- "ကျန်းမာပျော်ရွှင်မှုကို အဖြေရှာပြီး ဆုလက်ဆောင်တွေရယူလိုက်ကြရအောင်...” အစီအစဉ်သည် ပရူဒန်ရှယ်အာမခံ (""Prudential Myanmar") မှ ကျင်းပခြင်းဖြစ်သည်။
- အစီအစဉ်မှာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၄ ရက် မှ ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်အထိ မြန်မာစံတော်ချိန် ၂၃ နာရီ ၅၉ မိနစ်အထိ ("အစီအစဉ်ကာလ") ဖြစ်သည်။
- ဤအစီအစဉ်တွင် ပါဝင်ခြင်းအားဖြင့် ပါဝင်သူ ("သင်") သည် ဤစာမျက်နှာတွင် ဖော်ပြထားသော စည်းမျဉ်း စည်းကမ်းများအား သဘောတူလိုက်နာပြီး ဖြစ်သည်။
အစီအစဉ်တွင် ပါဝင်ရန်နှင့် ဆုရရှိနိုင်ရန် နည်းလမ်းများ
ဆုလက်ဆောင်များ ရရှိနိုင်ရန်အတွက် အောက်ပါ စည်းကမ်းချက်များကို ပြည့်မီရပါမည်။
- ဒီလင့်ခ်လေးကို နှိပ်ပြီး Wellness Hub ထဲမှာ ဘယ်လို အကြောင်းအရာတွေ ပါဝင်သလဲ?
- ဒီထဲက ဘယ်အကြောင်းအရာတွေက ကိုယ့်ဘဝမှာ ကျန်းမာပျော်ရွှင်အောင် ပြုလုပ်ပေးနိုင်မလဲ? ဆိုတာကို Comment မှာရေးပြီး ဆုလက်ဆောင်တွေကို ရယူပြီး ပျော်ရွှင် ကျန်းမာအောင် နေထိုင်လိုက်ကြရအောင်။
ဆုလက်ဆောင် စုစုပေါင်း ( ၉ ) ခု
- Chatrium Hotel မှာ လူ (၂) ဉီး (၁) ညတာ နေထိုင်နိုင်မယ့် Staycation (၂) ဆု
- ပန်းလှိုင်းဆေးရုံမှာ ၃ သိန်းတန် ဖိုးရှိ Medical Check-up Package (၂)ဆု
- ပရူဒန်ရှယ်အာမခံ ခရီးဆောင်အိတ် (၅)လုံး နဲ့အတူ
စည်းကမ်းနှင့် သတ်မှတ်ချက်များ
- ပရူဒန်ရှယ်အာမခံသည် အဖြေမှန်သူများထဲမှ ကံထူးရှင် (၉) ယောက်ကို ကျပန်းရွေးချယ်ပြီး ဆုလက်ဆောင်ရရှိသူများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ တတိယအပတ်တွင် ပရူဒန်ရှယ်အာမခံ Facebook Page တွင် ကြေညာပေးသွားမှာဖြစ်ပါသည်။
- ဆုလက်ဆောင်ရရှိသူများကို ဆုကြေညာပြီးနောက် ပရူဒန်ရှယ်အာမခံ ကိုယ်စားလှယ်မှ အများဆုံး ၃ လအတွင်းတွင်ဆုပေးအပ်ပါမည်။
- ဆုလက်ဆောင်ရရှိသူမှ ဆုလက်ဆောင်အားထုတ်ယူချိန်တွင် စစ်ဆေးပြီးမှသာ လက်ခံရယူရမည်ဖြစ်ပြီး ထုတ်ယူပြီးသော ဆုများနှင့် ပတ်သက်၍ ချို့ ယွင်းမှုတစ်စုံတစ်ရာ ပေါ် ပေါက်လာပါက ပရူဒန်ရှယ်အာမခံမှ တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။
- ဆုများကို တခြားသူများသို့ မလွှဲပြောင်းနိုင်သလို ငွေသားဖြင့် သော်လည်းကောင်း ၊ အခြားပစ္စည်းဖြင့် သော်လည်းကောင်း လဲလှယ်ပေးမည် မဟုတ်ပါ။
- မမျှော်မှန်းနိုင်သော အခြေအနေအရ မဖြစ်မနေ ဆုများကို ပြောင်းလဲရခြင်း ဖြစ်လျှင် ပရူဒန်ရှယ်အာမခံသည် တန်ဖိုးတူဆုများကို အစားထိုးပေးနိုင်သည်။
