Yoga၊ Zomba၊ Dance အစီအစဉ်တွေကို အတွေ့အကြုံရှိ လေ့ကျင့်ပေးသူများနှင့် ကိုယ်တိုင်ပါဝင်နိုင်မှာဖြစ်ပြီး တခြားပျော်ရွှင်ဖွယ် လှုပ်ရှားမှုများတွင်လည်း ပါဝင်နိုင်မယ့် အခွင့်အရေးတွေ ရရှိမှာဖြစ်လို့ အားကစားဝတ်စုံဝတ်လာခဲ့ဖို့တော့ မမေ့ပါနဲ့နော်။
ကိုဗစ်ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များ
COVID-19 အသိပေးကြေညာချက်
အားကစားနဲ့ ကျန်းမာရေးကို စိတ်အားထက်သန်သူတိုင်း ပရူဒန်ရှယ်အာမခံကကျင်းပသော Good Vibe Tribe Festival 2.0 မှာပါဝင်နိုင်ပါတယ်။
ကုက္ကိုကျွန်းမှာ ကျင်းပမယ့် Good Vibe Tribe အစီအစဉ်မှာ ပါဝင်တဲ့သူတိုင်းအတွက် သီးသန့်အခွင့်အရေးတွေဖြစ်သော ကိုယ်နှစ်သက်တဲ့ Influencers တွေနဲ့ သီးသန့်တွေ့ဆုံနိုင်မယ့်အပြင် ကျွမ်းကျင်သူတွေနဲ့ အွန်လိုင်းကြံ့ခိုင်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နိုင်ပြီး ဆုလက်ဆောင်တွေပါ ရရှိနိုင်မှာဖြစ်ပါတယ်။
Yoga၊ Zomba၊ Dance အစီအစဉ်တွေကို အတွေ့အကြုံရှိ လေ့ကျင့်ပေးသူများနှင့် ကိုယ်တိုင်ပါဝင်နိုင်မှာဖြစ်ပြီး တခြားပျော်ရွှင်ဖွယ် လှုပ်ရှားမှုများတွင်လည်း ပါဝင်နိုင်မယ့် အခွင့်အရေးတွေ ရရှိမှာဖြစ်လို့ အားကစားဝတ်စုံဝတ်လာခဲ့ဖို့တော့ မမေ့ပါနဲ့နော်။
ဒီလင့်ခ် http://bit.ly/3hTGSFv ကနေတစ်ဆင့် မိတ်ဆွေကိုယ်တိုင် လွယ်လွယ်ကူကူ စာရင်းပေးသွင်းနိုင်ပါတယ်။
ပထမဦးဆုံး သင့်အတွက် ဒီလင့်ခ် http://bit.ly/3hTGSFv ကနေတစ်ဆင့် စာရင်းသွင်းပါ။ စာရင်းသွင်းတာအောင်မြင်သွားတာနဲ့ အီးမေးလ်မှတစ်ဆင့် ဖိတ်ကြားစာနဲ့အတူ QR ကုဒ် လက်ခံရရှိပါမယ်။ အစီအစဉ်ကျင်းပမယ့်နေ့မှာ ဝင်ခွင့်အတွက် QR ကုဒ်၊ မိမိနိုင်ငံသားမှတ်ပုံတင်ကဒ်ပြား (သို့မဟုတ်) နိုင်ငံကူးလက်မှတ် (သို့မဟုတ်) ယာဥ်မောင်းလိုင်စင်နဲ့အတူ ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ မှတ်တမ်းကတ်တို့ကို Soft Copy သို့မဟုတ် Hard Copy ဖြစ်ဖြစ် ယူလာခဲ့ရပါမယ်။ နောက်ပြီး ကိုယ့်အတွက် သက်တောင့်သက်သာ အဖြစ်ဆုံး အားကစားဝတ်စုံနဲ့ ဖိနပ်ကိုပါ ဝတ်လာခဲ့ဖို့ မမေ့နဲ့နော်။