ပရူဒန်ရှယ်အာမခံက customer များအတွက် ကုန်ကျစရိတ် သက်သာသော အရည်အသွေးမြင့် ရင်သားကင်ဆာရောဂါကုသရေးကို လွယ်ကူမြန်ဆန်စွာ ဝန်ဆောင်မှုပေးနိုင်ရန်အတွက် Bangkok Dusit Medical Services နှင့် လက်တွဲလုပ်ဆောင်ခဲ့

ဟောင်ကောင်၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့ - ပရူဒန်ရှယ်အာမခံ (Prudential plc) သည် ဘန်ကောက်မြို့ရှိ Bangkok Dusit Medical Services (BDMS) နှင့် ပူးပေါင်းပြီး ဒေသတွင်း မိတ်ဖက်လုပ်ဆောင်မှုတစ်ခုအနေဖြင့် အာရှဒေသတွင်းရှိ ပရူဒန်ရှယ်အာမခံ ဝယ်ယူထားသူများအနေဖြင့် ထိုင်းနိုင်ငံတွင် ရင်သားကင်ဆာရောဂါကုသရေးအပြင် အခြားသက်ဆိုင်သော ကျန်းမာရေးဝန်ဆောင်မှုများကို လွယ်ကူမြန်ဆန်စွာ ကုသမှုရရှိနိုင်ပြီဖြစ်ကြောင်း ယနေ့ ကြေညာလိုက်ပါသည်။

အခု မိတ်ဖက်လုပ်ဆောင်မှုမှ တစ်ဆင့် ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့ရှိ ပရူဒန်ရှယ်အာမခံ ဝယ်ယူထားသူများသည် တိကျစွာ သတ်မှတ်ထားသော ကုန်ကျစရိတ်ဖြင့် ရင်သားကင်ဆာရောဂါကုသရေးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ BDMS ​၏ နာမည်ကြီး ဘန်ကောက်ဆေးရုံတွင် ကုသမှုရရှိနိုင်မည် ဖြစ်ပါသည်။ BDMS သည် ထိုင်းနိုင်ငံရှိ အကြီးမားဆုံးသော ပုဂ္ဂလိကဆေးရုံ ကွန်ယက်တစ်ခုဖြစ်ပြီး ဘန်ကောက်ဆေးရုံဝန်းအတွင်းရှိ ထိုင်းနိုင်ငံ​၏ ပထမဦးဆုံး ပုဂ္ဂလိက ကင်ဆာရောဂါကုဆေးရုံဖြစ်သော ဘန်ကောက်ကင်ဆာရောဂါကုဆေးရုံ Wattanosoth ကို တည်ထောင်ထားပါသည်။

ယခုကဲ့သို့ အပိုဆောင်းဝန်ဆောင်မှုတွင် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့် အကျုံးဝင်ပြီး ဆေးကုသမှုခံယူရန် သင့်တော်သော ပရူဒန်ရှယ်အာမခံ customers များက ၁၂ လကြာ ရောဂါကုသမှုကာလအတွင်း ကုသမှုစရိတ်နှင့် သတ်မှတ်ထားသည့် တည်းခိုနေထိုင်ရေး[1]အတွက် လိုအပ်သော ကုန်ကျစရိတ်များအပါအဝင် ကြိုတင်သတ်မှတ်ထားသော ငွေကြေးပမာဏကို အကျိုးခံစားခွင့်ရရှိနိုင်မည် ဖြစ်ပါသည်။ ပရူဒန်ရှယ်အာမခံ၏ မည်သည့်ကျန်းမာပေါ်လစီ ကိုင်ဆောင်ထားသူမဆို ရောဂါကုသကုန်ကျစရိတ် အလုံးစုံ (သို့မဟုတ်) တစ်စိတ်တစ်ပိုင်းကို အကာအကွယ်ရရှိနိုင်ပါသည်။ ထို့အပြင် အာမခံဝယ်ယူထားသူများသည် ဘာသာပြန်ဝန်ဆောင်မှုများ၊ လေဆိပ် အကြိုအပို့များ နှင့် ပစ္စည်းအသယ်အပို့များ စသည့် ဝန်ဆောင်မှုများပါ ရရှိနိုင်မည်ဖြစ်ပါသည်။

