အစီအစဉ်မှာ ဝင်ရောက်ခွင့်ရရှိပြီဆိုတာနဲ့ အကျုံးဝင်တဲ့ ပရူဒန်ရှယ်အာမခံရဲ့ customers တွေက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ ဘန်ကောက်ဆေးရုံမှာ ကုန်ကျစရိတ် ထိုင်းဘတ်ငွေ ၂.၂ သန်းထက် မပိုစေဘဲ ဝန်ဆောင်မှုအလိုက် ကုန်ကျစရိတ်ကောက်ခံတဲ့ပုံစံနဲ့ ရင်သားကင်ဆာရောဂါကုသမှုကို ရရှိနိုင်မှာပါ။ ဒီအစီအစဉ်ကို စတင်ဝင်ရောက်ခွင့်ရတဲ့နေ့ကစပြီး ဆေးကုသမှုခံယူနေတဲ့ တစ်နှစ်တာကာလအတွက် အကာအကွယ်တွေ ပါဝင်မှာဖြစ်ပါတယ်။
အစီအစဉ်လက်ကမ်းစာစောင်မှာ အသေးစိတ် အချက်အလက်တွေကို လေ့လာနိုင်ပါတယ်၊
- အစီအစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ - ရောဂါစမ်းသပ်ရှာဖွေမှု၊ ကုသမှု၊ ခွဲစိတ်မှု၊ ရင်သား ပြန်လည်အစားထိုးမှု၊ ဓာတ်ရောင်ခြည်သုံးကုသမှု၊ ဓာတုကုထုံး၊ ဟော်မုန်းသုံးကုသမှု
- နေရာထိုင်ခင်း စီစဉ်ပေးခြင်း - ဘန်ကောက်ဆေးရုံရှိ အတွင်းလူနာဌာနတွင် တက်ရောက် ဆေးကုသနေမှု ခံယူနေချိန်အတွက် နေရာထိုင်ခင်း စီစဉ်ပေးခြင်းနှင့် ပြင်ပလူနာဌာနတွင် လိုအပ်သော ဆေးကုသမှုခံယူနေချိန်အတွက် Chiva Residence တွင် ရက် ၆၀ အထိ အခမဲ့တည်းခိုခွင့်