- ဆုလက်ဆောင်ရရှိသူများကို ပရူဒန်ရှယ်အာမခံမှ ဖုန်း၊ Messenger ဖြင့် ဆက်သွယ်မည်ဖြစ်ပြီး ဆုလက်ဆောင်ရရှိသူများသည် ဆက်သွယ်သည့်အချိန်မှစ၍ တစ်လအတွင်းအကြောင်းပြန်ရန်လိုအပ်ပါသည်။ ထိုသို့မဟုတ်လျှင် ဆုအခွင့်အလမ်းကို ဆုံးရှုံးစေနိုင်သည်။
- အကယ်၍ ဆုလက်ဆောင်ရရှိသူမှ တစ်လအတွင်း အကြောင်းပြန်ရန် ပျက်ကွက်ပါက သို့မဟုတ် ဆက်သွယ်ရန် လိပ်စာ အချက်အလက်များ မမှန်ကန်ပါက ဆုလက်ဆောင်ကို ဆုံးရှုံးစေနိုင်ပါသည်။
- ပရူဒန်ရှယ်အာမခံမှ ဤအစီအစဉ်တွင် အကျုံး၀င်သူများနှင့်ဆုရရှိသူများကိုလည်းထပ်မံအတည်ပြုခွင့် ရှိမည်ဖြစ်သည်။
- ဤအစီအစဉ်တွင် ပါဝင်ခြင်းအားဖြင့် ပါဝင်သူများသည် ပရူဒန်ရှယ်အာမခံအား ကိုယ်ပိုင်အချက်အလက်များကို ဆုရရှိသူကြေညာမှုနှင့် ကြော်ငြာခြင်း ဆိုင်ရာရည်ရွယ်ချက်များအတွက် အသုံးပြုခွင့်ပြုသည်။ ဤအစီအစဉ်တွင် ပါဝင်သူများသည် Prudential Privacy Policy လက်ခံသဘောတူသည်ဟု မှတ်ယူမည်ဖြစ်သည်။
- ပရူဒန်ရှယ်အာမခံသည် လိုအပ်ပါက အစီအစဉ်၏ အခြေအနေများကို ပြင်ဆင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ဆောင်ရွက်နိုင်သည်။ သို့သော် အရေးကြီးသော ပြင်ဆင်မှုများကို ပါဝင်သူများအား အချိန်မီ အသိပေးကြားမည်ဖြစ်ပါသည်။
- ဤအစီအစဉ်တွင် ပါဝင်မှုကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်၀ိုက်၍ ဖြစ်စေ ဖြစ်ပေါ်လာသည့် မည်သည့် ဆုံးရှုံးမှုများကို မဆို ပရူဒန်ရှယ်အာမခံနှင့် ၎င်း၏ ဆက်စပ်လုပ်ငန်းများမှ တာဝန်ယူမည် မဟုတ်ပါ။
- ဤအစီအစဉ်မှ ပါဝင်မှုကို ရပ်ဆိုင်းလိုသူများသည် အစီအစဉ်ကာလမပြီးဆုံးခင် ပရူဒန်ရှယ်အာမခံ၏ Customer Service ဖုန်း ၀၉ ၇၇၀ ၁၁၀ ၀၁၀ သို့ Facebook Messenger သို့ ကြိုတင်အသိပေး၍ အကြောင်းကြားနိုင်ပါသည်။
- ပရူဒန်ရှယ်အာမခံဆိုင်ရာ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။
- အစီအစဉ်ကာလ ပြီးဆုံးချိန်အထိ အစီအစဉ်တွင် မပါ၀င်လိုကြောင်း ကြိုတင် အကြောင်းကြား အသိပေးထားမှု မရှိပါက သင်သည် ဤစည်းကမ်းချက်များအား သဘောတူလိုက်နာခြင်းဖြစ်သည်ဟု ယူဆပါမည်။
- ပရူဒန်ရှယ်အာမခံ၏ ဆုံးဖြတ်ချက် တစ်ခုတည်းဖော်ပြပါ အစီအစဉ်၏ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းအား အချိန်မရွေး ပြုလုပ်နိုင်သည်။
- အသေးစိတ် ထပ်မံသိရှိလိုပါက ပရူဒန်ရှယ်အာမခံ၏ Customer Service ဖုန်း ၀၉ ၇၇၀ ၁၁၀ ၀၁၀ (တနင်္လာ-သောကြာ မနက် ၈:၃၀ မှ ည ၁၀:၃၀ အတွင်း) သို့ဆက်သွယ်၍မေးမြန်းနိုင်ပါသည်။ Facebook Messenger ဖြင့်လည်း ဆက်သွယ်နိုင်ပါသည်။
- ဤစည်းမျဉ်းနှင့် စည်းကမ်း သတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည် ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်ဖြစ်သည်။
- ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။