အခု မိတ်ဖက်လုပ်ဆောင်မှုသည် ကုန်ကျစရိတ်သက်သာသော ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုလက်လှမ်းမီ ဝယ်ယူနိုင်ရန် လုပ်ဆောင်ပေးခြင်းအားဖြင့် ကျန်းမာရေးနှင့် ကုသကာကွယ်ရေးကြားမှ ကွာဟချက်ကို လျှော့ချနိုင်အောင် ကြိုးစားလုပ်ဆောင်နေသော ပရူဒန်ရှယ်အာမခံ၏ ကတိကဝတ်ကို ကိုယ်စားပြုလျက်ရှိပါသည်။ Economic Intelligence Unit[2] မှ ကောက်ယူထားသော အချက်အလက်များအရ တစ်ကမ္ဘာလုံးကင်ဆာရောဂါ ဖြစ်ပွားမှုအတိုင်းအတာ၏ ၅၀ ရာခိုင်နှုန်းခန့်သည် ကမ္ဘာ့လူဦးရေစုစုပေါင်း​၏ ၆၀ ရာခိုင်နှုန်းခန့် မှီတင်းနေထိုင်လျက်သော အာရှ ပစိဖိတ်ဒေသတွင်းတွင် ဖြစ်ပွားလျက်ရှိကြောင်း တွေ့ရှိရသည်။ အသက်အရွယ်ကြီးသူဦးရေ လျင်မြန်စွာ တိုးပွားလာပြီး ဘဝနေထိုင်စားသောက်မှုပုံစံနှင့် ပတ်ဝန်းကျင်ဆိုင်ရာ  ထိတွေ့မှုများ ပြောင်းလဲလာမှုတို့ကြောင့် ကင်ဆာရောဂါကုသရေးသည် ဒေသတွင်းကျန်းမာရေး[3]အတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။

Prudential plc ၏ စီးပွားရေးနည်းဗျူဟာအပိုင်းမှ ဦးဆောင်ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Solmaz Altin က “ကျွန်တော်တို့ရဲ့ ဈေးကွက်တွေကနေ ရရှိခဲ့တဲ့ ဒေတာအချက်အလက်တွေအရ ကျွန်တော်တို့ရဲ့ customer တွေအတွက် ကင်ဆာရောဂါကုသမှုစရိတ်က တခြားရောဂါကုသမှုနဲ့ ယှဉ်လိုက်တဲ့အခါ ကျန်းမာရေးဆိုင်ရာ ကုသမှုအတွက် ကုန်ကျစရိတ်အများဆုံးဖြစ်နေတာကို တွေ့ရှိရပါတယ်။ ဥပမာ ဟောင်ကောင်နဲ့ အင်ဒိုနီးရှားမှာဆိုရင် ဈေးကွက်တစ်ခုချင်းစီမှာ ရင်သားကင်ဆာကုသမှုစရိတ်က  ကင်ဆာနဲ့ပတ်သက်တဲ့ စုစုပေါင်း ကျန်းမာရေးနစ်နာကြေးစရိတ်ရဲ့  ၂၅ ရာခိုင်နှုန်းကျော်ရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုစရိတ်တွေ မြင့်တက်လာတာနဲ့အမျှ ကင်ဆာရောဂါရှိနေတာက လူနာအတွက်ရော လူနာရှင်မိသားစုအတွက်ပါ ငွေကြေးအခက်အခဲတွေဖြစ်လာနိုင်ပါတယ်၊” ဟု ပြောကြားခဲ့ပါသည်။

