟုတ်ပါ။
- မမျှော်မှန်းနိုင်သော အခြေအနေအရ မဖြစ်မနေ ဆုများကို ပြောင်းလဲရခြင်း ဖြစ်လျှင် ပရူဒန်ရှယ်အာမခံသည် တန်ဖိုးတူဆုများကို အစားထိုးပေးနိုင်သည်။
- ဆုရရှိသူများကို ပရူဒန်ရှယ်အာမခံမှ ဖုန်းဖြင့် ဆက်သွယ်မည်ဖြစ်ပြီး ဆုရရှိသူများသည် ဆက်သွယ်သည့်အချိန်မှစ၍ တစ်လအတွင်းအကြောင်းပြန်ရန်လိုအပ်ပါသည်။ ထိုသို့မဟုတ်လျှင် ဆုအခွင့်အလမ်းကို ဆုံးရှုံးစေနိုင်သည်။
- ဆုရရှိသူများထံသို့ ဆက်သွယ်၍ မရနိုင်ပါက သို့မဟုတ် ဆက်သွယ်ရန် လိပ်စာ အချက်အလက်များ မမှန်ကန်ပါက ဆုကို ဆုံးရှုံးစေနိုင်ပါသည်။
- ပရူဒန်ရှယ်အာမခံမှ ဤအစီအစဉ်တွင် အကျုံး၀င်သူများနှင့်ဆုရရှိသူများကိုလည်းထပ်မံအတည်ပြုခွင့် ရှိမည်ဖြစ်သည်။
- ဤအစီအစဉ်တွင် ပါဝင်ခြင်းအားဖြင့် ပါဝင်သူများသည် ပရူဒန်ရှယ်အာမခံအား ကိုယ်ပိုင်အချက်အလက်များကို ဆုရရှိသူကြေညာမှုနှင့် ကြော်ငြာခြင်း ဆိုင်ရာရည်ရွယ်ချက်များအတွက် အသုံးပြုခွင့်ပြုသည်။
- ပရူဒန်ရှယ်အာမခံသည် လိုအပ်ပါက အစီအစဉ်၏ အခြေအနေများကို ပြင်ဆင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ဆောင်ရွက်နိုင်သည်။ သို့သော် အရေးကြီးသော ပြင်ဆင်မှုများကို ပါဝင်သူများအား အချိန်မီ အသိပေးကြားမည်ဖြစ်ပါသည်။
- ဤအစီအစဉ်တွင် ပါဝင်မှုကြောင့် ဖြစ်ပေါ်လာသည့် တိုက်ရိုက်ဖြစ်စေ၊ သွယ်၀ိုက်၍ ဖြစ်စေ ဖြစ်ပေါ်လာသည့် မည်သည့် ဆုံးရှုံးမှုများကိုမဆို ပရူဒန်ရှယ်အာမခံနှင့် ၎င်း၏ ဆက်စပ်လုပ်ငန်းများမှ တာဝန်ယူမည် မဟုတ်ပါ။
- ဤအစီအစဉ်မှ ပါဝင်မှုကို ရပ်ဆိုင်းလိုသူများသည် အစီအစဉ်ကာလမပြီးဆုံးခင် ပရူဒန်ရှယ်အာမခံကို ကြိုတင်အသိပေး၍ အကြောင်းကြားနိုင်ပါသည်။
- ပရူဒန်ရှယ်အာမခံဆိုင်ရာ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။
- အစီအစဉ်ကာလ ပြီးဆုံးချိန်အထိ အစီအစဉ်တွင် မပါ၀င်လိုကြောင်း ကြိုတင် အကြောင်းကြား အသိပေးထားမှု မရှိပါက သင်သည် ဤစည်းကမ်းချက်များအား သဘောတူလိုက်နာခြင်းဖြစ်သည်ဟု ယူဆပါမည်။
- အသေးစိတ် ထပ်မံသိရှိလိုပါက ပရူဒန်ရှယ်အာမခံ၏ Customer Service ဖုန်း ၀၉ ၇၇၀ ၁၁၀ ၀၁၀ (တနင်္လာ မှ သောကြာ မနက် ၈:၃၀ မှ ည ၁၀:၃၀ အတွင်း) သို့ဆက်သွယ်၍မေးမြန်းနိုင်ပါသည်။ Facebook Messenger ဖြင့်လည်း ဆက်သွယ်နိုင်ပါသည်။
- ဤစည်းမျဉ်းနှင့် စည်းကမ်း သတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည် ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်ဖြစ်သည်။
- ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။