“အရည်အသွေးကောင်းမွန်ပြီး ကုန်ကျစရိတ်သက်သာတဲ့ ကျန်းမာရေးစောင့်ရှောက်မှုမျိုးကို မြန်ဆန်စွာ ရရှိနိုင်ဖို့က ရောဂါကုသနိုင်ဖို့နဲ့ ငွေကြေးအခက်အခဲလျှော့ချနိုင်ဖို့တို့မှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါကြောင့် customer တွေ သဘောတူထားတဲ့ အများဆုံး ငွေကြေးပမာဏထက် ပိုပေးစရာမလိုတဲ့ အာမခံချက်နဲ့ အာရှမှာရှိတဲ့ ကျွန်တော်တို့ရဲ့ customer တွေကို အကောင်းဆုံးအရည်အသွေးရှိတဲ့ ဆေးပညာစောင့်ရှောက်မှုတွေ ပေးအပ်နိုင်ဖို့အတွက် ကျွန်တော်တို့က BDMS နဲ့ လက်တွဲခဲ့တာပဲဖြစ်ပါတယ်၊” ဟု Solmaz Altin က ထပ်လောင်းပြောကြားခဲ့ပါသည်။

Bangkok Dusit Medical Services PLC ၏ အကြီးတန်းအမှုဆောင်အရာရှိဒုတိယဥက္ကဋ္ဌ နှင့် ဘဏ္ဍာရေးအရာရှိချုပ် ဖြစ်သူ Narumol Noi-am က “BDMS ရဲ့ အဓိက ခံယူချက် သုံးခုဖြစ်တဲ့ တန်ဖိုး၊ အရည်အသွေးနဲ့ customer ဦးစားပေးခြင်း စတာတွေကို တစိုက်မတ်မတ် လုပ်ဆောင်နေတာဖြစ်ပါတယ်။ အပြောင်းအလဲတွေအများကြီး ယူဆောင်လာပေးနိုင်တဲ့ ယခု ပရူဒန်ရှယ်အာမခံနဲ့ ပူးပေါင်းလုပ်ဆောင်မှုကနေ တစ်ဆင့် အာရှပစိဖိတ်မှာရှိတဲ့ ထိပ်တန်း ကင်ဆာ​ရောဂါကုသရေး အစီအစဉ်တွေမှာရှိတဲ့ အသက်ကယ်တင်ပေးနိုင်တဲ့ ကင်ဆာကုသမှုကို လိုအပ်နေတဲ့ ထိုင်းနိုင်ငံပြင်ပက လူနာတွေအတွက် မြန်မြန်ဆန်ဆန်နဲ့ ဈေးနှုန်းသက်သာတဲ့ ဆေးကုသမှုများ ရရှိစေနိုင်စေဖို့ဆိုတဲ့ ကတိကဝတ်တစ်ခုအတွက် ကျွန်မတို့ ကြိုးစားလုပ်ဆောင်နေပါတယ်။ Bangkok Cancer Hospital Wattanosoth က အမေရိကန်နဲ့ အနောက်ဥရောပမှာရှိတဲ့ ကင်ဆာရောဂါ ဆေးကုသမှု ဝန်ဆောင်မှုပေးနေတဲ့ ဆေးရုံတွေထက် တန်းတူရှိရုံမကာ ပိုပြီး ကောင်းမွန်သာလွန်တဲ့ ကမ္ဘာ့အကောင်းဆုံး ငါးနှစ်တာ ရင်သားကင်ဆာအသက်ရှင်သန်မှုနှုန်းတစ်ချို့ကို ရရှိထားတဲ့ ဆေးရုံတစ်ခုဖြစ်ပါတယ်၊" ဟုပြောကြားခဲ့ပါသည်။

 

ပြီး

သတင်းမီဒီယာများအနေဖြင့် ထပ်မံ သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန်

ပရူဒန်ရှယ်အာမခံ

Kho Hui-Yi | kho.hui.yi@prudential.com.hk

Sonia Tsang | sonia.ok.tsang@prudential.com.hk

Prudential plc အကြောင်း

Prudential plc သည် အာရှနှင့် အာဖရိက ဒေသတစ်လွှားရှိ ဈေးကွက် (၂၃) ခုတွင် အသက်အာမခံ၊ ကျန်းမာရေး အာမခံနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲသည့် ဝန်ဆောင်မှုများ ပေးအပ်နေသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ Prudential plc လုပ်ငန်းသည် ကျန်းမာရေးစောင့်ရှောက်မှုများကို ကုန်ကျစရိတ်သက်သာပြီး အလွယ်တကူရယူနိုင်အောင် ပြုလုပ်ပေးခြင်းနှင့် ဘဏ္ဍာရေးစနစ်ကို တိုးမြှင့်ဖော်ဆောင်ပေးခြင်းဖြင့် လူအများ၏ ဘဝကို အကောင်းဆုံး ဖြတ်သန်းနိုင်အောင် ကူညီပေးနေပါသည်။ Prudential သည် လူအများ၏ ပိုင်ဆိုင်မှုကို ကာကွယ်ပေးပြီး ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာနိုင်အောင်နှင့် ရည်မှန်းချက်ပန်းတိုင်များကို ရယူနိုင်အောင် ကူညီပေးလျက်ရှိပါသည်။ Prudential plc တွင် အသက်အာမခံရယူသူ ၁၉ မီလီယံကျော်ရှိပြီး ဟောင်ကောင် စတော့အိတ်ချိန်း (2378) နှင့် လန်ဒန် စတော့အိတ်ချိန်း (PRU) ဈေးကွက်များတွင် primary listings စာရင်းဝင်ခဲ့ပြီး ဖြစ်သည်။ ထိုအပြင် စင်ကာပူ စတော့အိတ်ချိန်း (K6S) တွင် secondary listing စာရင်းဝင်ခဲ့ပြီး အမေရိကန်နိုင်ငံ အသိအမှတ်ပြု American Depositary Receipts အရ နယူးယောက် စတော့အိတ်ချိန်း (PUK) တွင်လည်း စာရင်းဝင်ခဲ့ပြီး ဖြစ်ပါသည်။

Prudential plc သည် အမေရိကန်ပြည်ထောင်စုတွင် အဓိက လုပ်ငန်းအခြေစိုက်သည့် Prudential Financial, Inc. နှင့် United Kingdom ရှိ M&G plc ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သည့် Prudential Assurance Company တိုနှင့် လုပ်ငန်းဆက်စပ်မှု မရှိပါ။ https://www.prudentialplc.com/

 

Bangkok Dusit Medical Services အကြောင်း

၁၉၇၂ တွင် တည်ထောင်ခဲ့သည့် Bangkok Dusit Medical Services Public ကုမ္ပဏီလီမိတက် သို့မဟုတ် BDMS သည် အာရှ-ပစိဖိတ်ဒေသတွင်းရှိ ဂုဏ်သိက္ခာအရှိဆုံး ကျန်းမာရေးစောင့်ရှောက်မှုကွန်ရက်များထဲမှ တစ်ခုဖြစ်ပြီး ဈေးကွက်ကြီးစိုးချုပ်ကိုင်မှုတွင် ကမ္ဘာ့အဆင့်နံပါတ် (၅) နေရာတွင် ရပ်တည်လျက်ရှိသည်။ BDMS ကွန်ရက်သည် ဆေးရုံအဖွဲ့အစည်းကြီး (၆) ခုဖြစ်သည့် Bangkok Hospital Group၊ Samitivej Hospital Group၊ BNH Hospital၊ Phyathai Hospital Group၊ Paolo Hospital Group၊ Royal Hospital Group နှင့် the BDMS Wellness Clinic တို့ အောက်မှ ဆေးရုံပေါင်း (၅၀) ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ BDMS အောက်ရှိ ကျွမ်းကျင်ဆေးပညာရှင်အဖွဲ့များတွင် အတွေ့အကြုံရှိသော ဆရာဝန် ၁၁,၀၀၀ ကျော်နှင့် သူနာပြု ၈,၀၀၀ ကျော်က ဆေးကုသစောင့်ရှောက်မှုများ လုပ်ကိုင်လျက်ရှိပြီး ပုံမှန်စမ်းသပ်စစ်ဆေးမှုများ၊ ဖန်ပြွန်သန္ဓေသားနည်းပညာ၊ အရိုးအကြော ခွဲစိတ်ကုသမှု၊ တင်ပါးဆုံနှင့် ဒူးခေါင်း အစားထိုးကုသမှု၊ အဆင့်မြင့် ကလေးကျန်းမာစောင့်ရှောက်မှုအတွက် ကင်ဆာရောဂါကုသမှုများ၊ ရိုးတွင်းခြင်ဆီအစားထိုးကုသမှုနှင့် ကလေးနှလုံးရောဂါ ခွဲစိတ်ကုသမှုများ လုပ်ဆောင်ရန် BDMS ကျန်းမာရေးစောင့်ရှောက်မှုပေးသော နေရာများသို့ လာရောက်ကြသော ကမ္ဘာတဝှမ်းမှ လူနာအရေအတွက်သည်လည်း တိုးပွားလျက်ရှိနေပါသည်။ BDMS ၏ ရည်မှန်းချက်သည် ကမ္ဘာ့အဆင့်အတန်းမီ ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်နေရာတစ်ခုအဖြစ် ဆက်လက် အသိအမှတ်ပြုမှု ရရှိနိုင်ရန်ဖြစ်ပြီး ထိုင်းနိုင်ငံမှသာမက ကမ္ဘာတဝှမ်းရှိ လူနာများကို လူနာဗဟိုပြု အကောင်းဆုံးအရည်အသွေးရှိသည့် ဆေးပညာစောင့်ရှောက်မှုများ၊ ကုသမှုများနှင့် ခေတ်မီနည်းပညာ၊ ဆေးပညာကိရိယာများနှင့်ပူးပေါင်းပြီး ကမ္ဘာ့အဆင့်အတန်းမီ ဆေးပညာဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်ဆိုသည့် လွန်ခဲ့သော ဆယ်စုနှစ် ငါးခုစာ ထားရှိခဲ့သည့် ရည်မှန်းချက်အား ဆက်လက်လုပ်ဆောင်နိုင်ရန်ဖြစ်သည်။

 

 

[1] တည်းခိုနေထိုင်ရေးအတွက် လိုအပ်သော ကုန်ကျစရိတ်များတွင် ဆေးရုံရှိ အတွင်းလူနာဌာနတွင် ကုသမှု၊ ပြင်ပလူနာဌာနတွင် ဓာတုကုထုံးသုံး ကုသမှုနှင့် ဓာတ်ရောင်ခြည်သုံးကုထုံး ကုသနေချိန်တွင် သတ်မှတ်ထားသော ဟိုတယ်၌ ကန့်သတ်ထားသော ရက်အတိုင်း တည်းခိုနေထိုင်မှု နှင့် ဓာတုကုထုံးသုံး ကုသပြီးနောက် ရောဂါအခြေအနေ စမ်းသပ်စစ်ဆေးမှုများအတွက် ကုန်ကျစရိတ်များ ပါဝင်ပါသည်။

[2] Cancer Preparedness in Asia-Pacific, Economist Intelligence Unit

[3] Disparities in access to cancer diagnostics in ASEAN member countries, The Lancet

*BDMS အနေဖြင့် ကင်ဆာရောဂါ အဆင့် ၄ ခံစားနေရသူများအပါအဝင် ဆေးကုသမှုခံယူရန် မသင့်လျော်ဟု ယူဆရသည့် customers များအား ဤအစီအစဉ်တွင် ပါဝင်ခြင်းမပြုရန် ငြင်းဆိုပိုင်ခွင့်ရှိသည်။

အခြားသတင်းဆောင်းပါးများ

ပရူဒန်ရှယ်အာမခံမှ RUFlexiprotect အသက်အာမခံအစီအစဉ်များကို စတင်မိတ်ဆက်
Square

ပရူဒန်ရှယ်အာမခံမှ RUFlexiprotect အသက်အာမခံအစီအစဉ်များကို စတင်မိတ်ဆက်

15-11-2023 | 4
ပရူဒန်ရှယ်အာမခံက အရည်အသွေးမြင့် ရင်သားကင်ဆာရောဂါကုသရေးဝန်ဆောင်မှုပေးနိုင်ရန်အတွက် Bangkok Dusit Medical Services နှင့် လက်တွဲလုပ်ဆောင်ခဲ့
Square

ပရူဒန်ရှယ်အာမခံက အရည်အသွေးမြင့် ရင်သားကင်ဆာရောဂါကုသရေးဝန်ဆောင်မှုပေးနိုင်ရန်အတွက် Bangkok Dusit Medical Services နှင့် လက်တွဲလုပ်ဆောင်ခဲ့

29-06-2023 | 3
ပရူဒန်ရှယ်အာမခံက ငွေကြေးစုဆောင်းပြီး ဘဝရည်မှန်းချက် ပန်းတိုင်များကို ရယူနိုင်ရန် PRUSaver အသက်အာမခံအစီအစဉ်သစ်တစ်ခု စတင်မိတ်ဆက်
Square

ပရူဒန်ရှယ်အာမခံက ငွေကြေးစုဆောင်းပြီး ဘဝရည်မှန်းချက် ပန်းတိုင်များကို ရယူနိုင်ရန် PRUSaver အသက်အာမခံအစီအစဉ်သစ်တစ်ခု စတင်မိတ်ဆက်

13-10-2022 | 4
ပရူဒန်ရှယ်အာမခံမှ မန္တလေးမြို့ရှိ ကျန်းမာကြံ့ခိုင်ရေး စိတ်ပါဝင်စားသူများအား Good Vibe Tribe Festival 2.0 တွင် ပါဝင်ဆင်နွှဲရန် ဖိတ်ကြား
Square

ပရူဒန်ရှယ်အာမခံမှ မန္တလေးမြို့ရှိ ကျန်းမာကြံ့ခိုင်ရေး စိတ်ပါဝင်စားသူများအား Good Vibe Tribe Festival 2.0 တွင် ပါဝင်ဆင်နွှဲရန် ဖိတ်ကြား

05-12-2022 | 4
ပရူဒန်ရှယ်အာမခံက မိသားစု ဖြစ်တည်မှုပုံစံတိုင်းကို ဂုဏ်ပြုသောအနေဖြင့် ဒစ်ဂျစ်တယ် Famvatar ဖန်တီးမှုအတွေ့အကြုံတွင် အားလုံးပါဝင်ကြရန် ဖိတ်ခေါ်
Square

ပရူဒန်ရှယ်အာမခံက မိသားစု ဖြစ်တည်မှုပုံစံတိုင်းကို ဂုဏ်ပြုသောအနေဖြင့် ဒစ်ဂျစ်တယ် Famvatar ဖန်တီးမှုအတွေ့အကြုံတွင် အားလုံးပါဝင်ကြရန် ဖိတ်ခေါ်

04-07-2022 | 4
ပရူဒန်ရှယ်အာမခံသည် Prudence ဖောင်ဒေးရှင်းမှတစ်ဆင့် မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြေငလျင်ဒဏ် အတွက် မြန်မာငွေကျပ် ၁၂၆ သန်း ပံ့ပိုးကူညီ
Square

ပရူဒန်ရှယ်အာမခံသည် Prudence ဖောင်ဒေးရှင်းမှတစ်ဆင့် မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြေငလျင်ဒဏ် အတွက် မြန်မာငွေကျပ် ၁၂၆ သန်း ပံ့ပိုးကူညီ

09-04-2025 | 1